ထိုင်းနိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့အကြား(၄)နှစ်ကြာပြီးနောက် လွတ်လပ်သောကုန်သွယ်မှုဒေသ (Free Trade Area – FTA) ဆွေးနွေးမှုများပြုလုပ်

Mon, 01/16/2023 - 08:29 -- DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်

ထိုင်းနိုင်ငံသည် သီရိလင်္ကာနိုင်ငံနှင့် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာအား ကောင်းလာစေရန် လွတ်လပ်သောကုန်သွယ်မှုဒေသ ဒုတိယအကြိမ် စေ့စပ်ညှိနှိုင်းမှုများကို စတင်သွားမည် ဖြစ်ကြောင်း ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၉) ရက်နေ့တွင် ပြောကြား ခဲ့သည်။ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့တွင် နှစ်ရက်ကြာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Auramo Supthaweethum က ပြောကြား ခဲ့သည်။

ယခု ဒုတိယအကြိမ်ဆွေးနွေးညှိနှိုင်းမှုသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရပ်ဆိုင်းထားခဲ့သည့် ၂၀၁၈ ခုနှစ် ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိမှုကို ပြုလုပ်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကိစ္စရပ်များ၊ အကောက်ခွန်ဆိုင်ရာကိစ္စရပ် များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ဝန်ဆောင်မှုနှင့် ပင်ရင်းထုတ်ကုန်များအပေါ် စည်းမျဉ်းချမှတ်ခြင်း များ အစရှိသည့် နှစ်နိုင်ငံကုန်သွယ်မှုအပေါ် စည်းမျဉ်းစည်းကမ်းများကို အဓိက ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ အဆိုပါ ဆွေးနွေးမှုများကို နောက်(၁)နှစ်၊ (၂)နှစ်အတွင်း အပြီးသတ်ရန် မျှော်လင့်ကြောင်း Ms Auramo က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှနိုဝင်ဘာလအတွင်း ထိုင်း-သီရိလင်္ကာ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ (၃၃၄.၃၁) မီလီယံ ရရှိခဲ့သည်။

ထိုင်းနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ တင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ(၂၅၃) မီလီယံ ရှိခဲ့ပြီး ရော်ဘာ၊ အဝတ်အထည်၊ ကျောက်မျက်ရတနာနှင့် စက်ပစ္စည်း အစိတ်အပိုင်းများကို တင်ပို့ခဲ့သည်။

သီရိလင်္ကာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်သွင်းမှုအနေဖြင့် အမေရိကန်ဒေါ်လာ(၈၁.၃၁) မီလီယံ ရှိခဲ့ပြီး ကျောက်မျက်ရတနာ၊ စိန်၊ စက်ပစ္စည်းအစိတ်အပိုင်းများ၊ အဝတ်အထည်နှင့်ဓာတုပစ္စည်းများ တင်သွင်းခဲ့ ကြောင်း Bangkok Post တွင် ဖော်ပြချက်အရ သိရှိရသည်။

ရင်းမြစ်။ Bangkok Post