စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသံအမတ်ကြီး H.E. Dr. Md. Monwar Hossain နှင့် Japan Myanmar Association ၏ Vice Chairman ဖြစ်သူ Mr. Watanabe Yusuke တို့အားလက်ခံတွေ့ဆုံ

Mon, 11/13/2023 - 03:29 -- mocadmin

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင်  မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

   တွေ့ဆုံစဉ် နယ်စပ်ဂိတ်များမှ တစ်ဆင့် ကုန်သွယ်မှုများ အဆင်ပြေချောမွေ့စေရေးနှင့် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်သာမက အခြားထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

   ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် နံနက် (၁၁:၀၀) နာရီအချိန်တွင် Japan Myanmar Association ၏  Vice Chairman ဖြစ်သူ  Mr. Watanabe Yusuke ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

   တွေ့ဆုံစဉ် သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ် များအား ဆွေးနွေးခဲ့ကြသည်။

   အဆိုပါ တွေ့ဆုံပွဲများသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ သည်။

နောက်ဆုံးရသတင်းများ

Pages