ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သောသတင်းလွှာ

အမိန့်ကြော်ငြာစာအမှတ် (၆၈/၂၀၂၀) ၊ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၈/၂၀၂၁) ဖြင့် ထုတ်ပြန်ထားသည့် သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်များအပြင် စားသောက်ကုန်အချို့၊ ပလတ်စတစ်အခြေခံ တစ်ဝက်တစ်ပျက် ကုန်ချောပစ္စည်းနှင့် အိမ်သုံးပစ္စည်းအချို့၊ သစ်သားပျော့ဖတ်၊ ပိုးချည်၊ ဝါချည်၊ ကော်ဇောကဲ့သို့သော ကြမ်းခင်းများ၊ ချည်ထည်ပစ္စည်း၊ ဖန်ထည်ပစ္စည်းအမျိုးမျိုး၊ စက်ဘီးနှင့် မော်တော်ယာဉ်အပိုပစ္စည်းများပါဝင်သည့် ပူးတွဲပါ 2017 Customs Tariff of Myanmar အရ HS. Code 6 digit ဖြင့် ကုန်စည် (၄၅၁)လိုင်း သို့မဟုတ် HS. Code 10 digit ဖြင့် ကုန်စည်(၈၂၆)လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စတင်၍ သတ်မှတ်သည့် သတင်းလွှာ

ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁/၂၀၂၂)

 

နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့်နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား လက်လီ/လက်ကားရောင်းချခွင့်ပြုသည့် ဦးစားပေး ကုန်ပစ္စည်းအုပ်စုစာရင်းအား ဖြည့်စွက်ထုတ်ပြန်သည့် သတင်းလွှာ

 

ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၉/၂၀၂၁)

ပြည်ပမှ တင်သွင်းသည့်ကုန်စည်အချို့ကို သွင်းကုန်လိုင်စင်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ပူးတွဲပါ 2017 Customs Tariff of Myanmar အရ HS.Code 6 digit ဖြင့် ကုန်စည်(၁၄၂၈)လိုင်း သို့မဟုတ် HS. Code 10 digit ဖြင့်ကုန်စည်(၃၀၇၀)လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ်၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ သတ်မှတ်သည့် သတင်းလွှာ

ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၈/၂၀၂၁)

ဆေးဝါးကုန်ကြမ်းအဖြစ် အသုံးပြုနေရသည့် ကုန်စည်လိုင်း (၉၂)လိုင်းအား သွင်းကုန်လိုင်စင်လျှောက်ထားရယူရန် မလိုအပ်ဘဲ (၃)လ ယာယီဖြေလျှော့၍ တင်သွင်းခွင့်ပြုကြောင်း အသိပေးထုတ်ပြန်သည့် သတင်းလွှာ

 

ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ ၁၇ /၂၀၂၁

ခွင့်ပြုထုတ်ပေးထားပြီးဖြစ်သည့် တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ITC) ကတ်များ၏ သက်တမ်းတိုးလျှောက်ထားမှုများအား (၁-၉-၂၀၂၁) ရက်နေ့မှစ၍ ခွင့်မပြုတော့ကြောင်း အသိပေးထုတ်ပြန်ကြေညာခြင်း

သတင်းလွှာ (၁၂/၂၀၂၁) ဖြင့် ထုတ်ပြန်ခဲ့သည့်  သွင်းကုန်လိုင်စင်လျှောက်ထားရယူရန်မလိုဘဲ ယာယီဖြေလျှော့ခွင့်ပြုခဲ့သည့် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများနှင့်စပ်လျဉ်း၍တင်သွင်းရာတွင် လုပ်ငန်းရှင်များ လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် 2017 Customs Tariff of Myanmar အရ HS Code လိုင်းများဖြင့် ထုတ်ပြန်သည့်သတင်းလွှာ

ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၃/၂၀၂၁)

Pages