မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(ယာယီ) စာရင်း များအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၄-၁၂-၂၀၂၀ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၉၅၁၀၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၅၈.၂၄၁)သန်း၊ နယ်စပ်မှ (၅၄၁၄၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၈.၇၈၃)သန်း၊ စုစုပေါင်း (၂၄၉၂၄၅) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၁၇.၀၂၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၄-၁၂-၂၀၂၀ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| တန်ဖိုး-ကန်ဒေါ်လာသန်းပေါင်း | |||||
| စဉ် | အကြောင်းအရာ | ရေ တွက် ပုံ |
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် | ||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | |||
| ၁ | မတ်ပဲ | US$ | ၇၅.၂၄၇ | ၀.၃၂၀ | ၇၅.၅၆၇ |
| ကီလို | ၈၂၇၄၃.၅၄၈ | ၃၇၂.၂၅၀ | ၈၃၁၁၅.၇၉၈ | ||
| ၂ | ပဲတီစိမ်း | US$ | ၁၉.၅၉၅ | ၆.၆၇၀ | ၂၆.၂၆၅ |
| ကီလို | ၁၉၅၄၆.၉၈၈ | ၉၄၄၅.၇၉၀ | ၂၈၉၉၂.၇၇၈ | ||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၄၁၃ | ၀.၄၁၃ | |
| ကီလို | ၂၉၅.၀၀၀ | ၂၉၅.၀၀၀ | |||
| ၄ | ပဲစဉ်းငုံ | US$ | ၅၇.၉၁၅ | ၀.၀၃၀ | ၅၇.၉၄၅ |
| ကီလို | ၈၃၇၁၈.၇၀၈ | ၃၉.၅၀၀ | ၈၃၇၅၈.၂၀၈ | ||
| ၅ | ကုလားပဲ | US$ | ၀.၉၉၇ | ၀.၉၉၇ | |
| ကီလို | ၁၅၄၉.၃၅၈ | ၁၅၄၉.၃၅၈ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၀.၂၇၅ | ၀.၁၉၁ | ၀.၄၆၆ |
| ကီလို | ၃၅၅.၂၈၈ | ၄၁၄.၉၅၀ | ၇၇၀.၂၃၈ | ||
| ၇ | မြေထောက်ပဲ | US$ | ၀.၆၆၅ | ၁.၄၄၄ | ၂.၁၀၉ |
| ကီလို | ၈၂၄.၇၀၈ | ၁၇၉၄.၇၀၀ | ၂၆၁၉.၄၀၈ | ||
| ၈ | ထောပတ်ပဲ | US$ | ၁.၂၈၂ | ၀.၉၆၃ | ၂.၂၄၅ |
| ကီလို | ၂၄၉၈.၄၉၆ | ၁၆၀၆.၀၀၀ | ၄၁၀၄.၄၉၆ | ||
| ၉ | ပဲယင်း | US$ | ၁.၂၆၀ | ၁.၁၆၆ | ၂.၄၂၆ |
| ကီလို | ၂၄၃၇.၇၇၆ | ၂၃၃၀.၀၀၀ | ၄၇၆၇.၇၇၆ | ||
| ၁၀ | ပဲကြီး | US$ | ၀.၀၂၅ | ၀.၂၈၆ | ၀.၃၁၁ |
| ကီလို | ၃၆.၂၇၀ | ၄၇၂.၇၅၀ | ၅၀၉.၀၂၀ | ||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၁၄၉ | ၀.၁၄၉ | |
| ကီလို | ၂၃၃.၀၀၀ | ၂၃၃.၀၀၀ | |||
| ၁၂ | စွန်တာပြာ | US$ | ၀.၁၅၆ | ၀.၁၅၆ | |
| ကီလို | ၂၇၉.၀၀၀ | ၂၇၉.၀၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၆၅၆ | ၀.၆၅၆ | |
| ကီလို | ၁၀၀၈.၂၅၀ | ၁၀၀၈.၂၅၀ | |||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၂၅ | ၀.၀၂၅ | |
| ကီလို | ၄၄.၉၂၅ | ၄၄.၉၂၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၀.၁၅၆ | ၀.၁၅၆ | |
| ကီလို | ၃၁၁.၇၈၈ | ၃၁၁.၇၈၈ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၅၄ | ၀.၀၅၄ | |
| ကီလို | ၈၄.၅၀၀ | ၈၄.၅၀၀ | |||
| ၁၇ | ပဲနီကြား | US$ | ၀.၂၃၈ | ၀.၂၃၈ | |
| ကီလို | ၅၀၈.၂၅၀ | ၅၀၈.၂၅၀ | |||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၀၄ | ၀.၀၀၄ | |
| ကီလို | ၅.၀၀၀ | ၅.၀၀၀ | |||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၃၂၅ | ၀.၃၂၅ | |
| ကီလို | ၃၆၁.၅၀၀ | ၃၆၁.၅၀၀ | |||
| ၂၀ | မြေပဲဆံ | US$ | ၀.၄၆၈ | ၄၅.၉၀၀ | ၄၆.၃၆၈ |
| ကီလို | ၄၇၆.၈၁၀ | ၃၅၁၄၈.၃၅၂ | ၃၅၆၂၅.၁၆၂ | ||
| ၂၁ | အခြားပဲ | US$ | ၀.၀၂၆ | ၀.၁၂၃ | ၀.၁၄၉ |
| ကီလို | ၄၇.၈၂၀ | ၂၅၃.၇၅၀ | ၃၀၁.၅၇၀ | ||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၅၈.၂၄၁ | ၅၈.၇၈၃ | ၂၁၇.၀၂၄ | |
| ကီလို | ၁၉၅၁၀၄.၄၈၃ | ၅၄၁၄၀.၅၄၂ | ၂၄၉၂၄၅.၀၂၅ | ||
Sources : Customs
