မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၂၃-၇-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၉၅၈၈၂၂.၆၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၄၃.၈၅၅)သန်း၊ နယ်စပ်မှ (၇၇၅၁၇၀.၅၈၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၉၅.၆၈၁)သန်း၊ စုစုပေါင်း (၁၇၃၃၉၉၃.၂၆၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၃၃၉.၅၃၆)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၃-၇-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
တွက် ပုံ |
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၃-၇-၂၀၂၁) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၃၈၂.၆၀၉ | ၇.၉၂၉ | ၃၉၀.၅၃၈ | |
| ကီလို | ၄၉၉၇၅၆.၅၅၁ | ၉၂၅၈.၃၂၀ | ၅၀၉၀၁၄.၈၇၁ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၉၀.၇၈၈ | ၂၈၇.၂၀၄ | ၄၇၇.၉၉၂ | |
| ကီလို | ၂၀၄၆၈၆.၂၇၄ | ၄၀၈၇၉၂.၅၅၉ | ၆၁၃၄၇၈.၈၃၃ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၃.၅၂၇ | ၃.၅၂၇ | ||
| ကီလို | ၂၆၅၀.၅၀၀ | ၂၆၅၀.၅၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၁၁၁.၁၈၈ | ၀.၆၅၄ | ၁၁၁.၈၄၂ | |
| ကီလို | ၁၆၆၈၇၉.၈၄၉ | ၁၁၁၂.၇၅၀ | ၁၆၇၉၉၂.၅၉၉ | |||
| ၅ | ကုလားပဲ | US$ | ၁၂.၉၅၇ | ၁.၉၂၀ | ၁၄.၈၇၇ | |
| ကီလို | ၂၂၀၂၀.၆၉၆ | ၃၁၆၉.၅၅၀ | ၂၅၁၉၀.၂၄၆ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၈.၅၈၁ | ၁၇.၄၃၈ | ၂၆.၀၁၉ | |
| ကီလို | ၉၂၁၄.၉၆၀ | ၃၈၁၉၀.၇၅၄ | ၄၇၄၀၅.၇၁၄ | |||
| ၇ | မြေထောက်ပဲ | US$ | ၁၁.၀၉၃ | ၂၅.၄၇၄ | ၃၆.၅၆၇ | |
| ကီလို | ၁၃၉၅၅.၁၂၃ | ၃၇၆၆၁.၁၇၀ | ၅၁၆၁၆.၂၉၃ | |||
| ၈ | ထောပတ်ပဲ | US$ | ၉.၀၅၀ | ၁၅.၃၅၄ | ၂၄.၄၀၄ | |
| ကီလို | ၁၆၈၅၂.၅၅၃ | ၂၅၉၀၂.၆၇၀ | ၄၂၇၅၅.၂၂၃ | |||
| ၉ | ပဲယင်း | US$ | ၉.၀၆၃ | ၂၀.၈၅၀ | ၂၉.၉၁၃ | |
| ကီလို | ၁၃၈၁၄.၀၈၀ | ၄၂၃၃၅.၃၄၀ | ၅၆၁၄၉.၄၂၀ | |||
| ၁၀ | ပဲကြီး | US$ | ၀.၁၇၈ | ၁၁.၂၃၄ | ၁၁.၄၁၂ | |
| ကီလို | ၂၄၉.၉၁၅ | ၁၈၇၈၁.၆၅၀ | ၁၉၀၃၁.၅၆၅ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၇၆၆ | ၀.၇၆၆ | ||
| ကီလို | ၁၃၃၈.၈၉၃ | ၁၃၃၈.၈၉၃ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၅၂၆ | ၀.၀၀၀ | ၀.၅၂၆ | |
| ကီလို | ၉၀၅.၁၃၀ | ၀.၀၀၀ | ၉၀၅.၁၃၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁၀.၁၁၄ | ၁၀.၁၁၄ | ||
| ကီလို | ၁၅၅၅၈.၂၈၅ | ၁၅၅၅၈.၂၈၅ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၂၇ | ၀.၀၀၀ | ၀.၀၂၇ | |
| ကီလို | ၄၈.၉၂၅ | ၀.၀၀၀ | ၄၈.၉၂၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၃.၇၃၈ | ၀.၁၇၈ | ၃.၉၁၆ | |
| ကီလို | ၄၄၃၅.၈၇၄ | ၂၈၈.၀၅၀ | ၄၇၂၃.၉၂၄ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၂.၂၈၈ | ၁.၀၅၃ | ၃.၃၄၁ | |
| ကီလို | ၃၆၁၆.၂၉၀ | ၂၀၉၉.၃၂၃ | ၅၇၁၅.၆၁၃ | |||
| ၁၇ | ပဲနီကြား | US$ | ၄.၄၉၄ | ၄.၄၉၄ | ||
| ကီလို | ၉၈၉၈.၀၀၀ | ၉၈၉၈.၀၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၂.၃၉၄ | ၂.၃၉၄ | ||
| ကီလို | ၃၃၁၂.၅၇၅ | ၃၃၁၂.၅၇၅ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၇.၅၈၂ | ၇.၅၈၂ | ||
| ကီလို | ၉၉၅၆.၁၆၅ | ၉၉၅၆.၁၆၅ | ||||
| ၂၀ | မြေပဲဆံ | US$ | ၀.၇၃၇ | ၁၇၈.၀၆၀ | ၁၇၈.၇၉၇ | |
| ကီလို | ၇၃၉.၁၃၄ | ၁၄၅၇၆၉.၁၇၃ | ၁၄၆၅၀၈.၃၀၇ | |||
| ၂၁ | အခြားပဲ | US$ | ၀.၂၆၆ | ၀.၂၂၂ | ၀.၄၈၈ | |
| ကီလို | ၃၀၈.၄၃၀ | ၄၃၃.၇၅၀ | ၇၄၂.၁၈၀ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၇၄၃.၈၅၅ | ၅၉၅.၆၈၁ | ၁၃၃၉.၅၃၆ | ||
| ကီလို | ၉၅၈၈၂၂.၆၇၇ | ၇၇၅၁၇၀.၅၈၄ | ၁၇၃၃၉၉၃.၂၆၁ | |||
Sources : Customs
