မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၁၈-၆-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၇၈၇၈၅၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၂၃.၈၀၇)သန်း၊ နယ်စပ်မှ (၇၁၀၆၇၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၅၄.၀၁၀)သန်း၊ စုစုပေါင်း (၁၄၉၈၅၃၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၇၇.၈၁၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁၈-၆-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
တွက် ပုံ |
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁၈-၆-၂၀၂၁) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၃၂၉.၀၃၁ | ၆.၆၄၆ | ၃၃၅.၆၇၇ | |
| ကီလို | ၄၂၃၃၇၉.၅၀၀ | ၇၈၈၄.၉၂၀ | ၄၃၁၂၆၄.၄၂၀ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၆၅.၉၈၈ | ၂၅၇.၈၀၄ | ၄၂၃.၇၉၂ | |
| ကီလို | ၁၇၃၇၆၈.၈၄၃ | ၃၆၂၇၅၉.၈၅၃ | ၅၃၆၅၂၈.၆၉၆ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၃.၃၇၉ | ၃.၃၇၉ | ||
| ကီလို | ၂၄၉၄.၅၀၀ | ၂၄၉၄.၅၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၈၁.၀၁၅ | ၀.၆၅၄ | ၈၁.၆၆၉ | |
| ကီလို | ၁၂၀၅၁၁.၄၄၁ | ၁၁၁၂.၇၅၀ | ၁၂၁၆၂၄.၁၉၁ | |||
| ၅ | ကုလားပဲ | US$ | ၁၁.၁၂၆ | ၁.၉၀၅ | ၁၃.၀၃၁ | |
| ကီလို | ၁၉၁၅၂.၅၀၆ | ၃၁၄၉.၅၅၀ | ၂၂၃၀၂.၀၅၆ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၇.၁၁၂ | ၁၆.၈၉၆ | ၂၄.၀၀၈ | |
| ကီလို | ၇၅၅၁.၅၆၂ | ၃၆၈၄၈.၈၇၂ | ၄၄၄၀၀.၄၃၄ | |||
| ၇ | မြေထောက်ပဲ | US$ | ၈.၆၃၉ | ၂၅.၃၅၂ | ၃၃.၉၉၁ | |
| ကီလို | ၁၀၈၆၄.၇၉၇ | ၃၇၄၆၇.၆၇၀ | ၄၈၃၃၂.၄၆၇ | |||
| ၈ | ထောပတ်ပဲ | US$ | ၇.၂၁၂ | ၁၃.၇၅၄ | ၂၀.၉၆၆ | |
| ကီလို | ၁၃၂၉၄.၇၂၃ | ၂၂၉၉၆.၀၇၀ | ၃၆၂၉၀.၇၉၃ | |||
| ၉ | ပဲယင်း | US$ | ၇.၁၈၅ | ၁၉.၁၀၈ | ၂၆.၂၉၃ | |
| ကီလို | ၁၀၉၆၂.၁၈၂ | ၃၈၄၇၃.၆၉၀ | ၄၉၄၃၅.၈၇၂ | |||
| ၁၀ | ပဲကြီး | US$ | ၀.၁၃၆ | ၁၀.၈၈၄ | ၁၁.၀၂၀ | |
| ကီလို | ၁၉၁.၁၀၅ | ၁၈၁၄၆.၆၀၀ | ၁၈၃၃၇.၇၀၅ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၆၉၇ | ၀.၆၉၇ | ||
| ကီလို | ၁၂၁၇.၁၅၃ | ၁၂၁၇.၁၅၃ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၃၆၉ | ၀.၃၆၉ | ||
| ကီလို | ၆၄၉.၄၁၀ | ၆၄၉.၄၁၀ | ||||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၉.၀၂၂ | ၉.၀၂၂ | ||
| ကီလို | ၁၃၈၈၀.၅၃၅ | ၁၃၈၈၀.၅၃၅ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၂၇ | ၀.၀၂၇ | ||
| ကီလို | ၄၈.၉၂၅ | ၄၈.၉၂၅ | ||||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၃.၄၉၉ | ၀.၁၇၈ | ၃.၆၇၇ | |
| ကီလို | ၄၀၂၉.၇၈၄ | ၂၈၈.၀၅၀ | ၄၃၁၇.၈၃၄ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၈၁၁ | ၁.၀၅၃ | ၁.၈၆၄ | |
| ကီလို | ၁၂၄၂.၅၄၀ | ၂၀၉၉.၃၂၃ | ၃၃၄၁.၈၆၃ | |||
| ၁၇ | ပဲနီကြား | US$ | ၃.၉၄၈ | ၃.၉၄၈ | ||
| ကီလို | ၈၅၂၉.၈၅၀ | ၈၅၂၉.၈၅၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၂.၂၉၇ | ၂.၂၉၇ | ||
| ကီလို | ၃၁၈၈.၄၇၅ | ၃၁၈၈.၄၇၅ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၇.၅၅၁ | ၇.၅၅၁ | ||
| ကီလို | ၉၉၁၅.၈၆၅ | ၉၉၁၅.၈၆၅ | ||||
| ၂၀ | မြေပဲဆံ | US$ | ၀.၇၁၄ | ၁၇၃.၃၅၇ | ၁၇၄.၀၇၁ | |
| ကီလို | ၇၁၃.၈၀၄ | ၁၄၁၀၀၃.၂၇၁ | ၁၄၁၇၁၇.၀၇၅ | |||
| ၂၁ | အခြားပဲ | US$ | ၀.၂၄၆ | ၀.၂၂၂ | ၀.၄၆၈ | |
| ကီလို | ၂၇၉.၀၃၉ | ၄၃၃.၇၅၀ | ၇၁၂.၇၈၉ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၆၂၃.၈၀၇ | ၅၅၄.၀၁၀ | ၁၁၇၇.၈၁၇ | ||
| ကီလို | ၇၈၇၈၅၇.၃၁၄ | ၇၁၀၆၇၃.၅၉၄ | ၁၄၉၈၅၃၀.၉၀၈ | |||
| Source: Customs | ||||||
