မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၃၀-၇-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၉၈၂၂၇၆.၁၈၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၆၀.၇၀၂)သန်း၊ နယ်စပ်မှ (၇၇၇၆၃၁.၂၂၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၉၇.၂၈၂)သန်း၊ စုစုပေါင်း (၁၇၅၉၉၀၇.၄၁၃) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၃၅၇.၉၈၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၃၀-၇-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
တွက် ပုံ |
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၃၀-၇-၂၀၂၁) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၃၉၂.၈၀၇ | ၈.၁၆၈ | ၄၀၀.၉၇၅ | |
| ကီလို | ၅၁၃၅၆၃.၀၂၇ | ၉၅၁၄.၂၄၀ | ၅၂၃၀၇၇.၂၆၇ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၉၃.၅၄၇ | ၂၈၈.၁၉၂ | ၄၈၁.၇၃၉ | |
| ကီလို | ၂၀၈၃၆၆.၃၉၅ | ၄၁၀၃၉၇.၅၅၉ | ၆၁၈၇၆၃.၉၅၄ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၃.၅၂၇ | ၃.၅၂၇ | ||
| ကီလို | ၂၆၅၀.၅၀၀ | ၂၆၅၀.၅၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၁၁၄.၂၇၃ | ၀.၆၅၄ | ၁၁၄.၉၂၇ | |
| ကီလို | ၁၇၁၅၉၅.၈၄၉ | ၁၁၁၂.၇၅၀ | ၁၇၂၇၀၈.၅၉၉ | |||
| ၅ | ကုလားပဲ | US$ | ၁၃.၀၈၂ | ၁.၉၂၀ | ၁၅.၀၀၂ | |
| ကီလို | ၂၂၂၈၄.၆၉၆ | ၃၁၆၉.၅၅၀ | ၂၅၄၅၄.၂၄၆ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၈.၆၉၅ | ၁၇.၄၃၈ | ၂၆.၁၃၃ | |
| ကီလို | ၉၃၁၉.၄၅၆ | ၃၈၁၉၀.၇၅၄ | ၄၇၅၁၀.၂၁၀ | |||
| ၇ | မြေထောက်ပဲ | US$ | ၁၁.၂၀၇ | ၂၅.၄၇၄ | ၃၆.၆၈၁ | |
| ကီလို | ၁၄၀၇၅.၁၂၃ | ၃၇၆၆၁.၁၇၀ | ၅၁၇၃၆.၂၉၃ | |||
| ၈ | ထောပတ်ပဲ | US$ | ၉.၁၃၁ | ၁၅.၃၅၄ | ၂၄.၄၈၅ | |
| ကီလို | ၁၇၀၁၂.၆၂၃ | ၂၅၉၀၂.၆၇၀ | ၄၂၉၁၅.၂၉၃ | |||
| ၉ | ပဲယင်း | US$ | ၉.၁၁၄ | ၂၀.၉၉၁ | ၃၀.၁၀၅ | |
| ကီလို | ၁၃၉၃၅.၀၅၀ | ၄၂၆၄၈.၈၄၀ | ၅၆၅၈၃.၈၉၀ | |||
| ၁၀ | ပဲကြီး | US$ | ၀.၁၇၈ | ၁၁.၂၅၉ | ၁၁.၄၃၇ | |
| ကီလို | ၂၄၉.၉၁၅ | ၁၈၈၂၅.၆၅၀ | ၁၉၀၇၅.၅၆၅ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၇၆၆ | ၀.၇၆၆ | ||
| ကီလို | ၁၃၃၈.၈၉၃ | ၁၃၃၈.၈၉၃ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၅၃၉ | ၀.၀၀၀ | ၀.၅၃၉ | |
| ကီလို | ၉၂၆.၁၃၀ | ၀.၀၀၀ | ၉၂၆.၁၃၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁၀.၁၁၄ | ၁၀.၁၁၄ | ||
| ကီလို | ၁၅၅၅၈.၂၈၅ | ၁၅၅၅၈.၂၈၅ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၂၇ | ၀.၀၀၀ | ၀.၀၂၇ | |
| ကီလို | ၄၈.၉၂၅ | ၀.၀၀၀ | ၄၈.၉၂၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၃.၇၃၉ | ၀.၁၇၈ | ၃.၉၁၇ | |
| ကီလို | ၄၄၃၅.၈၇၄ | ၂၈၈.၀၅၀ | ၄၇၂၃.၉၂၄ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၂.၅၉၄ | ၁.၀၅၃ | ၃.၆၄၇ | |
| ကီလို | ၄၀၇၆.၂၉၀ | ၂၀၉၉.၃၂၃ | ၆၁၇၅.၆၁၃ | |||
| ၁၇ | ပဲနီကြား | US$ | ၄.၅၂၁ | ၄.၅၂၁ | ||
| ကီလို | ၉၉၆၆.၅၀၀ | ၉၉၆၆.၅၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၂.၄၂၂ | ၂.၄၂၂ | ||
| ကီလို | ၃၃၄၅.၈၂၅ | ၃၃၄၅.၈၂၅ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၇.၅၉၃ | ၇.၅၉၃ | ||
| ကီလို | ၉၉၇၂.၉၆၅ | ၉၉၇၂.၉၆၅ | ||||
| ၂၀ | မြေပဲဆံ | US$ | ၀.၇၃၇ | ၁၇၈.၂၀၂ | ၁၇၈.၉၃၉ | |
| ကီလို | ၇၃၉.၁၃၄ | ၁၄၅၈၉၂.၈၄၈ | ၁၄၆၆၃၁.၉၈၂ | |||
| ၂၁ | အခြားပဲ | US$ | ၀.၂၆၆ | ၀.၂၂၂ | ၀.၄၈၈ | |
| ကီလို | ၃၀၈.၈၀၄ | ၄၃၃.၇၅၀ | ၇၄၂.၅၅၄ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၇၆၀.၇၀၂ | ၅၉၇.၂၈၂ | ၁၃၅၇.၉၈၄ | ||
| ကီလို | ၉၈၂၂၇၆.၁၈၄ | ၇၇၇၆၃၁.၂၂၉ | ၁၇၅၉၉၀၇.၄၁၃ | |||
Sources : Customs
