မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၉-၇-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၈၉၈၆၁၆.၁၀၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၀၁.၃၃၆)သန်း၊ နယ်စပ်မှ (၇၆၈၅၃၉.၂၀၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၉၁.၅၁၅)သန်း၊ စုစုပေါင်း (၁၁၆၇၁၅၅.၃၁၄) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၉၂.၈၅၁)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၉-၇-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
တွက် ပုံ |
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၉-၇-၂၀၂၁) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၃၅၇.၃၉၈ | ၇.၆၂၈ | ၃၆၅.၀၂၆ | |
| ကီလို | ၄၆၄၀၅၄.၆၉၁ | ၈၉၄၀.၃၂၀ | ၄၇၂၉၉၅.၀၁၁ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၈၂.၅၄၂ | ၂၈၃.၉၉၇ | ၄၆၆.၅၃၉ | |
| ကီလို | ၁၉၄၀၃၈.၅၅၉ | ၄၀၃၄၄၅.၉၀၇ | ၅၉၇၄၈၄.၄၆၆ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၃.၅၂၇ | ၃.၅၂၇ | ||
| ကီလို | ၂၆၅၀.၅၀၀ | ၂၆၅၀.၅၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၁၀၄.၄၆၂ | ၀.၆၅၄ | ၁၀၅.၁၁၆ | |
| ကီလို | ၁၅၆၄၄၇.၅၉၉ | ၁၁၁၂.၇၅၀ | ၁၅၇၅၆၀.၃၄၉ | |||
| ၅ | ကုလားပဲ | US$ | ၁၂.၅၈၇ | ၁.၉၁၅ | ၁၄.၅၀၂ | |
| ကီလို | ၂၁၄၃၆.၀၆၆ | ၃၁၆၂.၅၅၀ | ၂၄၅၉၈.၆၁၆ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၈.၂၆၈ | ၁၇.၄၁၇ | ၂၅.၆၈၅ | |
| ကီလို | ၈၈၄၇.၃၅၇ | ၃၈၁၄၂.၅၅၄ | ၄၆၉၈၉.၉၁၁ | |||
| ၇ | မြေထောက်ပဲ | US$ | ၁၀.၃၁၀ | ၂၅.၄၆၇ | ၃၅.၇၇၇ | |
| ကီလို | ၁၂၉၄၅.၀၄၁ | ၃၇၆၅၀.၁၇၀ | ၅၀၅၉၅.၂၁၁ | |||
| ၈ | ထောပတ်ပဲ | US$ | ၈.၅၇၆ | ၁၅.၃၃၀ | ၂၃.၉၀၆ | |
| ကီလို | ၁၅၉၆၁.၁၈၃ | ၂၅၈၅၈.၆၇၀ | ၄၁၈၁၉.၈၅၃ | |||
| ၉ | ပဲယင်း | US$ | ၈.၈၀၄ | ၂၀.၇၁၁ | ၂၉.၅၁၅ | |
| ကီလို | ၁၃၄၄၇.၀၉၀ | ၄၂၀၂၆.၁၉၀ | ၅၅၄၇၃.၂၈၀ | |||
| ၁၀ | ပဲကြီး | US$ | ၀.၁၇၇ | ၁၁.၂၀၈ | ၁၁.၃၈၅ | |
| ကီလို | ၂၄၆.၉၁၅ | ၁၈၇၃၄.၁၅၀ | ၁၈၉၈၁.၀၆၅ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၇၆၆ | ၀.၇၆၆ | ||
| ကီလို | ၁၃၃၈.၈၉၃ | ၁၃၃၈.၈၉၃ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၅၂၂ | ၀.၀၀၀ | ၀.၅၂၂ | |
| ကီလို | ၈၉၇.၃၉၀ | ၀.၀၀၀ | ၈၉၇.၃၉၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁၀.၀၈၂ | ၁၀.၀၈၂ | ||
| ကီလို | ၁၅၅၀၉.၇၈၅ | ၁၅၅၀၉.၇၈၅ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၂၇ | ၀.၀၀၀ | ၀.၀၂၇ | |
| ကီလို | ၄၈.၉၂၅ | ၀.၀၀၀ | ၄၈.၉၂၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၃.၇၂၅ | ၀.၁၇၈ | ၃.၉၀၃ | |
| ကီလို | ၄၄၁၄.၈၇၄ | ၂၈၈.၀၅၀ | ၄၇၀၂.၉၂၄ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၂.၁၉၈ | ၁.၀၅၃ | ၃.၂၅၁ | |
| ကီလို | ၃၄၇၇.၅၄၀ | ၂၀၉၉.၃၂၃ | ၅၅၇၆.၈၆၃ | |||
| ၁၇ | ပဲနီကြား | US$ | ၄.၄၈၇ | ၄.၄၈၇ | ||
| ကီလို | ၉၈၈၁.၅၀၀ | ၉၈၈၁.၅၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၂.၃၉၄ | ၂.၃၉၄ | ||
| ကီလို | ၃၃၁၂.၅၇၅ | ၃၃၁၂.၅၇၅ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၇.၅၆၈ | ၇.၅၆၈ | ||
| ကီလို | ၉၉၃၆.၃၆၅ | ၉၉၃၆.၃၆၅ | ||||
| ၂၀ | မြေပဲဆံ | US$ | ၀.၇၁၄ | ၁၇၇.၆၇၇ | ၁၇၈.၃၉၁ | |
| ကီလို | ၇၁၃.၈၀၄ | ၁၄၅၃၅၄.၀၉၈ | ၁၄၆၀၆၇.၉၀၂ | |||
| ၂၁ | အခြားပဲ | US$ | ၀.၂၆၀ | ၀.၂၂၂ | ၀.၄၈၂ | |
| ကီလို | ၃၀၀.၁၈၀ | ၄၃၃.၇၅၀ | ၇၃၃.၉၃၀ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၇၀၁.၃၃၆ | ၅၉၁.၅၁၅ | ၁၂၉၂.၈၅၁ | ||
| ကီလို | ၈၉၈၆၁၆.၁၀၇ | ၇၆၈၅၃၉.၂၀၇ | ၁၆၆၇၁၅၅.၃၁၄ | |||
Sources : Customs
