မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၂၅-၆-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၈၃၁၇၇၅.၈၈၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၅၃.၆၇၇)သန်း၊ နယ်စပ်မှ (၇၃၄၄၅၁.၉၈၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၆၉.၅၃၇)သန်း၊ စုစုပေါင်း (၁၅၆၆၂၂၇.၈၇၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၂၃.၂၁၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၅-၆-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
တွက် ပုံ |
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၅-၆-၂၀၂၁) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၃၄၁.၉၄၂ | ၆.၇၆၄ | ၃၄၈.၇၀၆ | |
| ကီလို | ၄၄၂၄၄၄.၉၇၆ | ၈၀၁၁.၈၂၀ | ၄၅၀၄၅၆.၇၉၆ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၆၉.၂၄၀ | ၂၆၉.၇၅၆ | ၄၃၈.၉၉၆ | |
| ကီလို | ၁၇၇၅၃၄.၅၄၇ | ၃၈၁၂၉၆.၉၆၅ | ၅၅၈၈၃၁.၅၁၂ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၃.၄၆၈ | ၃.၄၆၈ | ||
| ကီလို | ၂၅၈၈.၅၀၀ | ၂၅၈၈.၅၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၉၀.၈၈၆ | ၀.၆၅၄ | ၉၁.၅၄၀ | |
| ကီလို | ၁၃၅၅၂၀.၁၀၉ | ၁၁၁၂.၇၅၀ | ၁၃၆၆၃၂.၈၅၉ | |||
| ၅ | ကုလားပဲ | US$ | ၁၂.၀၀၂ | ၁.၉၀၇ | ၁၃.၉၀၉ | |
| ကီလို | ၂၀၅၂၃.၀၅၆ | ၃၁၅၂.၅၅၀ | ၂၃၆၇၅.၆၀၆ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၇.၁၇၉ | ၁၆.၉၆၄ | ၂၄.၁၄၃ | |
| ကီလို | ၇၆၂၇.၇၆၂ | ၃၇၀၁၃.၉၀၄ | ၄၄၆၄၁.၆၆၆ | |||
| ၇ | မြေထောက်ပဲ | US$ | ၉.၁၃၇ | ၂၅.၃၉၂ | ၃၄.၅၂၉ | |
| ကီလို | ၁၁၅၄၀.၂၉၁ | ၃၇၅၃၀.၆၇၀ | ၄၉၀၇၀.၉၆၁ | |||
| ၈ | ထောပတ်ပဲ | US$ | ၇.၅၅၇ | ၁၄.၀၆၈ | ၂၁.၆၂၅ | |
| ကီလို | ၁၃၉၈၈.၉၅၃ | ၂၃၅၆၆.၀၇၀ | ၃၇၅၅၅.၀၂၃ | |||
| ၉ | ပဲယင်း | US$ | ၇.၉၉၂ | ၁၉.၇၅၈ | ၂၇.၇၅၀ | |
| ကီလို | ၁၂၁၉၃.၀၉၀ | ၃၉၉၀၇.၁၉၀ | ၅၂၁၀၀.၂၈၀ | |||
| ၁၀ | ပဲကြီး | US$ | ၀.၁၅၃ | ၁၁.၀၁၂ | ၁၁.၁၆၅ | |
| ကီလို | ၂၁၆.၆၁၅ | ၁၈၃၇၉.၈၅၀ | ၁၈၅၉၆.၄၆၅ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၇၄၅ | ၀.၇၄၅ | ||
| ကီလို | ၁၂၈၉.၁၅၃ | ၁၂၈၉.၁၅၃ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၃၈၇ | ၀.၀၀၀ | ၀.၃၈၇ | |
| ကီလို | ၆၈၇.၃၉၀ | ၀.၀၀၀ | ၆၈၇.၃၉၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၉.၃၆၆ | ၉.၃၆၆ | ||
| ကီလို | ၁၄၄၀၉.၀၃၅ | ၁၄၄၀၉.၀၃၅ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၂၇ | ၀.၀၀၀ | ၀.၀၂၇ | |
| ကီလို | ၄၈.၉၂၅ | ၀.၀၀၀ | ၄၈.၉၂၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၃.၄၉၉ | ၀.၁၇၈ | ၃.၆၇၇ | |
| ကီလို | ၄၀၂၉.၇၈၄ | ၂၈၈.၀၅၀ | ၄၃၁၇.၈၃၄ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၁.၉၆၈ | ၁.၀၅၃ | ၃.၀၂၁ | |
| ကီလို | ၃၁၃၂.၅၄၀ | ၂၀၉၉.၃၂၃ | ၅၂၃၁.၈၆၃ | |||
| ၁၇ | ပဲနီကြား | US$ | ၄.၀၉၆ | ၄.၀၉၆ | ||
| ကီလို | ၈၉၀၀.၁၅၀ | ၈၉၀၀.၁၅၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၂.၃၂၄ | ၂.၃၂၄ | ||
| ကီလို | ၃၂၂၁.၀၂၅ | ၃၂၂၁.၀၂၅ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၇.၅၅၈ | ၇.၅၅၈ | ||
| ကီလို | ၉၉၂၄.၃၆၅ | ၉၉၂၄.၃၆၅ | ||||
| ၂၀ | မြေပဲဆံ | US$ | ၀.၇၁၄ | ၁၇၄.၉၉၇ | ၁၇၅.၇၁၁ | |
| ကီလို | ၇၁၃.၈၀၄ | ၁၄၂၆၁၆.၀၂၁ | ၁၄၃၃၂၉.၈၂၅ | |||
| ၂၁ | အခြားပဲ | US$ | ၀.၂၄၉ | ၀.၂၂၂ | ၀.၄၇၁ | |
| ကီလို | ၂၈၄.၈၈၉ | ၄၃၃.၇၅၀ | ၇၁၈.၆၃၉ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၆၅၃.၆၇၇ | ၅၆၉.၅၃၇ | ၁၂၂၃.၂၁၄ | ||
| ကီလို | ၈၃၁၇၇၅.၈၈၄ | ၇၃၄၄၅၁.၉၈၈ | ၁၅၆၆၂၂၇.၈၇၂ | |||
Sources : Customs
