၂၀၁၅ ခုနှစ်ရဲ့ နှစ်စပိုင်း ဇန်နဝါရီလပထမပတ်မှာ မြန်မာ-တရုတ် နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်တင်ပို့မှုဟာ အားကောင်းလျက်ရှိပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၂ ဒသမ ၆၅၀ သန်းဖိုးရှိတဲ့ ငစိန်ဆန် ၂၀၅၅၀ တန်နဲ့ ဧည့်မထဆန် ၁၃၂၄၂ တန် တင်ပို့ခဲ့ပြီး ယခင်သီတင်းပတ်ထက် တန်ချိန် ၁၈၀၀ ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၄၂၇ သန်းဖိုးရှိ ဧည့်မထ ၄၀၅၆ တန်ကိုတင်ပို့ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ၁၂၃၃ တန်ကို ပိုမိုတင်ပို့နိုင်ခဲ့သလို၊ ချင်းရွှေဟော်စခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ ၄၃၆ သန်းဖိုးရှိ ဧည့် မထဆန် ၁၁၆၄ တန်ကို တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်ထက် ၉၁
မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ်အင်အား Mobile Team မှ ၂၀၁၄ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလထိသိမ်းဆည်းရမိတဲ့အပင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ရွက်ဖြန်းဆေးနဲ့ အပင်အားဆေးများမှာ အမှုတွဲအားဖြင့် ၁၀ ခု တန်ဖိုးအားဖြင့် ခန့်မှန်းကျပ် ၁၂၆ ဒသမ ၄၈၀ သိန်းဖိုးသိမ်းဆည်းရမိထားပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။ သိမ်းဆည်းရမိမှု အသေးစိတ်မှာ ပိုးသတ်ဆေး အမှုတွဲ ၃ ခု၊ အရေအတွက် ၆၉၀ ကီလိုဂရမ်၊ ခန့်မှန်း တန်ဖိုး ကျပ် ၃၄ ဒသမ ၅၀၀ သိန်း၊ ပေါင်းသတ်ဆေး အမှုတွဲ ၂ ခု၊ အရေအတွက် ၁၀၂၀ လီတာ၊ ခန့်မှန်းတန်ဖိုး ကျပ် ၂၃ ဒသမ ၉၀၀ သိန်း၊ ရွက်ဖြန်းဆေး အမှုတွဲ ၄ ခု ၁၅၉၄ ဘူူး၊ ခန့်မှန်းတန်ဖိုး ကျပ် ၅၁ ဒသမ ၉၅၀ သိန်း၊
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၉၃၂ သန်းတန်ဖိုးရှိ ကဏန်းမျိုးစုံ တန်ချိန် ၂၁၀ ကျော်တင်ပို့နိုင်ခဲ့ပါ တယ်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ Mobile Team များမှ တရားမဝင်အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ကျပ်သန်း ၃၈၂ ဒသမ ၆၅၄ သန်းခန့်၊ အမှုတွဲအားဖြင့် ၁၅၅ မှုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ Mobile Team အလိုက် ဖျက်ဆီးခဲ့မှုတွေကတော့ လရ-၁ ၃၇ မှု ကျပ် ၁၁၅ သန်းကျော်၊ လရ-၂ ၂၁ မှု ကျပ် ၃၅ ဒသမ ၆၂၅ သန်းကျော်၊ မူဆယ်ထုတ်နုတ်အင်အား ၃၇ မှု ကျပ် ၁၉၄ သန်းကျော်၊ တာချီလိတ်ထုတ်နုတ်အင်အား ၂၅ မှု၊ ကျပ်သန်း ၂၀ ကျော်၊ ကျိုင်းတုံထုတ်နုတ်အင်အား ၃၅ မှု ကျပ် ၁၆ သန်းကျော် အသီးသီးဖြစ်ပါတယ်။
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် Asia World Toll Gate အနီးရှောင် ကွင်းလမ်းပေါ်တွင် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် တရုတ်နိုင်ငံထွက် စားတော်ပဲ၊ ကြက်သွန်ဖြူနဲ့ ဝက်စာများ အပါအဝင် Iron Display ပြုလုပ်ရန် Angle Iron နဲ့ Iron Sheet များကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိတဲ့တရုတ်စားတော်ပဲ၊ တရုတ်ကြက်သွန်ဖြူနဲ့ တရုတ် ဝက်စာ၊ Angle Iron၊ Iron Sheet များရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်နှစ်သိန်းငါးသောင်းဖြစ်ပြီး အဖွဲ့စုံဖြင့် မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအ
၂၀၁၅ ဇန်နဝါရီလ ၁၃ ရက် ၂၄း၀၀နာရီချိန်တွင် နယ်စပ်ဂိတ်အမှတ် ၁ နှင့် နမ့်ဖာလုံဈေးအကြား နယ်စပ်အနီးတွင် လုံခြုံရေးတာဝန်ယူထားသော ရှေ့တန်း စစ်ကြောင်း၊ လုံခြုံရေးတပ်စုအခြေပြုရာ ကင်းစခန်းရှေ့မှ ဆန်အိတ်များသယ်ဆောင်လာသည်ဟုပြောပြီး ဆူဒိုအဖက်တမင်းဆေးပြားအိတ်များသယ်ဆောင်သွားကြောင်း၊ တမူးမြို့နယ်မူးယစ် ရဲတပ်ဖွဲ့မှ သတင်း ရရှိခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ တမူးမြို့၊ ဈေးတန်း (၈)ရပ်ကွက်ရှိ ဦး xxx နေအိမ်အနောက်ဘက်တွင် သိုဝှက်ထားသည့် ဆူဒိုအဖက်တမင်းဆေးပြား ၁၅ သိန်း၊ တန်ဖိုး ရူပီးသိန်း ၁၂၀ (ကျပ် ၁၈၉၆ သိန်း) ဖိုးခန့် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါ ဆူဒိုအဖက် တမင်းဆေးပြားသည် စိတ်ကြွဆးထုတ်လုပ
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် Asia World Toll Gate အာသောကဆီဆိုင်အနီး ရှိ ရှောင်ကွင်းလမ်းမှ ပိုးသတ်ဆေး ၁၅ ဖာကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ ပိုးသတ်ဆေးဖာများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သုံးသိန်း သုံးသောင်းခန့်ဖြစ်ပြီး အဖွဲ့စုံဖြင့် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံ၍ အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်တယ်လို့သိရပါတယ်။
DCCA
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ အာသံတပ်ဖွဲ့တို့ ပူးပေါင်းပြီးဇန်နဝါရီလ ၅ ရက်မှ ၈ ရက်နေ့ထိ ဘိန်းစိုက်ခင်း ၁၉၈ ဧကကို ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ထိုဘိန်းခင်းမှ ဘိန်း ၂၅၇၉ ကီလိုဂရမ်ခန့်ထွက်ရှိနိုင်ပြီး တန်ဖိုးအားဖြင့် ရူပီး ၁၅၄၄ သိန်းဝန်းကျင်ရှိတယ်လို့သိရပါတယ်။ ဘိန်းစိုက်ပျိုးမှုများအား ထပ်မံရှာဖွေ ဖျက်ဆီးရန် နယ်စပ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က စီစဉ်နေတယ်လို့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။
နေထက်မင်း၊ တမူး
မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက ဇန်နဝါရီလ ၃ ရက်မှ ၉ရက်တာ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၉၈၇ သန်းတန်ဖိုးရှိ ရေထွက် ကုန်များဖြစ်သော ငါးမျိုးစုံ ၁၂၃၅ တန်ကျော်၊ ကင်းမွန် ၂၅ တန်ကျော်၊ ပုစွန် ၃ တန်ကျော်နဲ့ ကဏန်း ၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၆၈၆ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလအတွင်း အဓိကပို့ကုန်ဖြစ်သော လယ်ယာ ထွက်ကုန်ကို ကန်ဒေါ်လာ ၁ ဒသမ ၇၆၀ သန်း၊ တန်ချိန် ၂၇၀၇ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်း တင်ပို့နိုင်သော လယ်ယာထွက်ကုန်များမှာ မြေပဲဆံ ၅၅၀ တန်ကျော်၊ ပဲတီစိမ်း ၃၅၁ တန်၊ ငရုတ်သီးခြောက် ၁၈၄ တန်ကျော်၊ ကြက်သွန်နီ ၁၂၉၈ တန်ကျော်၊ နှမ်းနက် ၆၈ တန်ကျော်၊ မတ်ပဲ တန် ၂၁၀ ကျော်၊ သီဟိုစေ့ ၈ တန်ကျော်၊ ချင်းခြောက် ၇တန်ကျော်၊ နနွင်းတက် ၂၁ တန်နဲ့ နွယ်ချို ၇ တန်ကျော် ဖြစ်ပါတယ်။