၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်က မူဆယ် (၁၀၅) မိုင်ထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် သတင်းအရ နမ့်တောင်း-ခိုခေးရှောင်ကွင်းလမ်းကြောင်း အတိုင်း မောင်းနှင်လာသော Dong Fang အမျိုးအစား ၄ လုံးထိုးယာဉ် နှစ်စီးအား မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီးအနီး တားဆီးစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ ထိုယာဉ် များပေါ်မှာ FDA ထောက်ခံချက်မပါဘဲ တရားမဝင်တင်သွင်းလာတဲ့ စားသောက်ကုန်နဲ့ အခြားလူသုံးကုန်ပစ္စည်းများအောက်မှာ သိုဝှက်သယ်ဆောင်လာပြီး ဓာတုဗေဒဆေး ရည်များ ထည့်ထားတဲ့ ပလတ်စတစ်ပုံးပေါင်း ၂၄၀ ၊ စုစုပေါင်း အလေးချိန် ၅၇၆၀ ကီလိုဂရမ် အားတွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ သ
ဒေါ်လာဈေးမြင့်တက်မှုကြောင့် AV တန်ဖိုးအား လက်ရှိငွေလဲနှုန်း ပေါက်ဈေးဖြင့် ပြောင်းလဲတွက်ချက်ပြီး Duty ပေးဆောင်ကြရသဖြင့် ပေးဆောင်ရတဲ့ တန်ဖိုးမြင့်မား လာခြင်းကြောင့် ဒေါ်လာဈေးတည်ငြိမ်သည်အထိစောင့်ကြည့်နေရခြင်း၊ ဒေါ်လာဈေးမြင့်တက်လာသဖြင့် သွင်းကုန်ပစ္စည်းများဝယ်ယူရာမှာ အရှုံးပေါ်မှုများဖြစ်ပေါ်ခြင်း၊ တစ် ဖက်နိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်းနဲ့ မြေပေါ်မြေအောက်အဖွဲ့အစည်းများက အင်ဖာ-မိုရေးဆက်သွယ်သည့် ပြည်ထောင်စုလမ်းမကြီးအား မကြာခဏပိတ်ဆို့ဆန္ဒပြမှု များကြောင့် ကုန်စည်စီးဆင်းမှုအဟန့်အတားဖြစ်ပေါ်နေသဖြင့် တမူးနယ်စပ်မှာ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုလျော့ကျလျက်ရှိနေပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ ၆ ရက်မှ ၁၂ ရက်အထိ ကာလတွင်း ကန်ဒေါ်လာ ၃၅၁၇၁ တန်ဖိုးရှိ ဖရဲသီး ၂၇၀ တန် တင်ပို့နိုင် ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်ကတော့ ကန်ဒေါ်လာ ၁ ဒသမ ၈၁၆ သန်း တန်ဖိုးရှိ ဖရဲသီး ၁၄၃၀၀ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၈၈၅ သန်း တန်ဖိုးရှိ သခွားမွှေး ၄၃၄၀ တန် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က လွယ်ဂျယ်မှ ဖရဲအပို့မရှိဘဲ မူဆယ်မှ တန်ချိန် ၁၈၀၀၀ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ လှည်းကူးမြို့နယ် မှာ စိုက်ပျိုးတဲ့ ဖရဲကို တချို့ကအသီးကိုကြည့်ပြီး အခင်းလိုက်အဝယ်ရှိပြီး သခွားမွှေးကတော့ ကျောက်ဆည်၊ စဉ့်ကိုင်၊ ဘုတလင်နဲ့ ရွှေဘိုဘက်ကအထွက်များတယ
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက နိုဝင်ဘာလအတွင်း ပို့ကုန်ပိုင်းတွင် ငါးမှုန့်ကိုဒုတိယအများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း ငါးမှုန့်တင်ပို့နိုင် မှုမှာ ၂၀၃၅ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၂၀၀ သန်းဖြစ်ပြီး အနီးစပ်ဆုံးကာလဖြစ်သော အောက်တိုဘာလနဲ့ နှိုင်းယှဉ်ပါက ၆၇၄ တန်ကျော် ပိုမိုတင်ပို့နိုင်ပြီး ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါကလည်း ၁၂၄၅ တန် ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလမှ နိုဝင်ဘာလထိမှာတော့ တန် ချိန် ၁၂၉၀၆ တန်ကျော် တန်ဖိုးကန်ဒေါ်လာ ၇ ဒသမ ၂၇၅ သန်းဖိုးတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလအတွင်း ကန်ဒေါ်လာသုည ဒသမ ၉၀၄ သန်းတန်ဖိုးရှိ ကဏန်းပျော့ ၆၆ တန်ကျော်၊ ကဏန်းနီ ၁၅၃ တန်ကျော်၊ သဲကဏန်း ၄ တန်ကျော်၊ ကဏန်းသေးအသေ ၅ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အပြင် ကန်ဒေါ်လာ ၅ ဒသမ ၅၇၃ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၅၅၁၇ တန်နီးပါး၊ ငါးမှုန့် ၂၀၃၅ တန်ကျော်၊ ရေငန်ပုစွန် ၉၃ တန်ကျော်၊ ပုစွန် ၁၂၈ တန်ကျော်၊ ကင်းမွန် ၇၂ တန်ကျော်၊ ငါးအသားလွှာ ၉၇ တန်ကျော်၊ ကင်းမွန်ခေါင်း ၄၃ တန်ကျော်၊ ငါးခြောက် ၁၈ တန်ကျော်၊ ပုစွန်ခြောက် ၄တန်ကျော်၊ ရေခူခြောက် ၈တန်ကျော်၊ ကင်းမွန်ခြောက် ၁
ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်စခန်းများမှ ဆန်တင်ပို့မှုမှာ ၃၁၇၀၉ တန်ကျော်ရှိပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၁ ဒသမ ၆၇၃ သန်းဖိုး ရရှိပါတယ်။ စခန်းအလိုက်တင်ပို့မှုများမှာ မူဆယ် (၁၀၅) မိုင်မှ ငစိန်ဆန် ၁၆၅၂၉ တန်ကျော်နဲ့ ဧည့်မထ ဆန် ၉၁၉၁ တန်ကျော်၊ ချင်းရွှေဟော်စခန်းမှ ဧည့်မထဆန် တန် ၁၀၀၀ နဲ့ လွယ်ဂျယ်စခန်းမှ ဧည့်မထဆန် ၄၉၈၉ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါ က ယခု သီတင်းပတ်မှာ ၅၄၉၇ တန်ခန့်လျော့နည်းတင်ပို့ခဲ့ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာလအတွင်း ကျပ်သန်းပေါင်း ၁ ဒသမ ၀၂၁ သန်း တန်ဖိုးရှိ ဝါး ၁၂၂ တန်ကျော် တင်ပို့ခဲ့ပါတယ်။
တမူးနယ်စပ်ကုန်သွယ်ရေး စခန်း သည် နိုဝင်ဘာလမှာ ပို့ကုန်ဒေါ်လာ ၁ ဒသမ ၉၉၁ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁ ဒသမ ၂၇၁ သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ ၃ ဒသမ ၂၆၂ သန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် ၈၄ ရာခိုင်နှုန်းကျော်သာဆောင်ရွက်နိုင်ခဲ့ပါတယ်။ နယ်စပ်စခန်း ၁၆ ခုရှိတဲ့အနက် လျာထားချက်အပေါ် ၁၂၈ ရာခိုင်နှုန်းကျော်ဆောင်ရွက်နိုင်ခဲ့ပြီး အဆင့် (၄) နေရာထိရှိနေတယ်လို့သိရပါတယ်။ ကုန်သွယ်မှုလျာထားချက်များ ပြည့်မီမှုမရှိခြင်းကတော့ တစ်ဖက်နိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေကြောင့် အရောင်းအဝယ် လုပ်ရတဲ့ရက် ၁၀ ရက် ၁၁ ရက်သာရှိတဲ့အတွက်ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း ၁၀ ရက်နဲ့ ၁၁ ရက်မှာ မိမိဘက်မှ ဂန့်ဂေါလမ်း၊ ယာ
မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလမှာ တစ်သျှူးငှက်ပျော ၄၄၅၅ တန်၊ တန်ဖိုးအားဖြင့် ကျပ် ၆၆၈ ဒသမ ၂၅၀ သန်းဖိုးတင်ပို့နိုင်ခဲ့ ပါတယ်။ အောက်တိုဘာလမှာ ၃၄၈ တန်၊ ယမန်နှစ် ကာလတူ နိုဝင်ဘာလမှာ ၁၀၅ တန်သာတင်ပို့နိုင်ခဲ့ပါတယ်။ ယခုနိုဝင်ဘာလမှာ တစ်သျှူးငှက်ပျောတင်ပို့မှု အနီးစပ်ဆုံး ကာလထက် တန် ၄၁၀၇ တန်နဲ့ ယမန်နှစ်ကာလ တူထက် ၄၃၅၀ တန် သိသိသာသာပိုလာပါတယ်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန်တန်ချိန် ၈၄၄ တန် ၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၀၂ သန်းနဲ့ စက်မှုကုန်ချော တန်ချိန် ၁၉၄ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၈၄ သန်းတင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ အောက်တိုဘာလမှာတော့ လယ်ယာထွက်ကုန် ၄၆၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၃၃ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့ပြီး စက်မှုကုန်ချောတန်ချိန် ၅၄ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။