ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန အနေနဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ နယ်စပ်များမှာ ကူးသန်းရောင်းဝယ်ရေးစခန်း (ယခင်နယ်စပ်ကုန်သွယ်ရေးစခန်း) များဖွင့်လှစ်ကာ ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချောမွေ့စေရေးအတွက် နယ်စပ် ဖြတ်ကျော် ပုံမှန်ကုန်သွယ်ရေး (Normal Trade) စနစ်အရ ဒေါ်လာ၊ ယူရိုငွေကြေးများအပြင် Border Trade စနစ်အရ "ကျပ်" ငွေကြေးနဲ့ကုန်သွယ်မှုများဆောင်ရွက်ခွင့် ပေးထားခဲ့ပါတယ်။ ကျပ်ငွေကြေးနဲ့ ကုန်သွယ်မှုပြုရာမှာ ကုန် သွယ်မှုတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ပို့ကုန်အခွန်အခဖြတ် တောက
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေး ဇုန်မှ ဧပြီလ ၁၇ ရက်မှ ၂၃ ရက် သြင်္ကန်ကာလအပြီးမှာပဲ မြန်မာ့သရက်တွေတရုတ်ကို စတင်တင်ပို့နေပါပြီ၊ ကန်ဒေါ်လာ သုည ဒသမ ၂၃၁ သန်းတန်ဖိုးရှိတဲ့ သရက်သီး ၈၅၄ တန်ကျော်ကိုတင်ပို့ခဲ့ခြင်း ဖြစ်ပြီး တင်ပို့တဲ့သရက်သီးအမျိုးအစားတွေကတော့ စိန်တစ်လုံး၊ ရွှေဟင်္သာနဲ့သရက်သီးအကြမ်းတို့ပဲဖြစ်ပါတယ်။ ယမန်နှစ်ကာလတူ ၂၀၁၂ ခုနှစ်ဧပြီလ ၁၇ ရက်မှ ၂၃ ရက်အတွင်းမှာတော့ တန်ချိန် ၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်ကသြင်္ကန်ကာလမတိုင်ခင်ဧပြီ လဆန်းပိုင်းကတည်းက တင်ပို့ခဲ့တာလို့သိရပါတယ်။ စိန်တစ်လုံး သရက်သီးမိမိဘက်ပေါက်ဈေးတစ်တန်ကို ၅၁၄၁၂၀ ကျပ်၊ တစ်ဖက် နိုင်ငံဈေး ယွမ် ၃၆၀၀ ရှိပ
ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးကုန်သည်အသင်းရုံး အစည်းအဝေး ခန်းမမှာ မတ်လ ၂၀ ရက်က ငါးရှဉ့်လုပ်ငန်းရှင်များအသင်း(မူဆယ် ၁၀၅ မိုင်)၊ ကုန်သွယ်ရေးဇုန်စတင် ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးသို့ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး၊နဲ့ ဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ မူဆယ်မြို့နဲ့ မူဆယ်ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ မူဆယ်-နမ့်ခမ် နယ်စပ်
ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန (တမူး) စခန်းအနေနဲ့ မတ်လ ၂၇ ရက်မှ ဧပြီလ ၂ ရက်ထိ ကာလအတွင်း ပို့ကုန် သုည ဒသမ ၂၆၆ ဒေါ်လာသန်း၊ သွင်းကုန် သုည ဒသမ ၂၄၄ ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ သုည ဒသမ ၅၁၀ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန်ပစ္စည်းများမှာ ကွမ်းသီး ၁၀၀ တန်၊ ငါးလေး ခြောက် ၄ တန်၊ မျောက်ငိုသီး ၅ တန်၊ စီးကရက် ၁၁ ဒသမ ၄ တန်နဲ့ နန့်ဖာလုံကုန်စုံ များ ဖြစ်ပါတယ်။ သွင်းကုန်ပစ္စည်း များမှာ ဂျုံစေ့ ၄၄ တန်၊ စပျစ် သီးခြောက် ၅ တန်၊ ချည် ၃ တန်နဲ့ ဆံပင်၊ ချွတ်ဆေးမှုန့်၊ နိုင်လွန်ချည်တို့ဖြစ်ပါတယ်။ တစ်ဆင့်သယ်စနစ် TTနှင့် အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့ Benovate-N (ယားနာလိမ်း ဆေး) ၂၅
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူးသန်းရောင်းဝယ်ရေးဇုန်မှ မတ်လတွင် ကန်ဒေါ်လာ ၁ ဒသမ ၉၉၃ သန်းတန်ဖိုးရှိ ဆန်ကွဲ ၅၈၆၁ တန်တင်ပို့နိုင်ခဲ့ပြီး အနီးကပ်ဆုံးကာလနဲ့နှိုင်းယှဉ်ပါက ၃၃၄၇ တန်နီးပါးပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဆန်ကွဲကို မုန့်လုပ်ငန်း များနဲ့ အရက်ချက်လုပ်ငန်းများမှာ ပိုမိုအသုံးပြုပြီး တစ်ဖက်နိုင်ငံ အနေနဲ့ တရားမဝင်လမ်းကြောင်းမှတင်ပို့မှုအပေါ် တားမြစ်မှုလျော့ နည်းလာခြင်း၊ တစ်ဖက်နိုင်ငံကုန်သည်များအနေနဲ့ မိမိတို့နိုင်ငံမှ တင်ပို့နေတဲ့ ဆန်များအရည်အသွေး နိမ့်ကျတဲ့အတွက် ဆန်ထက် ဆန်ကွဲကို ပိုမိုနှစ်သက်လာတာကြောင့်မှာယူလျက်ရှိကြောင်း၊ သြင်္ကန်ကာလ ပိတ်ရက်များ နီးလာသဖြင့် ယခင်ကထက် မှာယူမှုများ
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူး သန်းရောင်းဝယ်ရေးဇုန်အနေနဲ့ မတ်လ တွင် ကန်ဒေါ်လာ သုည ဒသမ ၂၇၄ သန်း တန်ဖိုးရှိ ငရုတ်သီးခြောက် ၁၅၇ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ အနီးကပ် ဆုံးကာလထက် ၄ တန်ကျော် လျော့ နည်းတင်ပို့ခဲ့ တာတွေ့ရပါတယ်။ မိမိနိုင်ငံမှ ငရုတ်သီးခြောက်များကို မဲဆောက်မှဘန်ကောက်အထိ တင်ပို့ပြီး ဘန်ကောက်တွင် တန်ဖိုးမြင့်ထုတ်ကုန် အဖြစ်ထုတ်လုပ်ကာ မလေးရှားသို့ ဆက်လက်တင်ပို့ကြောင်း သိရှိရပါ တယ်။ ယခုအခါပြည်တွင်းမှာ ငရုတ် ထွက်ရှိမှုလျော့နည်းလာတဲ့အတွက် ကုန်ပစ္စည်းရရှိမှုခက်ခဲလာသဖြင့် တင်ပို့မှုကျဆင်းလာကြောင်း သိရှိရပါတယ်။ မြဝတီကူးသန်းရောင်းရေးဇုန်ရဲ့ ဇန်နဝါရီလမှ မတ်လထိ ငရုတ်သီးခြောက်တင်ပို့မှုမှာ
မတ်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလ အတွင်းမှာ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၂၁၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၀၄၇ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၂၃ တန်ကျော် တင်ပို့မှုလျော့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ကြောင်ပန်းစေ့၊ ကြက်ဆူစေ့နဲ့တောဂျင်းတို့တင်ပို့မှုပိုမိုခဲ့သော်လည်း ဝဥခြောက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ကြောင်လျာစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ နေလဲစေ့နဲ့ ဆီးဆံတို့တင်ပို့မှု လျော့နည်း ခဲ့တဲ့အတွက် ဖြစ်ပါတယ်။ယခင်အပတ်ကတင်ပို့မှုမရှိတဲ့ တောဂျူးမြစ်နဲ့စကားပန်းပွင့်ခြောက်တို့ကိုတော့ ယခု အပတ်မှာ တင်ပို့မှုရှိတာတွေ့ရပါတယ်။ ဝဥခြောက်ဟာသွေးကြောထဲရှိ ကိုလက်စထရောမျ
မတ်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလ အတွင်းမှာ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၂၁၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၀၄၇ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၂၃ တန်ကျော် တင်ပို့မှုလျော့ခဲ့ ပါတယ်။ ယခင်အပတ်ကထက် ကြောင်ပန်းစေ့၊ ကြက်ဆူစေ့နဲ့တောဂျင်းတို့တင်ပို့မှုပိုမိုခဲ့သော်လည်း ဝဥခြောက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ကြောင်လျာစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ နေလဲစေ့နဲ့ ဆီးဆံတို့တင်ပို့မှု လျော့နည်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။ယခင်အပတ်ကတင်ပို့မှုမရှိတဲ့ တောဂျူးမြစ်နဲ့စကားပန်းပွင့်ခြောက်တို့ကိုတော့ ယခု အပတ်မှာ တင်ပို့မှုရှိတာတွေ့ရပါတယ်။ ဝဥခြောက်ဟာသွေးကြောထဲရှိ ကိုလက်စထရော မ
တမူးနယ်စပ်တွင်ကုန်သွယ်မှုပြုနေသော ကုမ္ပဏီအချို့နဲ့ ITC ကတ်အသုံးပြု ပြီး စားသောက်ကုန် တင်သွင်းသူများအနေနဲ့ FDA ထောက်ခံချက်ရရှိရေးအတွက် အခက်အခဲများရှိနေကြတဲ့အတွက် FDA ထောက်ခံချက်နဲ့တင်သွင်းခွင့်ရရှိပြီးဖြစ်တဲ့ ကုန်ပစ္စည်းတူများအား တင်သွင်းခွင့်ရရှိရေးနဲ့ တမူးနယ်စပ်ကုန်သည်အသင်း အနေနဲ့ FDA ရရှိပြီးကုမ္ပဏီများနဲ့ ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ကူညီပံ့ပိုးပေးရန် မတ်လ ၂၁ ရက်နေ့က တမူးကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူအကာအကွယ်ပေးရေး ဌာနမှာ ပြုလုပ်တဲ့ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ တင်ပြလာကြပါတယ်။ တမူးနယ်စပ်ကုန်သည်များအသွင်းများပြီး FDA ထောက်ခံချက်အခက် အခဲရှိနေတဲ့ စားသောက်ကုန်ပစ္စည်းများမှာ စပျစ်သီးခြ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနဲ့ နယ်စပ်နေပြည်သူများ၊ အသေးစားလုပ်ငန်းရှင်များနဲ့ ဒေသခံ တိုင်းရင်းသားများရိုးရှင်းလွယ်ကူစွာနဲ့ တရားဝင် ကုန်သွယ်မှု ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် Individual Trading Card (ITC) နဲ့ ကုန်သွယ်မှု လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့တာ ယခုဆိုရင် (၄) လခန့်ရှိခဲ့ပြီဖြစ်ပါတယ်။ မတ်လ ၂၀ ရက်နေ့ အထိဆောင်ရွက်မှုအရ နယ်စပ်ပေါက် အလိုက်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ တိုးတက်မှုကိုကြည့်မယ်ဆိုရင် ပထမဆုံး ITC ခွင့်ပြုပေးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ကစပြီး တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှာဆိုရင် ITC ၆၈ ကတ်