admin_ygn

   ချင်းရွှေဟော်နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းဟာ လမ်းပန်းဆက်သွယ်မှုလွယ်ကူချောမွေ့လာသဖြင့် ယခင် မူဆယ်မှတစ်ဖက်နိုင်ငံသို့သွားနေတဲ့ နှမ်း၊ ရော်ဘာနဲ့ အခြားဒေသထွက်ကုန်ပစ္စည်းများကို ယခုအခါ ချင်းရွှေဟော်နယ်စပ်ပေါက်မှတင်ပို့နေကြပြီဖြစ်ကြောင်း၊  ယခုထက်ပိုမိုတင်ပို့နိုင်ရေးအတွက် ပြည်တွင်းရှိကုန်သည်များနဲ့ ချိတ် ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်သည်အသင်းရဲ့ဆောင်ရွက်မှုတိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ အမယ်သစ်များရှာဖွေတင်ပို့ရန်ကြိုး စားနေကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ကွမ်းလုံ-ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင်နယ်စပ်ကုန်သ

admin_ygn

   တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းထုတ်နုတ် Mobile Team  အဖွဲ့က နိုဝင်ဘာ  ၂၀ ရက်  ၁၅း၀၀ နာရီက သိမ်းဆည်းရမိခဲ့တဲ့ ဝက်ခေါက်များကို အဖွဲ့စုံပါဝင်သော ဖျက် ဆီးရေးအဖွဲ့ဖွဲ့စည်းပြီး နိုဝင်ဘာလ ၂၉ ရက်နေ့က မီးရှို့မြေမြှုပ်ဖျက်ဆီးပြီး ဖြစ်ကြောင်းသတင်းရရှိပါတယ်။ ဝက်ခေါက်အကြမ်းမှာ အလေးချိန်အားဖြင့် ၂၅၀ ကီလိုဖြစ်ပြီးခန့်မှန်း တန်ဖိုးမှာ ကျပ် ၇ ဒသမ ၅၀၀ သိန်းရှိတယ်လို့သိရပါတယ်။ အဖွဲ့မှာ ကူးသန်းဦးစီး၊ အကောက်ခွန်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ကုန်သည်အသင်း၊ မြဝတီသတင်းထောက်တို့ပါဝင်တယ် လို့သိရပါတယ်။

DCCA

admin_ygn

   တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းထုတ်နုတ် Mobile Team  အဖွဲ့က နိုဝင်ဘာ  ၂၀ ရက်  ၁၅း၀၀ နာရီက သိမ်းဆည်းရမိခဲ့တဲ့ ဝက်ခေါက်များကို အဖွဲ့စုံပါဝင်သော ဖျက် ဆီးရေးအဖွဲ့ဖွဲ့စည်းပြီး နိုဝင်ဘာလ ၂၉ ရက်နေ့က မီးရှို့မြေမြှုပ်ဖျက်ဆီးပြီး ဖြစ်ကြောင်းသတင်းရရှိပါတယ်။ ဝက်ခေါက်အကြမ်းမှာ အလေးချိန်အားဖြင့် ၂၅၀ ကီလိုဖြစ်ပြီးခန့်မှန်း တန်ဖိုးမှာ ကျပ် ၇ ဒသမ ၅၀၀ သိန်းရှိတယ်လို့သိရပါတယ်။ အဖွဲ့မှာ ကူးသန်းဦးစီး၊ အကောက်ခွန်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ကုန်သည်အသင်း၊ မြဝတီသတင်းထောက်တို့ပါဝင်တယ် လို့သိရပါတယ်။

DCCA

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ  ၂၀၁၄ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ သုည ဒသမ  ၁၇၁ သန်းတန်ဖိုးရှိ ပင်လယ်ငါးရှဉ့် ၉၂ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်းမှာလည်း တန်ချိန် ၆ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၁၈ သန်းတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်တွင် ပင်လယ်ငါးရှဉ့်တင်ပို့မှုမရှိတဲ့အတွက် ယခုသီတင်းပတ်တွင်  ၆ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ဆိုရပါမယ်။ နိုဝင်ဘာလအတွင်းမှာတော့ ကော့သောင်း စခန်းမှ ငါးရှဉ့် ၇ တန်ကျော်တင်ပို့နိုင်ခဲ့တယ်လို့သိရှိရပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ နယ်စပ်စခန်းများဖြစ်သော မြဝတီကုန်သွယ် ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများက နိုဝင်ဘာလ ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်း ကန် ဒေါ်လာ ၂ ဒသမ ၉၂၈ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၃၀၁၇ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၃၀၂ တန်နီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

  ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသများမှထုတ်လုပ်သောသစ်များကို ယခင်နှစ်များက အိမ်နီးချင်းနိုင်ငံသို့ တရားဝင်တင်ပို့ခဲ့သော်လည်း ၂၀၁၄ ခုနှစ် ဧပြီလမှ စ၍ ပြည်ပသို့သစ်လုံးတင်ပို့ခြင်းကို ပိတ်ပင်လိုက်သဖြင့် ခုတ်လှဲထားပြီး သစ်လုံးများစွာသစ်တောများထဲ၌ကျန်ရှိနေပါတယ်။ အချို့ကနည်းမျိုးစုံဖြင့်သယ်ယူပြီး အိမ်နီးချင်းနိုင်ငံ သို့ တင်ပို့နေကြသလို အချို့ကလည်း သစ်အချောထည်ပရိဘောဂစက်ရုံတည်ပြီး ပရိဘောဂများထုတ်လုပ်သွားရန် စီစဉ်မှုများလည်းရှိနေကြတယ်လို့သိရပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက အောက်တိုဘာလ ၁၅ ရက် မှ ၂၁ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၁၇ သန်း တန်ဖိုးရှိ သဲကဏန်း ၁ တန်ကျော်၊ ကဏန်းနီ ၇၆ တန်ကျော်၊ ကဏန်းသေးအသေ ၂ တန်ကျော်၊ ကဏန်းပျော့ ၁၃ တန်ကျော် တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်သီတင်းပတ်က ကဏန်းတင်ပို့မှု အနေနဲ့ သဲကဏန်းတစ်မျိုးတည်းသာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခုသီတင်းပတ်တွင် ကဏန်းတင်ပို့မှုမှာ ၉၃ တန်နီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူး  ဆွမ်ချိုင်းရန်ဆာခွန်က ဒီဇင်ဘာလ ၁ ရက်နေ့မှစပြီး နယ်စပ်ဂိတ်အား နံနက် ၆း၃၀ နာရီမှ ည ၉း၀၀ နာရီချိန်ထိ တိုးချဲ့ဖွင့်လှစ်ပေးသွား မယ်လို့ နိုဝင်ဘာလ ၂၁ ရက်နေ့ကပြောကြားလိုက်ပါတယ်။ လက်ရှိမှာ နံနက် ၆း၃၀ မှ ညနေ ၆း၃၀ ထိသာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ လာမယ့်နှစ် ၂၀၁၅ မှာတော့ ည သန်းခေါင်ယံချိန်ထိ တိုးချဲ့ဖွင့်လှစ်သွားမယ်လို့ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

admin_ygn

   နိုဝင်ဘာလ ၁ ရက်မှ ၂၀ ရက် အတွင်း   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်   ကုန်သွယ်ရေး ဇုန်မှ  ကန်ဒေါ်လာ  ၄ ဒသမ ၀၈၅ သန်း တန်ဖိုးရှိ ဖရဲသီး ၃၁၉၁၀ တန်ခွဲ၊ ကန်ဒေါ်လာ သုည ဒသမ ၅၅၂ သန်းတန်ဖိုးရှိ သခွားမွှေး ၂၇၀၆ တန်နဲ့ လွယ်ဂျယ်နယ်စပ်စခန်းမှ ကန်ဒေါ်လာ သုည  ဒသမ ၀၀၇ သန်း တန်ဖိုးရှိ ဖရဲသီး ၅၄ တန်တို့ကိုတင်ပို့နိုင် ခဲ့ပါတယ်။ မူဆယ် နယ်စပ်စခန်းမှ ဖရဲ၊ သခွားအပြင် ကန် ဒေါ်လာ ၇၅၀ တန်ဖိုးရှိတဲ့ အုန်းသီး ၅ တန်ကိုလည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ သစ်သီးဝလံတင်ပို့မှုများ ရှိသလို ကန်ဒေါ်လာ ၂ ဒသမ ၆၃၉ သန်း တန်ဖိုးရှိ ပန်းသီး၊ စပျစ်သီး၊ လိမ္မော်သီးနဲ့ ပန်းသစ် တော်သီး ၆၃

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက နိုဝင်ဘာလ ၁ ရက်မှ  ၂၁ ရက်အတွင်း  ကန်ဒေါ်လာ  သုည ဒသမ ၀၀၉ သန်းတန်ဖိုးရှိ ပင်လယ်ငါးရှဉ့် ၅ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက် တိုဘာလ ၂၁ ရက်အတွင်းမှာတော့ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၆၆ သန်း တန်ချိန် ၈၉ တန်နီးပါး တင်ပို့နိုင်ခဲ့တဲ့အပြင်  ငါးမျိုးစုံ၊  ကဏန်း၊ ပုစွန်၊ ကင်းမွန်နဲ့ ရေဘဝဲကိုလည်းတင်ပို့နိုင်ခဲ့ပါတယ်။