မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အားနဲ့ Mobile Team အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးခေါင်ဆောင်တဲ့အဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အေးရှားဝေါလ် တိုးဂိတ်အနီး ရှောင်ကွင်းလမ်းပေါ်မှာ စုပုံထားတဲ့ ကြိတ်သားအလှပြင်စင် ၁၅ စုံနဲ့ ကြိတ်သား TV စင် နှစ်ဖာတို့ကို ပိုင်ရှင်မဲ့ စစ်ဆေးတွေ့ရှိခဲ့ပါ တယ်။ အလားတူဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်း အဆိုပါရှောင်ကွင်းလမ်းပေါ်မှာ ဆိုင်ကယ်အပိုပစ္စည်းများနဲ့ အင်ဂျင်ဝိုင်များကိုလည်း ထပ်မံသိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။ ပိုင်ရှင်မဲ့ စစ်ဆေးတွေ့ရှိတဲ့ ကြိတ်သားအလှပြင်စင်၊ TV စင်၊ ဆိုင်ကယ်အပိုပစ္စည်းများနဲ့ အင်ဂျင်ဝိုင်များရဲ့ ခန့်မှန်းတန်ဖိုးမှာကျပ် ၁၀ သိန
မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အားဖြင့် Mobile Team အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးခေါင်းဆောင်တဲ့ အဖွဲ့သည် ဇန်နဝါရီလ ၆ ရက်နေ့တွင်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အေးရှားဝေါလ်တိုးဂိတ်အနီးရှောင်ကွင်းလမ်းပေါ်မှာ စုပုံထားတဲ့ အထပ်သား ၇၃ ချပ်ကို စစ်ဆေးတွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် လည်း ဂျူတီယာဉ်အမှတ် (2F/xxxx) (၁၂ ဘီး)ပေါ်မှ ID တွင် အမယ်လွဲတင်ဆောင်လာတဲ့ Plywood One side (4' x 8'x 2mm) ဖော်မီကာ ၄၉၉ ချပ်ကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့သိရပါတယ်။ အဆိုပါ ရှောင်ကွင်းလမ်းမှာ စုပုံထားတဲ့ အထပ်သားများနဲ့ ၁၂ ဘီး ယာဉ်ပေါ်မှ ဖော်မီကာများရဲ့ ခန့်မှန်းတန်ဖိုးမှာ
ပို့ကုန်သွင်းကုန် အချိုးဟန်ချက်ညီမျှရန်လိုအပ်ကြောင်း၊ ပို့ကုန်သွင်းကုန်အချိုးမညီပါက ကုန်သွယ်မှုလိုငွေပြမည်ဖြစ်ပြီး ရေရှည်မှာစီးပွားရေးထိခိုက်မှုဖြစ်လာနိုင်ကြောင်း၊ ဇန်န ဝါရီလ ၂၆ ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွှန် ကြားရေးမှူး ဦးမြင့်ကျော်က ပြောကြားပါတယ်။ မြဝတီရဲ့ ကုန်သွယ်မှုပမာဏကိုလေ့လာကြည့်လျှင် ပို့ကုန်သွင်းကုန်အချိုးများစွာကွာဟနေကြောင်း၊ လျာထားချက်အပေါ်ဆောင် ရွက်နိုင်မှုကိုကြည့်လျှင် ပို့ကုန် ၂၈ ရာခိုင်နှုန်း၊ သွင်းကုန် ၇၈ ရာခိုင်နှုန်းရှိနေပါကြောင်း၊ သွင်းကုန်ပိုင်းတဖြည်းဖြည်းတ
၂၀၁၅ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၃ ဒသမ ၉၇၁ သန်းတန်ဖိုးရှိတဲ့ ဖရဲသီး၊ သခွားမွှေး၊ ဆီးသီး၊ အုန်းသီး၊ စပျစ်သီးနဲ့ ရွှေဖရုံသီးတွေကို မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံကိုတင်ပို့ခဲ့ပါတယ်။
တင်ပို့ခဲ့တဲ့တန်ချိန်တွေကတော့ ဖရဲသီး ၂၅၈၂၈ တန်၊ သခွားမွှေး ၂၆၅၅ တန်၊ ဆီးသီး ၉၅၆ တန်ခွဲ၊ အုန်းသီး ၈ တန်၊ စပျစ်သီး ၁၁ တန် နဲ့ ရွှေဖရုံ သီး ၁၅၆ တန်ခွဲ တို့ဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၂၁ သန်းတန်ဖိုးရှိ ပင်လယ်ငါးရှဉ့် ၁၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနဲ့ နှိုင်းယှဉ်ပါက ၄ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်မှ ၃၀ ရက်အတွင်း မှာ တန်ချိန် ၁တန်ကျော် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။
ခင်မြနွယ် MIRT (DCCA)
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၂၄ ရက်မှ ၃၀ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၂၃ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၄၅၂ တန်ကျော် နဲ့ မြေပဲဆံ ၄၇၉ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ကြက်သွန်နီတန် ၈၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပြီး မြေပဲဆံ ၅၆ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါ တယ်။
ခင်မြနွယ် MIRT (DCCA)
မဏိပူရပြည်နယ် ထိုဘားခရိုင် လီလွန်ဒေသရှိ အမှတ်(၄၀) အာသံတပ်ဖွဲ့စခန်းကို ဇန်နဝါရီလ ၃၀ ရက်နေ့က အမည်မသိ လက်နက်ကိုင်အဖွဲ့က အကြမ်းဖက်ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အာသံတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဒေသခံ ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းနဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့က ပြုလုပ်သည်ကို စုံစမ်းဆဲဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ ထုတ် The Sangai Express သတင်းစာမှာဖော်ပြထားပါတယ်။ အင်ဖာနဲ့ မိုရေးမြို့အကြား အကြမ်းဖက်မှုနဲ့ လမ်းပိတ်ဆန္ဒပြမှုများကြောင့် အင်ဖာ-မိုရေးကုန်သွယ်ရေးမှာ အခက်အခဲများနဲ့ရင်ဆိုင်နေရပြီး ဆန္ဒပြမှုများလည်းထပ်မံဖြစ်ပွားနိုင်ခြေရှိတယ်လို့လည်းဖော်ပြထားပါတယ်။
ပို့ကုန်အမှန်တင်ပို့ဆောင်ရွက်ရာတွင် ED Balance ဖြတ်ပိုင်းဖြတ်ရာ၌ ယာဉ်ပေါ်ပါ ကုန်ပစ္စည်းအတိုင်းဖြတ်ခြင်းမရှိကြောင်းကြားသိရတဲ့အတွက် ယာဉ်စစ်ဆေးရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် တာဝန်ရှိသူများအနေဖြင့် စနစ်တကျစစ် ဆေးဆောင်ရွက်သွားရန်နဲ့ ယာဉ်ပေါ်ပါကုန်ပစ္စည်းအရေအတွက်အတိုင်း Balance ဖြတ်ခြင်း ဆောင်ရွက်ရန် လိုကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များအပိုင်းမှ ယာဉ်ပေါ်ပါကုန်ပစ္စည်းအရေအတွက်အတိုင်း ED / ID Balance ဖြတ်ခြင်းအား မှန်မှန်ကန်ကန်ဆောင်ရွက် သွားရန်လိုကြောင်း တမူးနယ်စပ်မှာကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်းတာဝန်ခံမှပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ
မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်စခန်းများမှ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၆၁၁၆ တန်တင်ပို့ခဲ့ပါတယ်။တန်ဖိုးမှာ ကန်ဒေါ်လာ ၉ ဒသမ ၆၈၇ သန်းဖိုးဖြစ်ပြီး စခန်းအလိုက် တင်ပို့နိုင်မှုများမှာ မူဆယ်(၁၀၅)မိုင်မှ ငစိန်ဆန် ၁၅၀၄၀ တန်၊ ဧည့်မထဆန် ၈၅၃၅ တန်၊ ချင်းရွှေဟော်စခန်းမှ ငစိန်ဆန် ၁၅၄၁ တန်နဲ့ လွယ်ဂျယ် စခန်းမှ တန် ၁၀၀၀ ဖြစ်ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၄၀၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မောင်တောစခန်းမှ ဆန်တင်ပို့မှုမရှိခဲ့ပါဘူး။ ယခု သီတင်းပတ်မှာ မူဆယ်မှ ကန်ဒေါ်လာ ၃ ဒသမ ၇၃၁ သန်းတန်ဖိုးရှိ ဆန် ကွဲ ၁၁၄၇၆ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၈၂ သန်းဖိုးရှိ ကောက
ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်အနေဖြင့် ဆောင်းပြောင်းများစတင်တင်ပို့လာနိုင်မည်ဖြစ်ပြီး ပြောင်းကုန်သည်များမှ မိမိတို့ပြောင်းအရည်အသွေးထိန်းသိမ်းပြီး တစ်ဖက်ကုန်ဝယ်သူများ စိတ်ကြိုက်တွေ့ရန် ကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်းတာဝန်ခံ ဦးဇော်ဝမ်းမှ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အရည်အသွေးကောင်းပါက ဈေးကွက်ရရှိမှုအပြင် ဈေးကောင်းလည်းရရှိလာမည်ဖြစ်တဲ့အတွက် ဂရုပြုဆောင်ရွက်သွားရန် ကုန်သည်လုပ်ငန်းရှင်များအား ပြောကြား ခဲ့တယ်လို့သတင်းရရှိပါတယ်။
ခင်မိုးသူ MIRT (DCCA)