admin_ygn

   မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ရဲ့ ဒီဇင်ဘာလအတွက် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမ မှာပြုလုပ်ခဲ့ရာ OSS ဌာနများ၊ ကုန်စည်ဒိုင်များ၊ FDA၊ MITS၊ မော်တော်ယာဉ်အသင်းများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ဖြစ်သော မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ ဇန်နဝါရီ လ  ၁၀ ရက်မှ ၁၆ ရက် တာကာလအတွင်း ကန်ဒေါ်လာ ၄ ဒသမ ၃၈၈ သန်း တန် ဖိုးရှိ ရေထွက်ကုန်  ၃၄၈၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၁၇၉ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ချဉ်ဒယ်ခရိုင်၊ မိုးရေးမြို့ရှိ ဒေသခံလူမှုအဖွဲ့အစည်းများသည် ၂၀၁၅ခုနှစ် ဇန်န ဝါရီလ ၁၀ ရက်နေ့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ၎င်းတွေ့ဆုံပွဲ တွင် လူမျိုးစုများကြား ပဋိပက္ခဖြစ်ပွားမှုမရှိစေရန်နဲ့  ငြိမ်းချမ်းစွာ လက်တွဲနေထိုင်ကြရန်၊ တည်ငြိမ်အေးချမ်းမှုမရှိပါက အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် အိန္ဒိယ အရှေ့တောင် အာရှနိုင်ငံတို့ရဲ့ ကုန်သွယ်မှုမှုများကို ထိခိုက်စေနိုင်ကြောင်း၊ လူမျိုးစုများအနေဖြင့် ငြိမ်းချမ်းစွာအတူတကွလက်တွဲပြီး မိုးရေးမြို့၏ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကိုလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့သတင

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ လ ၁၆ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတန်ဖိုးရှိ ရေဘဝဲ ၄ တန်ကျော်တင်ပို့နိုင်ခဲ့ ပါတယ်။ ယခုတစ်ပတ်အတွင်း ရေဘဝဲအပြင် ကန်ဒေါ်လာ သုည ဒသမ ၆၃၄ သန်း တန်ဖိုးရှိ ငါးမျိုးစုံ  ၆၇၉ တန်ကျော်၊ ပုစွန် ၅ တန်ကျော်နဲ့ ပင်လယ်ငါးရှဉ့် ၇ တန်ကျော် တင်ပို့နိုင် ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာလည်း ရေဘဝဲ တန်ချိန် ၆ တန်နီးပါး တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်း နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

admin_ygn

   ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှ ၁၆ ရက်အတွင်း ကန်ဒေါ်လာ ၅၅၀၇ တန်ဖိုးရှိတဲ့ ရွှေဖရုံသီး ၅၇ တန်ကို မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တရုတ်ပြည်ကို တင်ပို့ခဲ့ပါတယ်။ ရွှေဖရုံသီးအပြင် ပုံမှန်တင်ပို့နေကျ ဖရဲသီး ၃၂၅၂၃ တန်၊ သခွားမွှေး ၂၅၂၀ တန်၊ ဆီးသီး ၈၆၃ တန်ခွဲ တို့ကိုလည်း ကန်ဒေါ်လာ ၄ ဒသမ ၇၆၂ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခုရက်သတ္တပတ်မှာလည်း မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးကလည်း ကန်ဒေါ်လာ ၃၆၅၀၉ တန်ဖိုးရှိ လိမ္မော်သီး ၁၉၈ တန်တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တာချီလိတ်က လိမ္မော်သီး ၁၃၂ တန် သာတင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ လိမ္မော်သီးတင်ပို့မှုလည်

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက ဇန်နဝါရီ လ ၁၆ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်းတန်ဖိုးရှိ ပင်လယ် ငါးရှဉ့် ရှစ် တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုရက်သတ္တပတ်အတွင်း ပင်လယ် ငါးရှဉ့်အပြင် ကန်ဒေါ်လာ သုည ဒသမ ၆၂၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၆၇၉ တန်၊ ပုဇွန် ၅တန်ကျော်နဲ့ ရေဘဝဲ ၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာလည်း ကန်ဒေါ်လာ သုည ဒသမ ၀၇၆ သန်းတန်ဖိုးရှိ ပင်လယ် ငါးရှဉ့် ၅၈ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

admin_ygn

   မြန်မာ့လက်ဖက်ကို ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့အနီးဝန်းကျင်နဲ့ တာချီလိတ်မြို့ရဲ့ တောင်ကြော/တောင်တန်းများပေါ်မှာစိုက်ပျိုးကြပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို တင်ပို့ရောင်းချကြရာ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၁၀ ရက်မှ ၁၆ ရက်တာသီတင်းပတ်မှာ ကန်ဒေါ်လာ ၂၂၃၃၀ တန်ဖိုးရှိ လက်ဖက်ခြောက် ၆၇ တန်ခွဲကိုတင်ပို့ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်က တန် ၃၀ ခွဲတင်ပို့ခဲ့ပြီး ဒီဇင်ဘာ လမှာ ၁၅ တန်ကျော်တင်ပို့ခဲ့ပါတယ်။

မော်မော်အောင် MIRT (DCCA)

admin_ygn

   မြန်မာ့ဆန်ဖြူများကို အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်စခန်းများမှတစ်ဆင့် တင်ပို့ရာတွင် ဇန်နဝါရီလ  ၁၀ ရက်မှ  ၁၆ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁၃ ဒသမ  ၄၂၂ သန်းဖိုးရှိ ဆန်ဖြူ ၃၆၂၅၈ တန်တင်ပို့ နိုင်ခဲ့ ကြောင်းသိရပါတယ်။

   နယ်စပ်အလိုက်   တင်ပို့မှုများမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်မှ  ငစိန်ဆန်  ၁၉၆၉၀ တန်၊ ဧည့်မထဆန်  ၁၀၈၉၈ တန်၊ လွယ်ဂျယ်စခန်းမှ ဧည့်မထ ဆန် တန် ၅၀၀၀၊ ချင်းရွှေဟော်စခန်းမှ တန်  ၅၇၀ တင်ပို့ခဲ့ပါတယ်။

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှာ ကန်ဒေါ်လာ ၆ ဒသမ ၄၁၇ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၂၉၁၉ တန်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ တန်ချိန်တွေကတော့ မူဆယ်မှ ၂၂၆၁၈ တန်နဲ့ ချင်းရွှေဟော်မှ ၃၀၁ တန်ဖြစ်ပါတယ်။ ယခုရက်သတ္တ ပတ်မှာ လွယ် ဂျယ်နဲ့ ကန်ပိုက်တီးကနေ ပြောင်းတင်ပို့မှု မရှိခဲ့ ပါဘူး။ ယခင်ရက်သတ္တပတ်က ၃၉၁၄၅ တန်ထိ တင်ပို့နိုင်ခဲ့လို့  ယခုတစ်ပတ်မှာ ၁၆၂၂၆ တန် လျော့နည်းသွား တာတွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာလည်း ယခင်ရက်သတ္တပတ်က ပြောင်းတစ်တန်ရဲ့  မိမိဘက်ဈေး ၂၇၅၀၂၁ ကျပ်ဖြစ်ပြီး ယခုတစ်ပတ်မှာ ၂၇

admin_ygn

   ထိုင်းမြန်မာနှစ်နိုင်ငံမှ တာဝန်ရှိ သူများသည် မြဝတီနဲ့ မဲဆောက်ရှိ ထိုင်း မြန်မာချစ်ကြည်ရေး တံတားဖွင့်လှစ်ချိန်ကို ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ တိုးမြှင့်သတ်မှတ်ပေးလိုက် ပြီဖြစ်ပါတယ်။ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုပမာဏမြှင့်တက်ရန်နဲ့ ခရီးသွားများဝင်ထွက်မှုများပြားစေရန် ရည်ရွယ်ပြီးယခုကဲ့သို့ ချစ်ကြည်ရေးတံတားဖွင့်လှစ်ချိန်ကို တိုးမြှင့်ပေး လိုက်တာဖြစ်ပါတယ်။ ယခင် ကတံတားဖွင့်လှစ်ချိန်မှာ နံနက် ၀၆း၀၀ မှ ညနေ ၆း၀၀ ချိန်ထိ ဖြစ်ပြီး ယခုအခါ ဇန်နဝါရီလ ၅ ရက်နေ့မှစပြီး နံနက် ၀၅း၀၀ မှ ည ၈း၀၀ ချိန်ထိ တိုးမြှင့် ဖွင့်လှစ်ပေးလိုက်တာဖြစ်ပါတယ်။ ယခုလို ချစ်ကြည်ရေးတံတားဖွင့်လှစ်ချိန် တိုးမြှင့်ပေးလိုက်တဲ့အတ