admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးနဲ့ လွယ်ဂျယ်နယ်စပ်စခန်းများမှ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်တာ ရက် သတ္တပတ်အတွင်း ကန်ဒေါ်လာ ၁၀ ဒသမ ၂၄၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့တန်ချိန် ၃၆၅၅၂ တန်ကျော်တင်ပို့ခဲ့ပါတယ်။  ယခင်ရက်သတ္တပတ်က မူဆယ်နဲ့ ချင်းရွှေဟော် စခန်းနှစ်ခုမှ ပြောင်းဖူးစေ့ ၃၀၆၄၆ တန်သာတင်ပို့ခဲ့လို့ ယခုရက်သတ္တပတ်မှာ  တရုတ်နယ်စပ်ကပြောင်းတင်ပို့မှုတွေပိုမိုလာတယ်လို့ဆိုရပါမယ်။ မူဆယ်ကုန်စည်ဒိုင်ရဲ့ ပြောင်း တစ်တန်ဈေးဟာ ယခင်တစ်ပတ်က ၂၇၁၁၈၂ ကျပ်ရှိရာမှ ယခုတစ်ပတ်မှာတော့ ၂၇၈၂၀၇ ကျပ်သို့ ဈေးအနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။ အရည်အသွေးပြည့်

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့  ချင်းရွှေဟော်စခန်းမှ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၅၃ သန်း တန်ဖိုးရှိ ရော်ဘာ ၉၅၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။

   မူဆယ် ၁၀၅ မိုင်မှ RSS - 3  ၇၇၅ တန်ကျော်နဲ့  MSR -20 ၆၇ တန်တင်ပို့ခဲ့ပြီး ယခင်သီတင်းပတ်ထက် ၂၆၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်စခန်းမှ RSS - 3 ၁၁၁ တန်တင်ပို့နိုင်ပြီး ယခုတစ်ပတ်မှာ ၁၆ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ စီမံကွပ်ကဲမှုနဲ့ မြဝတီ-ရန်ကုန်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးနဲ့ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများအား စစ်တောင်းတံတားဟောင်းသစ်လမ်းဆုံရှိ ညောင်ခါးရှည်မှာ Mobile Team အဖွဲ့ လရ-၂ သည်  ယာယီအခြေပြု၍ ဆောင် ရွက်လျက်ရှိပါတယ်။

admin_ygn

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အားရှောင်ကွင်းပြီး တရားမဝင်ကုန်သွယ်မှုများပြုလုပ်လျက်ရှိကြောင်းသတင်းများအရ မြေပြင်စုံစမ်းမှုများ အချိန်ယူပြုလုပ်ပြီး တရားမဝင် ကုန်ပစ္စည်းများ ယာယီသိုလှောင်ထားတဲ့ မော်ထောင်ကျေးရွာအနီးရှိနေရာအား ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၄၀ အချိန်မှာဝင်ရောက် စစ်ဆေးမှုပြုလုပ်ခဲ့ရာမှာ အကောက်ခွန်မဲ့ပစ္စည်း ၁၀ မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ် ၁၆၅ သိန်းကျော်ဖိုးအားသိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ အဆိုပါ အကောက်ခွန်မဲ့ပစ္စည်းများနဲ့ အတူ မြန်င်ငံအတွင်း တရားမဝင်ဖြန့်ဖြူးရန်သယ်ဆောင်လာသော High Commissioner ပုလင်း ၁၉၀၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့သိရပါ

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၁ ရက်မှ ၂၃ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၂၁ သန်းတန်ဖိုးရှိ ပင်လယ် ငါးရှဉ့် ၁၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။  ပင်လယ် ငါးရှဉ့်အပြင် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၉၃၈ သန်း တန်ဖိုး ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၃၃၉၃ တန်ကျော်၊ ကင်းမွန် ၉၅ တန်ကျော်၊ ပုစွန် ၁၅ တန်ကျော်၊ ခရုကမာခွံ ၁၉ တန်ကျော် ပင်လယ်ငါးရှဉ့် ၁၁ တန်ကျော်နဲ့ ရေဘဝဲ ၅ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၁ ရက်မှ ၂၃ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၂၁ သန်းတန်ဖိုးရှိ ပင်လယ် ငါးရှဉ့် ၁၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။  ပင်လယ် ငါးရှဉ့်အပြင် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၉၃၈ သန်း တန်ဖိုး ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၃၃၉၃ တန်ကျော်၊ ကင်းမွန် ၉၅ တန်ကျော်၊ ပုစွန် ၁၅ တန်ကျော်၊ ခရုကမာခွံ ၁၉ တန်ကျော် ပင်လယ်ငါးရှဉ့် ၁၁ တန်ကျော်နဲ့ ရေဘဝဲ ၅ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

admin_ygn

   မန္တလေး-မူဆယ်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ နောင်ချိုယာယီအခြေပြု  Mobile Team အဖွဲ့သည်  ဇန်နဝါရီလ ၁၅ ရက်နေ့  မနက် ၂ နာရီခွဲမှ ၁၆ ရက်နေ့  ည ၁ နာရီမိနစ် ၅၀ အချိန်တွင်း Center နဲ့ မှန်လုံယာဉ် ၆ စီးပေါ်မှ ကျပ် ၈၇ ဒသမ ၆၁၀ သိန်းတန်ဖိုးရှိ မှိုခြောက်၊ ကြက်သားမှုန့်၊ ဘီစကစ်၊ အချိုရည်၊ မဝတ်နဲ့ ကလေးဝတ်အင်္ကျီ၊ ရှပ်၊ ဘောင်းဘီ၊ Portable EVD Player၊ ကြွက်သတ်ဆေး၊ Jin Shenxang Yan Beer၊ အမွှေးတိုင်၊ ငြမ်းကလစ်၊ လျှပ်စစ်စက်ဘီးရှေ့မီးသီး၊ Gearbox၊ LED မီးသီးများ၊ Bolt & Nut၊ Cleaning & Maintaining Tellary၊ Desktop Manual၊ Paper Cutting  Machine များနဲ့အတူ ဆက်သွယ်ရ

admin_ygn

   တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ITC ဖြင့် ကုန်သွယ်ခွင့်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းတမူးနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် စတင်ကုန်သွယ်မှု ခွင့်ပြုလျက်ရှိ ရာ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ မြဝတီ၊ တာချီလိတ်၊ လွယ်ဂျယ်၊ ချင်းရွှေ ဟော်၊ ကန်ပိုက်တီး၊ ရိဒ်၊ မြိတ်၊ ကော့သောင်း၊ ထန်တလန်၊ မောတောင်၊ ထီးခီး၊ မန္တလေးတိုင်းဦးစီးမှူးရုံး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံရုံးခွဲ၊ ကချင်ပြည်နယ်မြစ်ကြီးနား ကူးသန်းရောင်းဝယ်ရေးစခန်းများတွင်လည်း ITC ကတ် နဲ့အသီးသီးခွင့်ပြုခဲ့ပြီးဖြစ် ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၅ ဇန်နဝါရီလ ၂၃ ရက် နေ့ထိနယ်စပ်စခန်းများမှ ပို့ကုန

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်း၊ မြိတ်နယ်စပ် ကုန် သွယ်ရေးစခန်းတို့မှ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၄၃၈ သန်း တန်ဖိုးရှိ ရေထွက်ကုန်  ၂၅၃၆ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

   နယ်စပ်စခန်းအလိုက် ဆောင်ရွက်နိုင်မှုများမှာ မြဝတီကုန်သွယ်ရေးဇုန်မှ  ကန်ဒေါ်လာ သုည ဒသမ ၁၈၆ သန်း တန်ဖိုးရှိ ငါးမျိုးစုံ တန် ၁၀၀ နီးပါး၊ ကဏန်း ၁၀ တန်ကျော်၊ ပုစွန် ၄ တန် ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၉ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   ဇန်နဝါရီလ ၂၆ ရက်က အိန္ဒိယ နိုင်ငံရဲ့ ပြည်ထောင်စုနေ့ဖြစ်ပါတယ်။ မဏိပူရပြည်နယ်အပါအဝင်  အိန္ဒိယ အရှေ့မြောက်ပြည်နယ်များရှိ လက်နက်ကိုင်သောင်းကျန်းသူများ က အိန္ဒိယနိုင်ငံရဲ့ ပြည်ထောင်စုနေ့အား ဆန့်ကျင်ဆန္ဒပြမယ်လို့ထုတ်ပြန်ခဲ့တာကြောင့် သက်ဆိုင်ရာပြည်နယ်တစ်ဝန်းလုံးမှာ လုံခြုံရေးတပ်ဖွဲ့များ တင်းကြပ်စွာချထားလျက် ရှိပါတယ်။ ပြည်ထောင်စုနေ့အခမ်းအနားအားနှောင့်ယှက်တဲ့အနေနဲ့ လက်နက်ကိုင်သောင်းကျန်းသူများက အကြမ်းဖက်ဗုံးထောင်ဖောက်ခွဲမှုများ၊ လုံခြုံရေးတပ်ဖွဲ့များအား တိုက် ခိုက်မှုများနဲ့ ဆန္ဒပြုမှုများကို နှစ်စဉ် ပြုလုပ်လေ့ရှိကြောင်း Sangai Express သတင်းစာမှာ ဖော်ပြထားပါတယ်။