မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ ရက် အတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၄၃ သန်းတန်ဖိုးရှိ ငါးမှုန့် တန် ၈၃၀ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့အတွက် ယခင်တစ်ပတ်ထက် တန် ၈၃၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းမှာလည်း တန်ချိန် ၁၆၅၀ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၁၁၅ သန်း တင်ပို့နိုင်ခဲ့ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလမှာကန်ဒေါ်လာသုည ဒသမ ၁၂၈ သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန် ၈၈၂ တန်ကျော်တင်ပို့ ခဲ့ပြီး အနီးစပ်ဆုံးဖြစ်တဲ့ ဒီဇင်ဘာလမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန်ဖိုးရှိတဲ့ လယ်ယာထွက်ကုန် ၅၂၁ တန် တင်ပို့ခဲ့တဲ့အတွက် ယခုလနဲ့ ယခင်လ နှိုင်းယှဉ် ပါက ကန်ဒေါ်လာ သုည ဒသမ ၀၇၃ သန်း တန်ချိန် ၃၆၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ဇန်နဝါရီလရဲ့ အများဆုံးတင်ပို့ခဲ့တဲ့ လယ်ယာထွက်ကုန်ပစ္စည်းများကတော့ မန်ကျည်းစေ့ ၇၇၈ တန်၊ ဇီးသီး ခြောက် ၅၆ တန်၊ မန်ကျည်းဖတ် ၂ တန်ကျော်နဲ့ နနွင်းတက် ၄၆ တန် တို့ ဖြစ်ကြပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်းတန်ဖိုးရှိ ကင်းမွန် မျိုးစုံဖြစ်သော ကင်းမွန်ခြောက် ၃၇ တန်ကျော်၊ ကင်းမွန် ၉ တန်ကျော်၊ ကင်းမွန်ခေါင်း ၁ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အပြင် ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၅၆၀၆ တန်ကျော်၊ ငါးမှုန့် ၁၆၅၀ တန်၊ ကဏန်းပျော့ ၅၅ တန်ကျော်၊ ရေငန် ပုစွန်တန် ၈၀ နီးပါး၊ ကဏန်းနီတန် ၉၀ နီးပါး၊ ပုစွန် ၇၄ တန်ကျော်၊ ငါးအသားလွှာ ၂၄ တန်၊ ပုစွန်ခြောက် ၃ တန်ကျော်၊ ရေခူခြောက် ၇ တန်နီးပါး၊ ငါးခြောက် ၂ တန်ကျော်၊ ကဏန်းသေးအသေ ၅ တန် ကျော်နဲ့ သဲကဏန်း ၃ တန်ကျော်တို့ကိုလည်းတင်ပို့နိုင်ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ လ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၀၂၄ သန်းတန်ဖိုးရှိတဲ့ တစ်သျှူးငှက်ပျောတန်ချိန် ၇၀၀၀ ကိုတင်ပို့ခဲ့ပါတယ်။ ကချင်ပြည် နယ်ဒေသထွက်တစ်သျှူးငှက်ပျောတစ်တန်ရဲ့ မိမိဘက်ပေါက်ဈေးဟာ ကျပ် တစ်သိန်းခွဲဖြစ်ပြီး ဇန်နဝါရီလလယ်က တန်ချိန် ၆၂၀၀ တင်ပို့ခဲ့တယ်လို့သိရပါတယ်။
မော်မော်အောင် MIRT (DCCA)
ဖေဖော်ဝါရီလ ပထမပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၄၄၆ သန်းတန်ဖိုးရှိတဲ့ ငွေချည် (၆) ဝါ ၂၀၂ တန်ခွဲ တင်ပို့ခဲ့သလို ကန်ဒေါ်လာ သုည ဒသမ ၉၁၆ သန်း တန်ဖိုးရှိတဲ့ လဲမှို့ ၁၀၉၁ တန်ကိုလည်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကနေ တင်ပို့ခဲ့ပါတယ်။ ငွေချည် (၆)ဝါကိုတော့ တရုတ်နိုင်ငံကပုံမှန်ဝယ်ယူမှုရှိပါတယ်။
မော်မော်အောင် MIRT (DCCA)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်စခန်းမှ ဖေဖော်ဝါရီ ပထမပတ်မှာ ကန်ဒေါ်လာ ၅ ဒသမ ၆၉၆ သန်းဖိုးရှိ ဆန်တန်ချိန် ၁၅၅၇၅ တန်ကျော်တင်ပို့ခဲ့ပါတယ်။
ယခင်သီတင်းပတ်က တင်ပို့မှုရှိခဲ့တဲ့ ချင်းရွှေဟော်စခန်းမှ ယခုတစ်ပတ်မှာမတင်ပို့နိုင်ခဲ့ပါဘူး။ မူဆယ် (၁၀၅)မိုင်မှ ကန်ဒေါ်လာ ၄ ဒသမ ၆၄၆ သန်းတန်ဖိုးရှိ ငစိန်ဆန် ၈၇၂၃ တန်နဲ့ ဧည့်မထဆန် ၃၈၅၃ တန်ခန့် တင်ပို့ခဲ့ပြီး ယခင်သီတင်းပတ် တင်ပို့မှုထက် တန် ၁၁၀၀၀ လျော့နည်းခဲ့ပါတယ်။
ဖေဖော်ဝါရီလ၄ ရက်နေ့ ၀၉ း၃၀ ချိန်ခန့်မှာ မန္တလေး-မူဆယ်လမ်းကြောင်းပေါ်ရှိ နောင်ချို Asia World Toll Gate အနီး တာဝန်ထမ်းဆောင်နေတဲ့ Mobile Team လရ-၁ အဖွဲ့ထံ Toyota Ipusm 6C/xxxx ဟာ ဝင်ရောက်စစ်ဆေးခံခဲ့ပါတယ်။ အဆိုပါ ယာဉ်ပေါ်မှာ တရားမဝင်တင်ဆောင်လာတဲ့ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးအကြီး ၆ တုံး ၆၆၂ ကီလို ဂရမ်နဲ့ ကျောက်တုံးအသေးများ ၃၁၃ ကီလိုဂရမ်ကို Mobile Team အဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ စစ်ဆေးတွေ့ရှိခဲ့တဲ့ ကျောက်စိမ်းတုံးအရွယ်စုံ ၉၇၅ ကီလိုဂရမ်ဟာ ခန့် မှန်းတန်ဖိုးကျပ် ၉၅၇ သိန်းရှိတယ်လို့သိရပါတယ်။ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးများတင်ဆောင်လာတဲ့ယာဉ်ကို စစ်ဆေး
မြဝတီ-ရန်ကုန်ကုန်သွယ်မှုလမ်းကြောင်းတွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးနဲ့ စားသုံးသူအကာအကွယ်ပေးရေးတာဝန်ထမ်းဆောင်နေသော Mobile Team အဖွဲ့ဟာ ဇန်န ဝါရီလ၂၆ ရက်နေ့က ကုန်တင်ယာဉ်သုံးစီးပေါ်မှ Back Hole ယာဉ် ၅ စီးနဲ့ အခြားပစ္စည်းများကို စစ်ဆေးတွေ့ရှိရကြောင်း Commerce Journal အတွဲ ၁၅ အမှတ် ၅ စာမျက်နှာ ၁၉ မှာ သတင်းဖော်ပြထားပြီးဖြစ်ပါတယ်။
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဇန်နဝါရီ ၂၄ ရက် နံနက် ၆ း ၁၅ ချိန်ခန့်မှာ မော်ထောင်း နမ့်တောင်ကျေးရွာအနီး ရှောင်ကွင်းလမ်း မှာစောင့်ဆိုင်းစဉ် ၁၂ ဘီးယာဉ် ၃ စီး၊ ၁၀ ဘီးယာဉ် ၁ စီးတို့နဲ့ နွားအရှင် ၂၅ ကောင်၊ ကျွဲအရှင် ၆၄ ကောင် စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ် ၆၇၄ ဒသမ ၅၀ သိန်းအား တားဆီးနိုင် ခဲ့တယ်လို့သတင်းရရှိပါတယ်။ ကျွဲနွားအရှင် ၈၉ ကောင်ကို အဖွဲ့စုံနဲ့ မူဆယ် မြို့နယ်စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းအပ်နှံပြီးဖြစ်တယ်လို့သိရပါတယ်။
မန္တလေး-မူဆယ်ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်မှာ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရန် နောင်ချိုယာယီအခြေပြု Mobile Team လရ-၁ အဖွဲ့ တာဝန်ထမ်းဆောင်နေစဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၃း၃၀ချိန်ခန့်မှာ သစ္စာဟိဏ်းမှန်လုံယာဉ် 8D/xxxx ပေါ် Gear Wheel Pinion၊ အနံ့ရည်၊ ကလေးအဝတ်အထည်၊ အလှဆီ၊ လက်သည်းဖျက်ဆေး၊ Acrylic Powder၊ Soldering Station Quick၊ Injet ink၊ ကားဘန်ဘာ၊ Portable Air Compressor စတဲ့လူသုံး၊ အိမ်သုံးပစ္စည်း ၁၀မျိုး၊ ခန့်မှန်းတန်ဖိုး ၃၉၁၄၀၀၀ ကျပ်အားသိမ်းဆည်းရမိတဲ့အတွက် အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီအမှုတွဲဖွင့်အရေးယူထားပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။