admin_ygn

   ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်မှာ မန္တလေး- မူဆယ်ကုန်သွယ်မှုလမ်းကြောင်းအတိုင်း မောင်းနှင်လာသောစိတ်ကြိုက်မှန်လုံယာဉ်လိုင်းပေါ်မှ ယာဉ်အမှတ် ၅ခ/xxxx  ယာဉ်အား နောင်ချို  Mobile Team   အဖွဲ့သို့ဝင်ရောက်စစ်ဆေးခံရာ ယာဉ်နောက်ပိုင်းမှာ သိုဝှက်တင်ဆောင်လာတဲ့ ဆင် သားရေခြောက် ၁၀ ထုတ်၊ ၉၆ ဒသမ ၁၆ ပိဿ    ာခန့်မှန်းတန်ဖိုးကျပ် ၁၉၆ဒသမ၃၂၀သိန်းအား ပိတောက်ခွဲသား၊ တမလန်းဓါးရွေများနဲ့အတူစစ်ဆေးတွေ့ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် တို့မှာ ယာဉ်ပေါ်ပါကုန်များအား Mobile Team  အဖွဲ့မှ စစ်ဆေးစဉ် ထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါတယ်။

admin_ygn

   နောင်ချို Asia World တိုးဂိတ်အနီးအခြေပြု  Mobile Team လရ-၁ အဖွဲ့သည် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ယာဉ်စစ်ဆေးရေးဂိတ်တွင် ဝင်ရောက် စစ်ဆေးနေစဉ် ဧရာဝတီ မှန်လုံယာဉ် အမှတ် ၅ခ/xxxx  ပေါ်မှ ယာဉ်နောက်ပိုင်းတွင် သိုဝှက်သယ်ဆောင်လာတဲ့ တမလန်းသစ်များကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်း ဂုတ်တွင်းအနီးညောင်ပင်မှ နောင်ချိုမြို့အထွက် ရှောင်ကွင်းလမ်းတွင် စုပုံထားတဲ့ ပိတောက်ခွဲသားများကို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ အဆိုပါသိမ်း ဆည်းရမိ မှန်လုံယာဉ်ပေါ်မှ တမလန်းသစ်များနဲ့ စုပုံထားတဲ့ ပိတောက်သစ်များရဲ့ ခန့်မှန်းတန်ဖိုးကျပ် သန်းပေါင်း ၂ ဒသမ ၃၉၇ ဖြစ်ပြ

admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောစခန်းမှ နှစ်စဉ်ဝယ်လိုအားရှိနေတဲ့ ရေထွက်ပစ္စည်းအနက် ငါးခြောက်များကို ပွင့်လင်းရာသီတွင် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိရာ ၂၀၁၄-၂၀၁၅ ဧပြီလမှ ဇန်နဝါရီလနောက်ဆုံးပတ်ထိ ငါးခြောက်တန်ချိန် ၁၈၀၀ တန်ကျော် ကန်ဒေါ်လာ တစ်သန်း သုံးသိန်းကျော်ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။

  ပွင့်လင်းရာသီဖြစ်တဲ့ စက်တင်ဘာလ၊ အောက်တိုဘာလလောက်ကစပြီး ငါးခြောက်တင်ပို့မှုများလာပါတယ်။ တစ်နှစ်မှာ ကိုးလလောက်တင်ပို့နိုင်ခဲ့ပြီး ရေထွက်ပစ္စည်းတွေ အနက် ဝယ်လိုအားအရှိဆုံး ပို့ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

admin_ygn

   ကချင်ပြည်နယ်အတွင်းသို့ ကချင်ရိုးရာဝတ်စုံများ တရုတ်နိုင်ငံမှ တစ်ဆင့်ဝင်ရောက်နေလျက်ရှိနေပါတယ်။ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ တရားဝင်တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားခြင်းမရှိသလိုတင်သွင်းခွင့်လည်းပြုမထားပါဘူး၊ ကချင်ရိုးရာဝတ်စုံများ ပြည်ပမှဝင်နေခြင်းအားဖြင့် မိမိနိုင်ငံတိုင်းရင်းသားများရဲ့ ရိုးရာ ဝတ်စုံထုတ်လုပ်မှုလုပ်ငန်းများ တိမ်ကောပျောက်ကွယ်သွားနိုင်တဲ့အတွက် မိမိအကျိုးစီးပွားတစ်ခုတည်းရှေ့တန်းတင်ပြီး တစ်ဖက်နိုင်ငံလုပ် ကချင်ရိုးရာအဝတ်အထည်တုများ တင်သွင်း မှုမပြုကြရန် ဇန်နဝါရီလ ၂၇ ရက်နေ့က ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်

admin_ygn

   ပြည်ပမှ တစ်ပတ်ရစ်များတင်သွင်းခွင့်ပြုခြင်းကို ၂၀၁၃ ခုနှစ်မှစ၍ တစ်နှစ်ချင်းခွင့်ပြုပေးလျက်ရှိရာ ဒုတိယအကြိမ်စမ်းသပ်ကာလသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့ တွင် ကုန်ဆုံးခဲ့ပြီးဖြစ်ပါတယ်။

  တတိယအကြိမ်စမ်းသပ်ကာလအဖြစ်တင်သွင်းခွင့်ပြုနိုင်ရန် အကောက်ခွန်ဦးစီးဌာနမှ သဘောထားမှတ်ချက်ရယူပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့ကပြုလုပ်တဲ့ ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၏ သဘောတူညီချက်ဖြင့် ပြည်ပမှ တစ်ပတ်ရစ်များ တင်သွင်းခွင့်ကို တတိယအကြိမ်စမ်းသပ်ကာလ အဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ထိ သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

MIRT (DCCA)

 

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၁၇ ရက်မှ  ၂၃ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်းတန်ဖိုးရှိ ခရုကမာခွံ ၁၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ခရုကမာခွံအပြင် ငါးမျိုးစုံ ၉၂၂ တန်ကျော်၊  ကင်းမွန် ၄၈ တန်ကျော်၊ ပုစွန် ၄ တန်ကျော်၊ ပင်လယ်ငါးရှဉ့် ၃ တန်ကျော်၊ ရေဘဝဲ ၁ တန်နီးပါးနဲ့ သီဟိုစေ့ ၆ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်က ဇန်နဝါရီလ ၁ ရက်မှ  ၂၃ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၃၂ သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန် များဖြစ်တဲ့ ကြက်သွန်နီ  ၃၇၂ တန်ကျော်၊ မြေပဲဆံ ၅၃၅ တန်ကျော်၊ နနွင်းတက် ၆ တန်ကျော်၊ ပဲလွန်းဖြူ  ၁၉ တန်ကျော်နှင့် ငရုတ် သီးခြောက် ၁၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ လယ်ယာထွက်ကုန်တင်ပို့မှုဟာ တန် ၃၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

 

admin_ygn

   နယ်စပ်ကုန်သွယ်ရေးမှ ဆန်ကိုအဓိကထားတင်ပို့လျက်ရှိတဲ့ စခန်းများကတော့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စခန်း များဖြစ်ပါတယ်။ ယခင်သီတင်းပတ်က မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်ဖြစ်တဲ့ မောင်တောစခန်းမှတင်ပို့မှုရှိသလို ယခုသီတင်းပတ်မှာလည်းတင်ပို့နိုင်ခဲ့ပါတယ်။

   ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်ထိ  ကာလအတွင်းမှာ နယ်စပ်စခန်းစုံမှ ကန်ဒေါ်လာ ၁၁ ဒသမ ၁၁၇ သန်းဖိုးရှိ ဆန်တန် ချိန် ၃၀၁၂၉ တန်ကိုတင်ပို့ခဲ့ပြီး ယခင်သီတင်းပတ် ထက် ၆၁၂၈ တန် လျော့နည်းခဲ့ပါတယ်။

admin_ygn

   မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ်အင်အား ဒုတိယညွှန်ကြားရေးမှူးဦးစီးတဲ့ Mobile Team အဖွဲ့က ဇန်နဝါရီလ ၁၁ ရက်နေ့မှာ m Asia World Toll Gate အနီးရှောင်ကွင်းလမ်းတွင် အေးခဲဘဲသား (၃၉)ဖာနဲ့ အေးခဲကြက်သား ၁၂ ဖာတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ အဆိုပါ အေးခဲဘဲသား၊ ကြက်သား များဟာ အလေးချိန်အားဖြင့် ကီလို ၇၁၀ ရှိပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၂၁ ဒသမ ၃၀၀  ရှိတယ်လို့ သိရပါတယ်။ အဆိုပါသိမ်းဆည်းရမိပစ္စည်းများအား လုပ်ထုံးလုပ်နည်းနဲ့ အညီ မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့လွှဲပြောင်းအပ်နှံ၍ အမှုတွဲများဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ အဆိုပါ အေးခဲဘဲသား၊ ကြက်သားများမှာ FDA&n

admin_ygn

   တာချီလိတ်-ကျိုင်းတုံလမ်းမကြီးတောင်သုံးလုံးကျေးရွာအနီးမှာ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းထုတ်နုတ်အင်အား Mobile Team မှ ဦးစီးအရာရှိ ဦးစီးသောအဖွဲ့ဟာ  ကင်းပုံးဝပ်စောင့်ဆိုင်းနေစဉ် သုံးဘီး ယာဉ် ၃ဟ/xxxx နဲ့ ၄ဟ/xxxx တို့အားတားဆီးစစ်ဆေးရာမှာ ပိတ်လိပ် အဝတ်အထည်၊ နေရောင်ကာလိုက်ကာစနဲ့  Wall Covering တို့ အား သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ သိမ်းဆည်းရမိပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၃၈ သိန်းကျော်တန်ဖိုးရှိပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ မြို့နယ်အကောက်ခွန် ရုံးသို့ အပ်နှံထားပြီးဖြစ်တယ်လို့သိရပါတယ်။

DCCA