မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၆၂၄ သန်း တန်ဖိုးရှိသကြား ၄၅၃၉၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှRe-export သကြား ၄၅၀၅၈ တန်ကျော်၊ ချင်းရွှေဟော်မှ သကြားဖြူ ၂၆၉ တန်နဲ့ ွRe-export သကြား ၆၉ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က အဆိုပါ စခန်းနှစ်ခုမှ ၄၆၃၉၀ တန် ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်တရုတ်နိုင်ငံသို့ သကြား ၉၉၃ တန်ခန့် လျော့နည်းတင်ပို့ခဲ့ပါတယ်။
တရုတ်(တိုင်ပေ)မှဝယ်လက်များကြောင့် ယခုနှစ် ကွမ်း ရွက်ဈေးမှာ ယခင်နှစ်ထက် မြင့်တက်ခဲ့ပြီး ကွမ်းစိုက်တောင် သူတို့ ဈေးကောင်းရနေကြောင်း မုံရွာမြို့ရှိ ကွမ်းပွဲရုံများထံမှ သိရှိရပါတယ်။ ကွမ်းရွက်ဈေးမှာ ကွမ်းစိမ်းတစ်ပိဿာ ကျပ် ၁၀၀၀၀၊ကွမ်းနုဝါ တစ်ပိဿာ ကျပ် ၈၀၀၀ ဈေးရှိပြီး ယခင်နှစ် ထက် ယခုနှစ်မှာ တစ်ပိဿာ ကျပ် ၂၀၀၀ ကျော် ဈေးမြင့်လာ ကြောင်းသိရပါတယ်။
ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက် အထိ သီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၉ သန်းတန်ဖိုးရှိ ငါးနီတူခြောက် ၂၃ တန်နဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၅ သန်းတန်ဖိုးရှိ ငါးစုံလေး ခြောက် ၂၄၈ တန်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်ကထက် ငါးနီတူခြောက် ၁၄ တန် နဲ့ ငါးစုံလေးခြောက် ၂၃၈ တန် ပိုမို တင်ပို့ခဲ့ပါတယ်။ ယင်းသို့ပိုမိုတင်ပို့ခဲ့ ခြင်းမှာ ယခုတစ်ပတ်မှာ မောင်တော ကုန်သွယ်ရေးစခန်းမှ ငါးနီတူခြောက်နဲ့ ငါးစုံလေးခြောက်များ ပြန်လည် တင်ပို့ လာခဲ့ခြင်းကြောင့် ဖြစ်တယ်လို့သိရပါ တယ်။
ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေး စခန်းများနဲ့ ကုန်သွယ်ရေးဇုန်များမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၅၉ သန်းတန်ဖိုးရှိ ဆိုင်ကယ် မျိုးစုံ ၂၁၃၄၉ စီးကို တင်သွင်းခဲ့ပါတယ်။ ယခင်တစ် ပတ်က ၁၀၄၄၅ စီး တင်သွင်းခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၁၀၉၀၄ စီး ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခုကဲ့သို့ ပိုမိုတင်သွင်းခဲ့ခြင်းမှာ မူဆယ် ကုန်သွယ်ရေးဇုန်နဲ့ မြဝတီကုန်သွယ် ရေးဇုန်များမှ ဆိုင်ကယ်များ ပိုမို တင် သွင်း သောကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈၅၀၀ တန်ဖိုးရှိ လဲမှို့ ၁၀ တန် တင်ပို့ခဲ့သလို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၇၂ သန်း တန်ဖိုးရှိ ပိုးအိမ် ၁၆ တန် တင်ပို့ခဲ့ပါတယ်။မောင်တောမှ လဲမှို့ ၁၂ တန်ကို အောက်တိုဘာလ အတွင်းက တင်ပို့ခဲ့ပြီး လိုင်စင်ဈေးမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၈၅၀ ရှိတယ်လို့ သိရပါ တယ်။
မော်မော်အောင်
ဇန်နဝါရီ ၁ ရက်မှ ၇ ရက် အထိ သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင် တန်ချိန်၂၂၃၇၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်က ဝင်ရောက်ခဲ့တဲ့ တန်ချိန် ၈၂၀၀ ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၁၄၀၀၀ ကျော် အဝင်ပိုခဲ့ပါတယ်။ ဒီတစ်ပတ် နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၉၄၀၀ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၃၀၃၅၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၀၉၀၀ ကျော်အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှအဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်လျော့ခဲ့ပါ တယ်။
ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၆၂၇၄၆၈ တန်ဖိုးရှိ မြေသြဇာ ၃၆၅၆ ဒသမ ၈၀၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၂၀၈၇ တန်၊ ဂျပန်နိုင်ငံမှ တန်ချိန် ၆၅၄၊ ကိုရီးယားနိုင်ငံမှ ၄၆ ဒသမ ၀၈ တန်၊ ရုရှားနိုင်ငံမှ ၁၂၅ ဒသမ ၇၂၂ တန်နဲ့ ထိုင်းနိုင်ငံမှ ၇၄၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့ တံဆိပ်များ မှာ တော့ပ်ဝမ်း၊ နိုက်တြိုဂျင်၊ ယူရီးယား၊ ရွှေမြေသီး၊ ဓာတ်ဆားတို့ဖြစ်ပါတယ်။ ယခင် သီတင်းပတ်တင်သွင်းတန်ချိန် ၅၀၀၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၁၃၇၀ ကျော် တင်သွင်းမှုလျော့ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁ ရက်မှ ၇ရက်အထိ သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေလမ်းမှ မြေသြဇာတန်ချိန် ၃၆၅၀ကျော် အဝင်ရှိခဲ့ပြီး ယခင် သီတင်းပတ်က တန်ချိန် ၅၀၂၀ ကျော်ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၃၇၀ ကျော် တင်သွင်းမှုလျော့ကျ ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခု တစ်ပတ် မြေသြဇာအဝင်မှာ တန်ချိန် ၁၃၈၄၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၄၀၂၀ ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၇၀ ကျော် အဝင်လျော့ကျခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေကြောင်းရော နယ်စပ်လမ်းမှပါ မြေသြဇာ အဝင်လျော့ ခဲ့ပါတယ်။
ဒီဇင်ဘာလအတွင်း မြန်မာ- အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်းတန်ဖိုးရှိ ကွမ်းသီး ၁၆ ဒသမ ၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ကွမ်းသီးကို ယခင်နှစ်ကာလတူက ၁၉၃၅ တန်နဲ့ အနီးစပ်ဆုံးကာလဖြစ်တဲ့ နိုဝင်ဘာလက တန် ၁၂၀ တင်ပို့ခဲ့တာ ကြောင့် ယခင်နှစ် ကာလတူအောက် ၁၉၁၈ တန်နဲ့ နိုဝင်ဘာလအောက် ၁၀၃ တန်လျော့နည်းတင်ပို့ခဲ့တာ တွေ့ ရပါတယ်။ယင်းသို့လျော့နည်း ရခြင်းမှာ တမူး ကုန်သွယ်ရေးစခန်းရဲ့ အဓိက ပို့ကုန်ဖြစ်တဲ့ ကွမ်းသီးတင်ပို့မှုများလာ ခြင်းအပေါ် အိန္ဒိယအကောက်ခွန်ဌာနThird Country Products အဖြစ် သံသယဖြစ်ဖွယ်ရှိသော ကွမ်းသီးများ ကို အိန္ဒိယနိုင်ငံအတွင်း သိမ်းဆည်း လျက်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ၂၀၁၆ ဒီဇင်ဘာအတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၃၃၆ ဒသမ ၆၂၃ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၁၄၆ ဒသမ ၂၂၄ သန်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကုန်သွယ် မှုပမာဏ အမေရိကန်ဒေါ်လာ ၄၈၂ ဒသမ ၈၄၇ သန်း ဆောင်ရွက်ခဲ့ပြီး လျာထားချက်မှာ အမေရိကန်ဒေါ်လာ ၆၁၂ သန်းဖြစ်သဖြင့် လျာထားချက်အပေါ် ၇၈ ဒသမ ၉၀ ရာခိုင် နှုန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။