ထိုင်းနိုင်ငံမှ ဘိလပ်မြေများအား မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းသည့် ကုန်သည်များအနေဖြင့် ကော့သောင်း နယ်စပ် စခန်းမှတစ်ဆင့် တင်သွင်းပါက ပိုမို အကျိုးအမြတ် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ တင် သွင်းလျက် ရှိသည့် ဘိလပ်မြေ တံဆိပ်များမှာ ဆင်၊ စိန်၊ အင်စီး(စိန်)၊ တီပီအိုင်၊ တိုက်ဂါး၊ အီးဂဲလ်၊ အက်စ်စီဂျီ စသည်တို့ ဖြစ်ကြသည်။ ကော့သောင်းနယ်စပ် စခန်းမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဘိလပ် မြေများ တင်သွင်းရာ တွင် သင်္ဘော တင်ခအနေဖြင့် ၅၀ ကီလို တစ်အိတ် လျှင် ကော့သောင်းမှ ထားဝယ်အထိ ကျပ် ၆၀၀၊ ကော့သောင်းမှ ရန်ကုန် အထိ ကျပ် ၇၀၀၊ ရခိုင်ပြည်နယ်အထိ ကျ
မြန်မာ-တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာ ၃ရက်မှ ၉ရက်အထိ သီတင်းတစ်ပတ်အတွင်း အမေ ရိကန်ဒေါ်လာ ၈ဒသမ ၄၂၆ သန်း တန်ဖိုးရှိ ဆန် ၂၅၂၈၂ တန် ကျော်ကို တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ရာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၁၄၆၁ တန်နဲ့ ဧည့် မထဆန် ၁၃၃၀၄ တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၆၃တန်ကျော်နဲ့ ဧည့်မထဆန် ၁၆၄ တန် ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၁၀၁၈၉ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၂၂၅၆၃ တန် သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၇၁၉ တန် ပိုမို တင်ပို့နိုင်ကြောင်းသိရပါတယ်။
နယ်စပ်ဒေသများရှိ ကုန်သွယ် ရေးစခန်းများတွင် လိုင်စင်ခွင့်ပြု ပေး နိုင်မည့် ပို့ကုန်သွင်းကုန်အမယ်များ တိုးမြှင့်ခွင့်ပြုနိုင်ရန်၊ လက်ရှိခွင့်ပြု အမယ်များအပြင် ထပ်မံတိုးမြှင့်ခွင့် ပြု ပေးနိုင်ရန်နှင့် ကုန်သွယ်ရေး စခန်းများ အနြေ ဖင့် နိုင်ငံတော်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကုန်သွယ်မှုပမာဏ မြင့်မားတိုးတက်အောင် ဆောင်ရွက်ရန်တို့အပြင် ကုန်သွယ်မှုမှာပါဝင်နေသော ဆက်စပ်ဌာနများအနေဖြင့် တက်ညီလက်ညီ ဆောင်ရွက်နိုင်ရန်၊ ကုန်သွယ် မှု လျင်မြန်ချောမွေ့စေရန်အတွက် လက်ရှိခွင့်ပြုပေးနေသည့် ပစ္စည်းများ အပြင် သတ်မှတ် လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီသော ပို့ကုန် သွင်းကု
နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သီတင်းပတ် အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀၆ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၄၂၃ တန် ခန့် တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေး ဇုန် မှ RSS5 တန်၂၀၀ နဲ့ MSR 20 ၅၇ တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ RSS 3၂တန်နဲ့ RSS 5၁၇၄တန်ကျော် တာချီ လိတ် ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေး တန် ၅၄၀ နဲ့ MSR ၁၀တန်၅၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုထက် ၁၁၀၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ တစ်လလုံးမှာ အမေရိကန်ဒေါ်လာ၁၀ ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၇၆၈၆ တန်ကျော် တင်ပို့ထားပြ
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အတွင်း အမေရိကန်ဒေါ်လာ ၈၄၀၀၀ တန်ဖိုးရှိ သကြားဖြူ တန် ၁၄၀ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က Re-export သ ကြား ၃၈၇ တန်ခွဲ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ် တရုတ်နိုင်ငံသို့ သကြားတန် ၂၀၀ ကျော် တင်ပို့မှုလျော့ နည်းခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၆၃ သန်းတန်ဖိုး ရှိ Re - export သကြား ၁၀၈၄၁တန်ကျော် တင်သွင်းလာခဲ့ပါတယ်။ ယခင် တစ်ပတ်က ၄၁၀၁ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံမှ သကြားတန်ချိန် ၆၇၄၀ လျော့နည်းတင်သွင်းခ
နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများနဲ့ ကုန်သွယ်ရေးဇုန်များမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၀၅ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၈၆၇၇ စီးတင်သွင်းခဲ့ပါတယ်။ ယခင်တစ် ပတ်က ၉၅၃၂ စီး တင်သွင်းခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၈၆၆ စီး လျော့နည်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ကုန်သွယ်ရေးစခန်းအလိုက် တင်သွင်းမှုကိုကြည့်ပါက မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅၄ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၇၉၅၈ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၆၉ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၆၄၅ စီးနဲ့ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၈၂
၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ သုညဒသမ ၀၅၅ သန်းဆောင်ရွက်နိုင်ခဲ့ပြီး၊ သွင်းကုန် ဆောင်ရွက်မှုမရှိခဲ့တဲ့အတွက် နိုဝင်ဘာ လကုန်သွယ်မှု လျာထားချက်မှာ အမေရိကန်ဒေါ်လာသုညဒသမ ၄၀၀ သန်းဖြစ်၍ လျာထားချက်အပေါ် ၁၃ ဒသမ ၇၅ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန် ဒေါ် လာ သုညဒသမ ၃၈၈ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်း လျော့နည်းခဲ့ပါသည်။
ယခုတစ်ပတ်တောင်ကြီးဈေးကွက်ထဲသို့ ပတ်ဝန်းကျင် ဒေသများမှ ပြောင်းများအဝင်ပိုခဲ့တဲ့အတွက် ယခင်တစ်ပတ်ထက် တစ်ပိဿာကို ၁၀ကျပ်ကျပြီး ကျပ် ၂၉၀ (တစ်တန် ၁၇၇၅၉၃ ကျပ်) နဲ့ အရောင်းဈေးကွက်ဖွင့်ခဲ့ပါတ ယ်။ ဈေးကွက်ထဲမှ ပြောင်းများကို ရန်ကုန်၊ မန္တလေးအပြင် မော်လမြိုင်အထိပါ တင်ပို့ခဲ့ပြီး ယခင် တစ်ပတ်ထက်ပိဿာချိန် ၆၀၀၀၀ ပိုပြီး ပိဿာ ၃၉၀၀၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၉၉၄၃၉၄ တန်ဖိုးရှိ နို့ဆီ ၈၃၆ဒသမ ၃၁၇ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံများမှ နို့ဆီများ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလမှာ တင်သွင်းခဲ့တဲ့ နို့ဆီတန် ချိန် ၁၂၀၀ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၃၆၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့ တယ်လို့ သိရပါတယ်။ နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ ၉၅၉၄၀၆ တန်ဖိုးရှိ နို့မှုန့်တန်ချိန် ၃၆၂ ဒသမ ၆၄၄ တန်ကိုတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံများမှာ နယူးဇီလန်၊ ပ
နိုဝင်ဘာ ၁ရက်မှ ၃၀ ရက်အတွင်း ကန်ဒေါ်လာ ၇၂၅၁၃၁၀ တန်ဖိုးရှိ မြေသြဇာ တန်ချိန် ၂၇၇၆၉ ဒသမ ၄၈၂ ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း ကနေဒါနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ဂျပန်နိုင်ငံ ၊ မလေးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ရုရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှ မြေသြဇာများတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလအတွင်း ပိုတက်၊ ရွှေန ဂါး၊ နိုက်တြိုဂျင်၊ အမိုးနီးယမ်း ဆာလဖိတ်၊ ပိုတက်ဆီယက် ဖော့စဖိတ်၊ ဖလော်ရာ၊ ရွှေမြေသီး၊ ကွန်ပေါင်း၊ သြဂဲနစ် စတဲ့ မြေသ