ပြည်ဈေးကွက်တွင် သီတင်းကျွတ်ပြီးကတည်းက နှမ်းအဝင်မရှိသဖြင့် လက်ကျန်နှမ်းများဖြင့်သာ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ပစ္စည်းအဝင်မရှိပေမယ့် အဝယ်ရှိသဖြင့် နှမ်းနီဈေးနဲ့ စမုံနက်နှမ်းဈေး အနည်းငယ်ြ မင့်လာကာ နှမ်းနက်ရိုးရိုးမှာ အဝယ်ရပ်လာပြီး ဈေးပြန်ကျလာတာတွေ့ရပါတယ်။ နှမ်းနီကို ဆီစက်များကအဝယ်ရှိသဖြင့် ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်လျှင် ကျပ် ၁၄၀ဝ ဈေးမြင့်လာတာတွေ့ရပါတယ်။ နှမ်းနီဈေးမြင့်ပေမယ့် ဆီေ ဈးမှာ တစ်ပိဿာလျှင် ကျပ် ၄၂၀ဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဈေးကျလာရခြင်းမှာ ယခင်ကြိတ်ပြီးသား ဆီလက်ကျန်များကိုထုတ်၍ ရောင်းချနေတာကြောင့် ဖြစ်ကြောင်းသိရပါတယ်။ ယခ
အောက်တိုဘာ ၉ရက်မှ ၁၅ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၃၁၈၀ဝ၂ တန်ဖိုးရှိ နို့ဆီ ၂၄၈ ဒသမ ၃၄၆ တန် ကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ Falcon တံဆိပ် သု ည ဒသမ ဝ၃၆ တန်နဲ့ ဒွန်းနို့ဆီ ၂၄၈ ဒသမ ၄၀ တန် တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်က ဝင်ရောက်ခဲ့တဲ့ ၁၄၆ တန်နဲ့နှိုင်းယှဉ်ရင် တန်ချိန်၁၀ဝ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ကန်ဒေါ်လာ ၁၈၈၅၀ တန်ဖိုး ရှိ နို့မှုန့် ၂၂ ဒသမ ၄၄ တန်ကို ဩစတြေးလျမှ လည်းကောင်း၊ ကန်ဒေါ်လာ ၂၃၇၃၇ တန်ဖိုးရှိ နို့မှုန့် ၈ ဒသမ ၄၇၄ တန်ကို မွန်ဂိုလီးယားမှလည်းကောင်း၊ ကန်ဒေါ်လာ ၁၀၆၀ဝ၂ တန်ဖိ
အောက်တိုဘာ ၉ ရက်မှ ၁၅ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၀၄၄၂၂၄ တန်ဖိုးရှိ ဘိလပ်မြေ ၂၅၂၆၀ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၅၆ တန်၊
မြန်မာနိုင်ငံသည် ပို့ကုန်ကဏ္ဍအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများအား ပြည်ပနိုင်ငံများသို့အများဆုံး တင်ပို့နေသည့်နိုင်ငံ ဖြစ်သည့် အားလျော်စွာ မြန်မာ့ပြောင်းကို အဓိကအများဆုံးတင်ပို့ လျက်ရှိပါတယ်။ မြန်မာ့ပြောင်း ကို ပြည်တွင်း၌ တိရစ္ဆာန်အစားအစာ အဖြစ် အသုံးပြုကြရုံမျှမက ပြည်ပနိုင်ငံများသို့လည်းအဓိကပို့ကုန်အဖြစ်တင်ပို့လျက်ရှိပါတယ်။ ပြောင်းစိုက်ပျိုးထုတ်လုပ်သည်မှ ပို့ကုန်တင်ပို့သည်အထိ Supply Chain တစ်လျှောက်ရရှိသည့် အကျိုးအမြတ်သည် တစ်နှစ်ထက်တစ်နှစ် အားကောင်းလာမှုကြောင့် နှစ်အလိုက်ပြောင်းစိုက်ပျိုးထွက်ရှိမှု ပိုမိုမြင့်မားလာတာကို လေ့လာတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံတ
အောက်တိုဘာလ ပထမပတ် အတွင်း တရုတ်၊ ထိုင်းနဲ့အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများနဲ့ ကုန်သွယ်ရေးဇုန်များမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၈၅ သန်းတန်ဖိုးရှိဆိုင်ကယ်မျိုးစုံ ၂၇၃၂ စီးတင်သွင်းခဲ့ပါတယ်။ ယခင် တစ်ပတ်က ၁၁၂၂၀ စီး တင်သွင်းခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၈၄၈၈ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့ ကုန် သွယ်ရေး စခန်းများမှ သိရပါတယ်။ကုန်သွယ်ရေးစခန်းများနဲ့ ကုန် သွယ်ရေးဇုန်များရဲ့ တင်သွင်းမှု အခြေ အနေကိုကြည့်ပါက မူဆယ်ကုန်သွယ် ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၀ သန်းတန်ဖိုးရှိဆိုင်ကယ် ၁၈၈၂ စီး၊ ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမဝ၁၉ သန်
မြိတ်ကုန်သွယ်ရေးစခန်းရဲ့ စက်တင်ဘာလအတွင်းလျာထားချက်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာသုံး သန်းရှိခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ သန်း ဖြစ် ပြီး ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉၈၆ သန်း၊ သွင်းကုန်အမေရိကန် ဒေါ်လာ ၃ ဒသမ ၈၀၂ သန်းအထိ ရရှိအောင် ဆောင်ရွက်နိုင်တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇၈၈ သန်းဆောင်ရွက်ခဲ့ပါတယ်။ လျာထားချက်အပေါ်ဆောင်ရွက်နိုင်မှုမှာ ၁၁၃ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်တဲ့အတွက် မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် လျာထားချက်ထက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါတ
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းအနေဖြင့် မြန်မာနိုင်ငံဘက်ရောဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ပါ လူဝင်လူထွက်များ ပိတ်ထားခြင်း၊ညမထွက်ရအမိန့်လည်း ထုတ်ထားခြင်းတို့ကြောင့် ကျောင်း များလည်း ပိတ်ထားကြောင်း၊ ကုန်သွယ်မှုပြုလုပ်ခြင်းကို ကုန်သည်လုပ်ငန်းရှင် များအနေဖြင့် ခေတ္တရပ်နားထားကြောင်း၊ မောင်တောတွင် အနယ်နယ် အရပ်ရပ်မှလာရောက် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနက် မိမိနေရပ်ဒေသများသို့ ပြန်ကြသောဝန်ထမ်းများလည်း ရှိသ ကဲ့သို့စစ်တွေမြို့သို့လည်းသွားရောက်နေထိုင် ကြသည့် ဝန်ထမ်းများလည်း ရှိကြောင်းသတင်း ရရှိပါသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အောက်တို ဘာ ပထမပတ်ဖြစ်တဲ့ ၁ရက်မှ ၇ရက်အတွင်း အမေရိကန် ဒေါ်လာ၂ ဒသမ ၁၉၁ သန်းတန်ဖိုးရှိ ဆန် ၅၇၁၆ တန်ခန့် တင်ပို့ခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် တန် ၈၅၀ နဲ့ဧည့်မထဆန် ၄၂၆၂ တန်နီးပါး ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၂၈၇ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၁၇ တန် တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက တန် ၂၀ဝ၀ ကျော် လျော့နည်းခဲ့ကြောင်း သိရှိရပါ တယ်။ရက်သတ္တပတ်အတွင်း မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၅၅၉ သန်း တန်ဖိုးရှိ ဆန်ကွဲ ၁၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရတို့ ၁၉၉၇ ခုနှစ်က ရေးထိုးခဲ့သော မြန်မာ-တရုတ်နယ်စပ်ဒေသများ စီမံခန့်ခွဲ ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှု စာချုပ်အရ (၁၆) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ (မူဆယ်) နှင့် (၁၂) ကြိမ်မြောက် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီအစည်းအဝေးအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ မင်္ဂလာမူဆယ်ဈေး အထူးစီးပွားရေးဇုန်တွင် စီးပွားရေးနှင့်ကူးသန်းရ
စက်တင်ဘာ ၂၅ ရက်မှအောက်တိုဘာ ၁ရက် သီတင်းပတ်အတွင်း ပင်လယ် ရေကြောင်းလမ်းမှ ဒီဇယ်၊ဓာတ်ဆီတင်သွင်းမှုနားခဲ့တယ်လို့ သိရပါတယ်။ လချုပ် အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ်လအတွင်း ဒီဇယ်စုစုပေါင်း ၁၅၁၀၀ တန်ကျော်ရှိ ခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ၂၆၀ကျော်သာရှိခဲ့တာကြောင့် စက်တင်ဘာလမှာ ဒီဇယ်အဝင် လျော့ခဲ့ပါတယ်။ ထို့အတူ သြဂုတ်လအတွင်းက ဓာတ်ဆီအဝင် စုစု ပေါင်းမှာ ၁၀၄၀ ကျော်ရှိပြီး စက်တင်ဘာ လမှာ အဝင်တန်ချိန် ၈၈၀ ကျော် ဝင်ခဲ့ တာကြောင့် စက်တင်ဘာလမှာ ဓာတ်ဆီလည်း အဝင်လျော့ခဲ့ပါ တယ်။ ဒီတစ်ပတ် နယ်စခန်းများဖြစ်တဲ့ တာချီလိတ်စခန်းမှသာ ကန်ဒေါ်လာ ၃၀၈၃၃၀