ဒီဇင်ဘာပထမပတ်မှာ မုံရွာပဲရုံ စားဖိုဆောင်သီးနှံ ရောင်းဝယ်ရေးတွင် ကြက် သွန်နီအရောင်းအဝယ်ပုံမှန်လည်ပတ်လျက်ရှိကြောင်းသိရှိရပါတယ်။ယခုတစ်ပတ် ကြက်သွန်နီပွဲရုံဈေးနှုန်းမှာ တစ်ပိဿာ(ကြီး)ကျပ် ၆၀၀၊ (လတ်) ကျပ် ၅၀၀၊ (သေး)ကျပ်၄၀၀ရှိပြီး လက်လီဈေးနှုန်းမှာတစ်ပိဿာ(ကြီး)ကျပ်၁၀၀၀၊(လတ်)၈၀၀၊(သေး) ကျပ် ၆၀၀ နှုန်းပေါက်ပြီး နိုဝင်ဘာလပွဲရုံဈေးနှုန်းမှာ တစ်ပိဿာ(ကြီး)ကျပ် ၁၀၀၀၊ (လတ်) ကျပ်၈၀၀၊ (သေး) ကျပ် ၆၀၀ ဖြစ်ပြီး လက်လီဈေးနှုန်း မှာ တစ်ပိဿာ(ကြီး) ကျပ်၁၃၀၀၊ (လတ်)ကျပ်၁၀၀၀၊ (သေး)ကျပ် ၈၀၀နဲ့အရောင်းအဝယ်ဖြစ်ပြီး ယခု တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှတစ်ပိဿာဈေးနှုန်း၃၀၀ကျော်၄၀၀ခ
ယခုအချိန်ဟာ အောင်ပန်းချင်းများ အရင့်ဆုံးအချိန်ဖြစ်ပြီး သို လှောင်အထားခံတဲ့အတွက် ပြည်ချင်းဈေးကွက်ရှိ ချင်းရောင်းဝယ် သူများအနေနဲ့ ပိုမိုမှာယူခြင်းကြောင့်အဝင်လည်းများလာတာ တွေ့ရ ပါတယ်။ ယခင်က တစ်ေ န့ကိုပိဿာချိန် ၃၀ ဝင် အိတ် ၁၅၀ ခန့် အထိသာဝင်ပြီး ယခုတစ်ပတ်မှာ အိတ် ၃၀၀ အထိအဝင်ရှိလာတယ်လို့ သိရပါတယ်။ပြည်ဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ရခိုင် ပြည်နယ်ဘက်သို့ စားသုံးမှုအဖြစ် ယခုတစ်ပတ် အတွင်း ပိဿာချိန် ၂၀၀ခန့် တင်ပို့ကြောင်းသိရပါတယ်။ ချင်းဈေးမှာ ယခင်တစ်ပတ်အတိုင်း လက်ကားဈေး ကျပ် ၄၀၀၊ ကျပ်၅၀၀၊ လက်လီဈေးတစ်ပိဿာ ကျပ် ၆၀၀၊ ကျပ် ၉၀
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ဟာ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုတွင် အဓိကအကျဆုံး စခန်းဖြစ်ပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ ကုန်သွယ်မှုပမာဏ၏ ၂၀ရာခိုင်နှုန်းခန့် ဆောင်ရွက် နိုင်ခဲ့ ကြောင်း၊ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ဟာ တစ်ရက်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၄သန်းခန့် ဆောင်ရွက်နိုင်ပြီး အဓိကအားဖြင့် ပို့ကုန်ဟာ တစ်ရက်ပျမ်းမျှ အမေရိကန်ဒေါ်လာ ကိုးသန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ေ ရးဇုန်ဟာ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက် တိုက်ခိုက်ခြင်းမပြုမီ နိုဝင်ဘာ ၁၉ရက်အထိမှာ ပို့ကုန်သွင်းကုန်ကားစီးရေ ပျမ်းမျှ ၁၀၀၀နီးပါးနဲ့
မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၁၉ရက်မှ ၂၅ရက်အတွင်း အမေရိကန်ဒေါ်လာ ၂၁၃၁၂၅ တန်ဖိုးရှိRe-export သကြား ၃၈၇တန်ခွဲကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ချင်းရွှေဟော်မှ သကြားတင်ပို့မှုမရှိဘဲ မူဆယ်မှသာ တန်နှစ်ထောင်ကျော် တင်ပို့ခဲ့ပါ တယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅၆သန်းတန်ဖိုးရှိRe-export သကြား ၄၁၀၁ တန်ေ ကျာ် တင်သွင်းခဲ့ရာ ယခင်တစ်ပတ်က တင်သွင်းခဲ့တဲ့ ၁၇၉၈တန်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် မြဝတီမှ သကြား ၂၃၀၃တန် ပိုမိုတင်သွင်းခဲ့ကြောင်း သိရပါတယ်။
မြန်မာ-အိန္ဒိယရှိ တမူးကုန်သွယ်ရေးစခန်းနဲ့ ရိဒ်ကုန်သွယ်ရေးစခန်းများမှ အိန္ဒိယနိုင်ငံသို့ နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်တွင် အမေရိကန် ဒေါ်လာ သုည ဒသမ ၄၇၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၅၄၄ တန်ခန့် ကို တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ရိဒ်နယ်စပ်တစ်ခုတည်းမှသာ ၅၉၁ တန် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ၄၇ တန် လျော့နည်းပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီး အပြင် စီးကရက်၊ မုန့်မျိုးစုံ၊ ဆေး ကြေမှုန့်၊ ဆေးရိုး၊ စောင်၊ မဝတ်တီရှပ်၊ မစီးဖိနပ်တို့ကို အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၆ သန်းခန့် တင်ပို့ခဲ့ပြ
မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တာချီလိတ် ကုန်သွယ်ရေး စခန်းမှ နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၉၈၄၄ တန်ဖိုးရှိ ကြက်သွန်နီ ၂၅၆ တန်တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့ ခဲ့တာကတော့ မြဝတီမှ ၁၇၆ တန်နဲ့ တာချီလိတ်မှ တန် ၈၀ ဖြစ်ပါတယ်။ ယခင် တစ်ပတ်က မြဝတီမှ ၂၇၉ တန်နဲ့ တာချီလိတ်မှ ၂၄၂ တန် စုစုပေါင်း ၅၂၁ တန် တင်ပို့နိုင်တဲ့အတွက် ယခုတစ်ပတ်ထိုင်းနယ်စပ်သို့ ကြက်သွန်နီ ၂၆၅ တန် လျော့ နည်းတင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကတော့ ယခုတစ်ပတ် မှာ ကြက်သွန်နီ အပို့မရှိဘဲ ယခင်တစ်ပတ်က ၁၇ တန်ခန့် တင်ပို့ခဲ့တယ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ နိုဝင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ ၁၉၅၆၀ တန်ဖိုးရှိ နှမ်းဖြူ ၁၄ တန်ခွဲနဲ့ နှမ်းညိုလေးတန်နီးပါး၊ စုစုပေါင်း ၁၉ တန်နီးပါး တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က နှမ်းနက် ၁၆ တန်သာတင်ပို့ခဲ့လို့ ယခုတစ်ပတ်မူဆယ်မှ နှမ်းနှစ်တန်ခွဲပိုမိုတင်ပို့ခဲ့ပါတယ်။
မြန်မာ- တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက် သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၈၆၈သန်း တန်ဖိုးရှိ ဖရဲသီး ၈၄၂၉ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် တစ်ပတ်က တန် ၈၄၀၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ၂၉တန် ပိုမို တင်ပို့ခဲ့တာ တွေ့ရပါတယ်။''ဖရဲသီးဈေးတွေ ကျနေရတဲ့ အကြောင်းရင်းမှာ ရောင်းလိုအားက ဝယ်လိုအားထက် ပိုများနေတာရယ်၊ အရည်အသွေး ပိုင်း လိုအပ်ချက်ရှိနေတာရယ်၊ တရုတ်ပြည်ဘက်မှာ ဖရဲတွေ လှိုင်လှိုင်ပေါ်နေတာရယ်ကြောင့် ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖရဲသီးစိုက်ဒေသတွေထဲက ငါးဆူတောင်၊ သာယာ ကုန်း၊ ချောင်းဦး၊ မုံရွာ၊ ကျောက်ဆည်ဘက်က အသီးတွေ ဝင်နေသလို ရှမ်းပြည်နယ်မှာစိုက်တဲ့ အသီးတွ
ပြီးခဲ့တဲ့အောက်တိုဘာနောက်ဆုံးပတ်မှာ ကြက်သွန်ဖြူအိတ်တွေ ပုံမှန်အဝင်ရှိပြီး ဈေးအနည်းငယ်ကျလာခဲ့ပေမယ့် ယခုနိုဝင်ဘာပထမပတ်ထဲမှာတော့ ကြက်သွန်ဖြူဈေးမြင့် တက်ကာ အရောင်းအဝယ်ပြန်အေးသွားတာတွေ့ရပါ တယ်။ ယခုနှစ်အတွင်း စားဖိုဆောင်သီးနှံတွေ ဈေးနှုန်းတည်ငြိမ်မှုမရှိသလို ဈေးကစားတာ တွေလည်းဖြစ်ပေါ်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စုံတို့မှ ဝယ်လိုအား အလျော့၊အတင်းပေါ်မူတည်ပြီးမှ ဝင်ရောက်မှုရှိတာကြောင့် ဈေးကွက်မငြိမ်တာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာလည်း တရုတ်ငွေေ ကြးဈေး မကိုက်မှုနှင့် ကျိုင်းတုံ၊ တာချီလိတ်၊ ထိုင်းနိုင်ငံတို့ဘက်မှ အဆွဲများနေတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူ (ပြည်ပွဲရုံဈေး)
အောက်တိုဘာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကြက်သွန်နီတန် ၁၈၀ဝ ကျော်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ တန် ၈၀ဝ ခန့်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ တန် ၄၂၀ နီးပါးနဲ့ ကော့သောင်းကုန်သွယ်ရေးစခန်းမှ ၂၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။