admin_ygn

        ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှဖေဖော်ဝါရီ ၅ရက်မှ ၁၁ရက်အထိ သီတင်းပတ်အတွင်း နနွင်း၁၆၇ဒသမ၉၉တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် နနွင်း (ရှမ်းစ) ၆၁တန်ကို စင်ကာပူနိုင်ငံသို့လည်းကောင်း၊ နနွင်း ၃၁ ဒသ မ  ၉၉ တန်ကို ယူအေအီးနိုင်ငံသို့လည်းကောင်း၊ နနွင်း(ရှမ်းစ)၇၅တန်ကို မလေးရှားနိုင်ငံသို့လည်း ကောင်းတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့တန်ချိန် ၁၃၀ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၃၀ကျော်ပိုမို တင် ပို့ ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီတတိယ သီတင်းပတ်မှစပြီးတင်ပို့ခဲ့တဲ့နနွင်းက ဒီတစ်ပတ်အထိ ဆက်တိုက် တင်ပို့နေတယ်လို့ သိရပါတယ်။ နနွင်းတစ်တန်ကို ပျမ်းမ

admin_ygn

       ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ရက်အထိ သီတင်းပတ်အတွင်း ကန် ဒေါ်လာ ၁၁၁၀၉၂၅တန်ဖိုးရှိ ဘိလပ်မြေ ၁၅၉၃၆ဒသမ ၆၅၅တန်ကို  ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တရုတ်နို င်ငံမှ ၂၂၄ တန်၊ မလေးရှားနိုင်ငံမှ ၈၀၂၅ တန်၊ ထိုင်းနိုင်ငံမှ ၇၆၈၇ဒသမ ၆၅၅ တန်ကိုတင် သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ တန်ချိန် ၅၀နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၁၅၀၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း(DOT)

admin_ygn

       မြန်မာ-တရုတ်နယ်စပ်ရှိကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၄၉ ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆန် ၂၅၈၈၇ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန်တန် ၄၀၀၊ ဧည့်မထဆန် ၁၆၅၄၇ တန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၃၉၂ တန်ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၈၅၄၈တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ဆန် ၃၃၃၇၇တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ချိန် ၇၄၉၀ လျော့နည်းခဲ့ပါတယ်။ ဇန်နဝါရီလတစ်လလုံးမှာ အမေ ရိကန်ဒေါ်လာ ၄၉ ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၅၁၇၈၇ တန်ကျော်  တင

admin_ygn

       တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ ဝယ်လက်များကြောင့် လျှော်ဖြူစေး (ဆေး ကုလားမ)ဈေးမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာကြောင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာမှ ကုန်သည်ဦးသိန်းဇော်က ပြောကြားခဲ့ပါတယ်။ ဒေသ တွင်း လျှော်ဖြူတစ်ပိဿာပေါက်ဈေးမှာ (A) အဆင့် (အဖြူမှန် ကြည်) ကျပ် ၃၅၀၀၀၊ ကျပ် ၄၀၀၀၀၊ (B) အဆင့် ကြက်သွေးရောင်ကျပ် ၂၅၀၀၀၊ ကျပ် ၃၀၀၀၀၊ (C) အဆင့် (အနောက်) ကျပ် ၁၅၀၀၀၊ ကျပ် ၂၀၀၀၀ ဈေးအသီး သီးရှိပြီး ယခင်နှစ်ထက် တစ်ပိဿာ ကျပ် ၁၅၀၀၀ ခန့် ဈေးမြင့်တက်ခဲ့ပါတယ်။

admin_ygn

         နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုအရ တရားမဝင်ကုန်သွယ်မှု လျော့ နည်းကျဆင်းရေး၊ ရသင့်သည့်အခွန် အပြည့်အ၀ ရရှိစေရေးတို့ အတွက် ရှမ်း ပြည်နယ်(အရှေ့ပိုင်း)ရှိ နယ်စပ်ဝင် ပေါက်များကို ရှမ်းပြည်နယ် အစိုးရက ကြီးကြပ်ဆောင်ရွက်ခဲ့ရာ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် (၁)မှ တစ်ပိုင်တစ်နိုင် ကုန်စည် တင်သွင်းမှုအပေါ် တံတားဖြတ်သန်းခအဖြစ် ကုန်ပစ္စည်းတန်ဖိုး၏ သုံးရာခိုင်နှုန်း ကောက်ခံရရှိငွေမှာ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ မှ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီ လအထိ ခြောက်လအတွင်း ကျပ်သိန်း ပေါင်း ၁၈၀၀ ကျော်ရရှိကြောင်းသိရသည်။

admin_ygn

        မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၅၈၀၂ တန်ဖိုးရှိ လက်ဖက်ခြောက် ၉၂ တန်နီးပါး တင်ပို့ခဲ့ပါတယ်။ ဇန်နဝါရီ လဆန်းပိုင်း က ၃၉ တန် တင်ပို့ ခဲ့တဲ့အတွက် တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဇန်နဝါရီလတွင် လက်ဖက်ခြောက် တန် ၁၃၀ ကျော် တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ် မြို့နယ်တွင် လက်ဖက်စိုက်ခင်းများ ေ အာင်မြင်ဖြစ်ထွန်းလျက်ရှိပြီး "လက်ဖက်ခင်းမှ ရရှိတဲ့ လက်ဖက်ရွက်များကို တချို့က စက်နဲ့ပေါင်း၊ စက်နဲ့လိပ်သူ တွေလည်း ရှိတယ်။ ပြီးရင်အခြောက် လှန်းရတယ်။ လက်ဖက်ရွက်အစို

admin_ygn

          အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၁ရက်မှ ၂၇ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုညဒသမ ၆၄၅ သန်း တန်ဖိုးရှိ ကွမ်းသီး ၇၉၂ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ် ပတ်က ၆၁၈တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၇၄ တန်ပိုမို တင်ပို့နိုင်တယ်လို့ သိရပါတယ်။ ပိုမိုရခြင်းမှာ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းရော ရိဒ်ကုန်သွယ်ရေးစခန်းပါ ကွမ်း သီးများ ပိုမိုတင်ပို့နိုင်တဲ့အတွက်ေ ကြာင့်ဖြစ်တယ်လို့  သိရ ပါတယ်။

admin_ygn

         မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၀၈ သန်းဖိုးရှိ ရော်ဘာ အဆင့်စုံ ၂၃၉၇ တန်တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ RSS 1 ၁ ၄၁ တန်ကျော်၊ RSS 3  ၁၂၂၄ တန်ကျော်၊ RSS 5 တန် ၁၆၀ ၊ MSR 20 ၁၀၃ တန်ကျော်၊ MSR 50 ၉၅ တန်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ RSS 3 ၇၇၃ တန်ကျော် တင်ပို့ခဲ့ရာ ယခင်တစ် ပတ် တင် ပို့မှုထက် ၅၆၁ တန်ေ လျာ့နည်းခဲ့ပါတယ်။ ရော်ဘာအပို့လျော့ သော်လည်း မူဆယ်ကုန်စည်ဒိုင်မှ ထုတ်ပြန်တဲ့ ရော်ဘာ ဈေးအရ တစ်တန်ကို ကျပ် ၄၈၅၀၀၀ ဈေးတက်ကြောင်း သိရှိရပါတယ်။ RSS 3

admin_ygn

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇန်နဝါ ရီလအတွင်း ပရဆေးကုန်ကြမ်းတန်ချိန် ၁၂၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဇန်န ဝါရီ နောက်ဆုံးပတ်မှာတော့ အမေရိ ကန်ဒေါ်လာ သုည ဒသမ ၂၅၀ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ကိုး မျိုး တန်ချိန် ၂၅၄ တန်တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ မိကျောင်း ကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြောင်ပန်းစေ့၊ ကွမ်းသီးခွံ၊ မုတ်ခါး၊ ဆီးဆန်၊ တောချင်း၊ မာလာဥခေါင်း နဲ့ ချဉ်ပေါင်ဖာလာ(အခွံပါ) တို့ဖြစ်ပါ တယ်။ ယခင်တစ်ပတ်က တန်ချိန် ၃၇၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မူဆယ် မှ ပရဆေးတင်ပို့မှုတန် တစ်ရာကျော် လျော့နည်းခဲ့ပါတယ်။ မြန်မာနိုင်ငံက ထ

admin_ygn

       မြစ်ကြီးနားမှ တရုတ်နိုင်ငံသို့ ထွက်ခွာလာသည့် Alphard ယာဉ်အမှတ် 1F xxxx ပေါ်တွင် ကျောက်စိမ်းတုံး အကြီးအသေးရောရာ ၂၃၆ တုံးကို တင်ဆောင်လာကြောင်း သတင်းပေးတိုင်ကြားချက်အရ ကန်ပိုက်တီကုန်သွ ယ်ရေး စခန်း OSS အဖွဲ့က ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ း၀၀ ချိန်တွင် တားဆီးရှာဖွေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကျောက်စိမ်းတုံးများကို ယာဉ်၏ဝမ်းဗိုက် အတွင်း အံဝှက်ပြုလုပ်သယ်ဆောင်လာခြင်းြ ဖစ်ပြီး မြစ်ကြီးနား အကောက်ခွန်ဦးစီးဌာန၌ ဖေဖော်ဝါရီလ ၂ ရက်က အသေး စိတ်ဖွင့်ဖောက်စစ်ဆေးခဲ့ရာ စုစုပေါင်း အလေးချိန် ၆၅၅ ကီလိုရှိ ကျောက်စိမ်းတုံး ၂၈၉ တုံးကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဆိုပါ သ