မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းနဲ့ တမူးကုန်သွယ် ရေးစခန်းများမှ ဧပြီ ၂၉ ရက်မှ မေ ၅ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုည ဒသမ ၆၄၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၇၆၃ တန် တင်ပို့ ခဲ့ပါတယ်။ ယခင် တစ်ပတ်က ကွမ်းသီးတန်ချိန် ၆၇၀ တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၉၃ တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။တင်ပို့မှုကိုကြည့်ပါက ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၀ သန်းတန်ဖိုးရှိ ကွမ်းသီး ၄၅၅ တန်၊ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၃၀၇ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ယခုတစ်ပတ်မှာ ရိဒ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီး တစ်မျိုးသာ တင်ပိ
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးဈေးကွက်မှာ ရှမ်းကြက်သွန်ဖြူတွေ အဝင်လှိုင်လာပါတယ်။ နယ်အစုံကထွက်လာပြီဖြစ်လို့ ဈေးကွက်မှာတစ်ပတ်ကို ပိဿာချိန်ထောင်နှင့်ချီပြီး ဝင်ရောက်မှုရှိနေပါတယ်။ လှောင် လက်တွေ ကလည်း ဝယ်ယူပြီး လှောင်နေသလို၊ ပြည်တွင်းစားသုံးမှုအတွက်ပါ ရန်ကုန်ဝယ်လက် များမှ ဝယ်ယူခြင်း၊ ထိုင်းနိုင်ငံသို့ တင်ပို့ရန်အတွက် ကျိုင်းတုံ၊ တာချီလိတ်မြို့မှ ဝယ်လက်များက ဝယ်ယူနေခြင်းတို့ကြောင့် အရောင်းအဝယ်မှာလည်း သွက်နေ တယ်လို့သိရပါတယ်။ ဒီနှစ်က ကြက်သွန်ဖြူအထွက်မှာလည်း ပုံမှန်အတိုင်းသာရှိ တာကြောင့် တဖြည်းဖြည်းဈေးတက်လာနိုင်တယ်လို့ ခန့်မှန်းကြပြီး ဝယ်လက်တွေ ကဝယ်လှောင်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ရက်သတ္တပတ် အတွင်း အမေရိကန်ဒေါ်လာ ၄၁၇၆၆၂ တန်ဖိုးရှိ နနွင်းတက်(ရှမ်းစ) ၆၂၄ တန် ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။ ယခင်ရက်သတ္တပတ်က မူဆယ် မှ ၁၁၅ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ချိန်ငါးရာ ပိုမိုတင်ပို့ ခဲ့တာ တွေ့ရပါတယ်။ ဧပြီလအတွင်း မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ နနွင်း တက်တန်ချိန် ၁၄၀၀ ခန့် တင်ပို့နိုင်ခဲ့ပါ တယ်။
ပြည်ပဲဈေးကွက်အတွင်း ကုလားပဲသီးနှံမှာ ဒေသတွင်းသာ အရောင်း အဝယ် ဖြစ်ပေမယ့် ပဲဈေးကတော့ မတ်ပဲ၊ ပဲစင်းငုံသီးနှံများထက် ဈေးကောင်း ရလျက်ရှိခဲ့တယ်လို့ သိရပါတယ်။ တစ်တင်းလျှင် ကျပ် ၃၈၅၀၀ ဖြင့် နေ့စဉ် ပဲအဝင်ရှိသလို ခွဲစက်သမားများလည်း ပုံမှန်ဝယ်ယူခဲ့တာကြောင့် ဈေးလျော့ နည်းသွားခြင်းမရှိဘဲ ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပြည်အနီးတစ်ဝိုက်မြို့နယ်များအပြင် မင်းတုန်း၊ ကံမမြို့နယ်များမှလည်း ပြည်ပဲ ဈေးကွက်သို့ နေ့စဉ်အဝင်ရှိခဲ့ပါတယ်။ ဒါကြောင့် အိတ် ၃၀၀ မှ ၄၀၀ ကျော် နေ့စဉ်ဝင်ရောက်သလို ခွဲစက်သမားများမှလည်း အိတ် ၄၀၀ကျော် ဝယ်ယူလို့ ဝင်ရောက်လာသမျှအရောင်းအဝယ်ဖြစ်ခဲ့တယ်လို
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၂ ရက်မှ ၂၈ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၃၉၄၄တန်ဖိုးရှိ လက်ဖက်ခြောက် ၇၆ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်က ၂၉ တန်ကျော်တင်ပို့ခဲ့ပြီး ဧပြီ တစ်လလုံးမှာတော့ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လက်ဖက်ခြောက် တန် ၁၅၀ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ် ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၈၈ သန်း တန်ဖိုးရှိ ကြက်သွန်နီ ၂၀၆၄ တန်ကို တရုတ်နိုင်ငံသို့ လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃၇၅၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀၀ နဲ့ မြဝတေီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၅၉၀၀တန်ဖိုးရှိ ကြက်သွန်နီ ၃၆ တန်ကို ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီး တင်ပို့ခဲ့ကြပါတယ်။ မတ်လအတွင်း မူဆယ်မှ ကြက်သွန်နီတန်ချိန် ၅၀၀၀ ခန့် ၊တာချီ လိတ်မှ တန်၃၀၀ နဲ့ မြဝတီမှ တန် ၅၀ နီးပါးကို အိမ်နီးချင်းနိုင်ငံများသို့
ဧပြီ ၂၂ရက်မှ ၂၈ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇၉ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း အမယ် ၁၂ မျိုး၊ တန်ချိန်အားဖြင့် ၁၁၈၁တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ပရဆေး ၂၀၃တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၉၇၈တန် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေး အမယ်များမှာ ကွမ်းစားဂမုန်း၊ တောချင်း၊ ချင်းခြောက်၊ နနွင်း တက်၊ နနွင်းခေါင်း၊ ဆီးဆန်၊ ကြောင်လျာစေ့၊ မိကျောင်းကွမ်းဖတ်စေ့နဲ့ မာလာဥခေါင်းတို့ဖြစ်ပါတယ်။ ဧပြီလတစ်လလုံး မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ပရဆေးတန်ချိန် သုံးထောင်ခန့် တင်ပို့နိုင်ခဲ့တယ်လိ
တရုတ်နိုင်ငံအတွင်းရှိ ပြည်တွင်းသကြား လုပ်ငန်းရှင်များ၏ တောင်းဆိုချက်အရ ဘရာဇီး နိုင်ငံအပါအဝင် အခြားနိုင်ငံများမှ သကြားတင် သွင်းမှုများအပေါ် တန်ပြန်စုပုံခွန်(Anti-dump- ing Duty) အဖြစ်သတ်မှတ် တိုးမြှင့် ၍ အခွန်နှုန်း ထားကောက်ခံသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ပြည်တွင်း သကြားထုတ်လုပ်သူများအနေ ဖြင့် ပြည်တွင်းလယ်ယာစိုက်ပျိုး ထုတ်လုပ်မှု စရိတ် များ မြင့်တက်လာခြင်းနှင့် ပြည်ပမှ သကြားတင် သွင်းခြင်းဖြင့် ဆိပ်ကမ်းအရောက်တန်ဖိုးက စရိတ် စက ပိုမိုသက်သာမှုရှိနေခြင်းတို့ကြောင့် ပြည်တွင်း မှထုတ်လုပ်သော သကြားဈေးနှုန်းကျဆင်းပြီး ထိခိုက်န
ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များ တွင် ပြည်ပပို့ကုန်ဖြစ်သော သီဟိုဠ်စေ့မှာ ရာသီသီးနှံအဖြစ် ဖေဖော်ဝါရီလကုန်မှစတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိ ပြီး မတ်လပိုင်းဆိုလျှင် သီဟိုဠ်လှိုင် လှိုင်ပေါ် သည့်အချိန် ဖြစ်ကြောင်း၊ သီဟိုဠ်စေ့မှာ မိုးမရွာခင်အချိန်အထိ ဈေးကွက် မှာ အရောင်းအဝယ်ဖြစ်၍ မေ၊ ဇွန် လများတွင် မိုးဖြိုင်ဖြိုင် ရွာသွန်းပါက သီဟိုဠ်စေ့မှာ မိုးမိလျှင် ရေဝင်ကာ အသီးမှာ မည်းသွား၍ ဈေးကွက် တွင် အရောင်းအဝယ်မဖြစ်တော့ဘဲ သီဟိုဠ်ရာသီပြီးဆုံးသွားကြောင်း ဈေးကွက်မှသိရပါသည်။တိုင်းအတွင်း&
ပဲပုပ်ဆီ ဈေးနှုန်းများ မြင့်တက်မှုနှင့် စားအုန်းဆီဈေး မှာလည်း ကျဆင်းနေရာမှ ပြန်လည်မြင့်တက်ရန် အားယူနေ ပြီဟု ရင်းနှီးမြှုပ်နှံသူတို့က ခန့်မှန်းချက်ကြောင့် မလေးရှား စားအုန်းဆီ ကြိုရောင်းဈေး သည် စောစော ပိုင်း က ကျဆင်း နေရာမှ ဧပြီ ၂၆ ရက်တွင် ပြန်လည်ဦးမော့လာကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။စားအုန်းဆီထုတ်လုပ်မှု အခြေအနေက မူလခန့်မှန်း ချက်အောက် ကျဆင်းခဲ့ခြင်းကလည်း ဈေး ကွက်ပြန်လည် နာလန်ထူစေရန်အတွက် အထောက်အကူ ဖြစ်စေခဲ့ကြောင်း