ရှမ်းပြည်နယ်အစိုးရက ၂၀၁၆ ခုနှစ်၊ သြဂုတ်မှစ၍ တရားမဝင် ကုန် သွယ်မှု လျော့နည်းကျဆင်းရေးနှင့် ရသင့် ရထိုက်သော အခွန်ငွေများ အပြည့်အဝရရှိရေးအတွက် ရှမ်းပြည် နယ် (အရှေ့ပိုင်း) ရှိနယ်စပ်ဝင်ပေါက် များ ကြီးကြပ်ရေး ပြည်နယ်ကိုယ်စား လှယ်ကို ခန့်အပ်တာဝန်ပေးဆောင်ရွက် ခဲ့ပြီးနောက် တာချီလိတ် ကုန်သွယ် ရေးစခန်းမှ ဝက်အရှင် အကောင်ရေ ၅၈၈၀၀ ကို ပို့ကုန်သွင်းကုန် လိုင်စင် ထုတ်ပေးနိုင်ခဲ့ပြီး ကုန်သွယ်မှုတန်ဖိုး ကျပ်၁၁၅၂ ဒသမ ၁၁ သန်းကျော် တိုးတက်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရ သည်။
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မစိမ်းကျေး ရွာနဲ့ တယ်ပင် (၃) ကျေးရွာတို့မှာအုန်းသီး၊ ကွမ်းသီး များ ဈေးကောင်းရလျက်ရှိပြီး ဈေးဆက်လက် မြင့်တက်လာနိုင်ကြောင်း အုန်းသီး၊ ကွမ်းသီး ရောင်းဝယ်သူ တစ်ဦး က ပြောကြား ခဲ့ပါတယ်။
ယခင်က မစိမ်းကျေးရွာမှာ အုန်းသီးအလုံး လိုက် လုပ်ကိုင်ခြင်းမျိုးမရှိဘဲ အုန်းသားခြောက် လုပ်ငန်းနဲ့ အုန်းမှုတ်ခွက် မီးသွေးလုပ်ငန်းကိုသာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့ကြပါတယ်။ ယခု အခါမှာတော့ မစိမ်းကျေးရွာမှာ အုန်းသီး၊ကွမ်းသီး များကို အခွံခွာသူ၊ အိတ်သွပ်သူများအပြင် အုန်းသီးအလုံးလိုက် ရောင်းဝယ်နေသူများကိုပါ နေ့စဉ် မြင်တွေ့နေရပါတယ်။
ဖေဖော်ဝါရီ ၁၉ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း မန်ကျည်း ၇၉၆ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ် ပတ်မှာတော့ ပါကစ္စတန်နိုင်ငံသို့ ၅၉၈ တန်၊ စင်ကာပူနိုင်ငံသို့ ၂၃ ဒသမ ၅ တန် ထိုင်းနိုင်ငံသို့ တန်ချိန် ၁၀၀ နဲ့ ဗီယက်နမ်နိုင်ငံသို့ ၇၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ တန်ချိန် ၂၇၅တန်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၅၂၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ် မန်ကျည်း တင်ပို့မှုမှ ကန်ဒေါ်လာ ၂၅၇၇၀၆ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း(DOT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅၈၅၄၂၀ တန်ဖိုးရှိ ငွေချည်-၆-ဝါဂွမ်း ၂၆၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ်က ၁၁၂ တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မူဆယ်မှ တရုတ်နိုင်ငံ သို့ ဝါဂွမ်းတန် ၁၅၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။
စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နဲ့ ပခုက္ကူခရိုင်တွေမှာ လစဉ် သရုပ်ပြပွဲများ၊ ဝါအကြောင်း သိကောင်းစရာများ၊ စိုက်ပျိုးနည်းစနစ်များ ရှင်းလင်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
မော်မော်အောင်
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၁၀၀၀ တန်ဖိုးရှိ ပျားရည် တန်ချိန် ၃၀ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၃၂ တန်တင်ပို့ခဲ့တဲ့အတွက် မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပျားရည်ပုံမှန် တင်ပို့နေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၁၇၉၀၁ တန်ဖိုးရှိ လက်ဖက် ခြောက် ၄၆ တန်နီးပါးကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အပို့မရှိဘဲ ဖေဖော်ဝါရီလဆန်းက ၇၅ တန်နီးပါး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ လက်ဖက်အခါးခြောက်ကို ဂျာမနီနိုင်ငံသို့ တင်ပို့ရောင်းချကြောင်းလည်း သိရပါတယ်။ ရှမ်းပြည်နယ်ရှိ စံပြလက်ဖက်ခြောက် စက်ရုံတွင် အခြောက်ခံ ၍ ထွက်ရှိတဲ့ လက်ဖက်ခြောက်ကို စံချိန်စံညွှန်းမီသဖြင့် ဂျာမနီနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ကြောင်း သိရပါတယ်။
မော်မော်အောင်
ကလေး၊ တမူးဒေသထွက် မျောက်ငိုသီးများ အထွက် လှိုင်နေပြီဖြစ်၍ တမူးနန့်ဖါလုံဈေးသို့နေ့စဉ်ဆိုင်ကယ်စီးရေ ၃၀ ခန့် ပုံမှန်တင်ပို့နေပြီဖြစ်ကြောင်း ဒေသခံခြံရှင်များထံမှ သိရပါတယ်။ မျောက်ငိုပင်သည် စိန်ပန်းပင်နှင့် သဏ္ဌာန် တူပြီး အသီးကအခိုင်လိုက်ကိုင်းများမှာ သီးပါတယ်။ ပင်စည် ချောကာ သစ်ပင်တက်ကျွမ်းကျင်သော မျောက်များပင်တက် ရန်ခက်ခဲ၍ ဒေသခေါ်မျောက်ငိုပင်လို့ လူသိများပါတယ်။ အိန္ဒိယကသည်းလူမျိုးများ နှစ်ခြိုက်စွာ စားသုံးပြီး၊ မျောက်ငို သီးစားပွဲတော်များပင် နှစ်စဉ်ကျင်းပလေ့ရှိကြောင်း သိရပါ တယ်။
ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၂ ရက်အတွင်း ကယားပြည်နယ် လွိုင်ကော်မြို့မှ မူဆယ်ဈေးကွက်သို့ တစ်ရက် လျှင် ပြောင်းတန်ချိန် ၁၀၀ ခန့်တင်ပို့လျက်ရှိရာ ယခု တစ်ပတ်အတွင်း တန်ချိန်ပေါင်း ၅၉၉ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
လွိုင်ကော်မှ တင်ပို့သည့် ပြောင်းများကို မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးမှတစ်ဆင့် မူဆယ်မြို့သို့ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း တင်ပို့ခဲ့သည့် ပြောင်းတန်ချိန် ၅၉၉ တန်တွင် လွိုင်ကော်မြို့၊ လင်ဖုံလေးရွာမှတစ်ဆင့် မိုးဗြဲ၊ ဖယ်ခုံလမ်းကြောင်း၊ လွိုင်လင်လေးမှတစ်ဆင့် ဆီဆိုင်၊ တောင်ကြီးလမ်းကြောင်း တို့မှတင်ပို့သည့် ပြောင်းတန်ချိန်များ မပါဝင်ကြောင်း သိရသည်။
မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ပုရစ်ကုန်းကျေးရွာတွရှိ ခရမ်းချဉ်စိုက်တောင်သူများသည် စိုက်ပျိုးစရိတ် များပြား သလောက် ခရမ်းချဉ်သီးပေါ်ချိန်တွင် ဝယ်လက်များထံမှ ဈေး ကောင်းမရရှိသည့်အတွက် အရှုံးပေါ် လျက် ရှိေ ကြာင်း ဒေသခံ ခရမ်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရ သည်။ယခုနှစ်ဆောင်းရာသီတွင် ခရမ်းချဉ်ဈေးကွက်၏ရာသီ ပေါ်ဈေးနှုန်းအဖွင့်မှာတစ်ပိသာလျှင် ငွေကျပ်၂၀၀၀ဖြစ်သော် လည်း ဈေးကောင်းချိန်၌ အသီးကောက်၍ အမီရောင်းချနိုင်သူ တောင်သူအနည်းငယ်ခန့်သာရှိခဲ့ရာ အဝင်နည်း၍ ဈေးကောင်း ရခြင်းဖြစ်ကြောင်း မုံရွာအဝယ်ဒိုင်မှ သိရှိရပါ သည်။နှစ်ဆန်း ပြီး နောက်ပိုင်းရက်များတွင် ခရမ်းချဉ်သီးဈေးကွက်သည် တစ်နေ့တစ်