ဖေဖော်ဝါရီ လကုန်ပတ်အတွင်း ပြည်ပဲဈေးကွက်သို့ အခြားဆောင်းပဲ သစ်များ အဝင်များလာပေမယ့် ပဲပုပ်သီးနှံ အဝင်ပါးလာခဲ့လို့ လက်လီသာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပြည်ခရိုင်အတွင်း ပဲပုပ်သီးနှံစိုက်ပျိုးထွက် ရှိမှုမှာ အခြားပဲများကဲ့သို့ မများဘဲ စိုက်ဧက ထောင်ဂဏန်းမျှသာ စိုက်ပျိုးခဲ့ ကာ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်တို့မှာ စိုက်ပျိုးလျက်ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ပဲပုပ်သီးနှံဟာ ပဲပေါ်ချိန်ကာလအထွက်လှိုင်ချိန် လောက်သာ လက်လီလက်ကား အရောင်းအဝယ်ဖြစ်နေပေမယ့် ကျန်ကာ လများတွင် လက်လီသမား ပုံမှန်ဝယ်ယူမှုအပေါ် အိတ်အနည်းငယ်ရောင်းချ နိုင်ခဲ့ကြပါတယ်။ ပဲဈေးမှာ တစ်တင်းကျပ် ၂၂၅၀၀ ဖြင့် ဈေးအတက်အကျ သ
မြစ်ကြီးနားမှ ထွက်ခွာလာသည့် Honda Oddesey (အဖြူရောင်) ယာဉ်အမှတ် MON 6D xxxx နှင့် Oddesey (အဖြူရောင်)ယာဉ်အမှတ် YGN 2J /xxxx တို့ကို ကန်ပိုက် တီစခန်းတွင် OSS အဖွဲ့မှ တားဆီးရှာဖွေစ စ်ဆေးခဲ့ရာ ကားဝမ်းဗိုက်အတွင်း မီးသွေးအိတ်များဖြင့် ဖုံးအုပ်သယ် ဆောင် လာသော ကျောက်စိမ်းဟု ယူဆရသည့် ကျောက်တုံးများကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ပစ္စည်းနှင့်မော်တော် ယာဉ်ကို သိမ်းဆည်းခဲ့ပါသည်။ အဆိုပါ သိမ်းဆည်း ရမိ ကျောက်စိမ်းတုံးများမှာ ကျောက်တုံးကြီးသေးရောရာ ၁၀၅ တုံးနှင့် ကျောက်စိမ်း တုံးကြီးရောရာ ၂၈၃ တုံးဖြစ်ပါသည်။
ဖေဖော်ဝါရီ ၄ ရက်မှ ၁၀ ရက် အထိ ရက်သတ္တပတ်အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ် ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၉၂၅၂ တန်ဖိုးရှိ လက်ဖက်ခြောက် ၇၅ တန်နီးပါးကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ ပါတယ်။ ယခင်ရက်သတ္တပတ်က တာချီလိတ်မှ လက်ဖက်ခြောက် တင်ပို့ခဲ့ခြင်းမရှိဘဲ မူဆယ်မှတစ်ဆင့် တရုတ် နိုင်ငံသို့ လက်ဖက်ခြောက် ၁၆ တန်ခွဲ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ စက်ရုံများမှ ထုတ်လုပ်တဲ့ လက်ဖက်ခြောက်မှာ မိရိုးဖလာန ည်းနဲ့ ထုတ်လုပ်တဲ့ လက်ဖက်ခြောက်ထက်အနံ့၊ အရသာကွာခြားသည့်အပြင် သန့်ရှင်း သပ်ရပ်မှု ပိုမိုကောင်းမွန်တာကြောင့် ကျန်းမာရေးနဲ့လည်း ကိုက်ညီပြီး ပြည်ပသို့ တင်ပို့နိုင်သည်
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန် သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီ ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၉ သန်း တန်ဖိုးရှိ ကွမ်းသီး ၆၃၂ တန် တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တန်ချိန် ၅၉၀ တင်ပို့ခဲ့ တာမို့ ယခုတစ်ပတ်မှာ ၄၂ တန်ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ ယင်းသို့ ပိုမိုရခြင်းမှာ ယခင်တစ်ပတ်က တင်ပို့ နိုင်ခြင်းမရှိတဲ့ တမူးကုန်သွယ်ရေး စခန်း မှ ကွမ်းသီး ပြန်လည်တင်ပို့လာခြင်း ကြောင့် ဖြစ် တယ်လို့ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီ ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၂၃၉ သန်း တန်ဖိုးရှိ Re-export သကြား ၅၂၈၉၇ တန်ကျော် တင် ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၃၉၉၈၄ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ သကြား ၁၂၉၁၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်မှ ယခင်တစ်ပတ်က သကြားတင်ပို့ခြင်း မရှိ ဘဲ ယခုတစ်ပတ်မှာတော့ အမေရိကန် ဒေါ်လာ သုညဒသမ ၀၃၄ သန်းတန်ဖိုး ရှိ သကြားဖြူ ၅၂ တန်ခွဲ တင်ပို့ခဲ့တာ တွေ့ရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီ ၄ ရက်မှ ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ ၃၅၂၀၀၀ တန်ဖိုးရှိ ငွေချည်-၆ ဝါဂွမ်း တန် ၁၆၀ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၂၀၂ တန်ခွဲ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝါ ၄၂ တန်ခွဲ လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ တရုတ်နိုင်ငံက ယခုလို ပုံမှန်ဝယ်ယူတာကြောင့် ဝါစိုက်တောင်သူတွေအတွက် အခြေအနေကောင်းလာ တာလို့ တံတားဦးမြို့မှ ဝါစိုက်တောင်သူတစ်ဦးက ပြောပါတယ်။ ငွေချည်-၆-ဝါ တစ်တန်ကို လိုင်စင်ဈေး အမေရိကန်ဒေါ်လာ ၂၂၀၀ ရှိပါတယ်။
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီ ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၂၄၇၀ တန်ဖိုးရှိ ပျားရည် ၃၂ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ် က တရုတ်နိုင်ငံသို့ ပျားရည်တင်ပို့မှုမရှိဘဲ ယခုတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပျားရည်ကို ပြည်တွင်းမှာ ဆေးဝါးအဖြစ်သာ အသုံးပြုကြပြီး ပြည်ပနိုင်ငံ တွေမှာတော့ ပျားရည်ကို သကြားအစား အသုံးပြုခြင်းနဲ့ အေ အးပိုင်းနိုင်ငံတွေမှာ အများအပြား သုံးစွဲနေကြတာကြောင့် ယခုလို ပြည်ပဈေးကွက်သို့ တင်ပို့နေရ တာ ဖြစ်ပါတယ်။ ပျားရည်တစ်တန်ကို လိုင်စင်ဈေး အမေရိကန်ဒေါ်
ဖေဖော်ဝါရီ ၄ ရက်မှ ၁၀ ရက် အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုညဒသမ ၅၇၁ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ၁၅ မျိုး၊ တန် ချိန် အားဖြင့် ၆၈၉ တန်aကျာ်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄၆၉ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ် မူဆယ်မှပရဆေး တန် ၂၀၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ ကွမ်း သီး ခွံ၊ မိကျောင်း ကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြောင်ပန်း စေ့၊ ကြောင်လျှာစေ့၊ မာလာဥ၊ မာလာ ဥခေါင်း၊ မုတ်ခါး၊ နနွင်းတက်၊ တော ချင်း၊ တောဂျူးမြစ်၊ ဆီးဆန်၊ ဆေး မြင်းခွာ၊ ဒ
မုံရွာမှထွက်ရှိသော ပဲစင်းငုံနီများကို ရန်ကုန်ဝယ်လက်သို့ တင်ပို့ လျက်ရှိသဖြင့် မုံရွာ-ရန်ကုန် ကုန်စည်ပို့ဆောင်ခ အနည်းငယ်တက်လာ ကြောင်း မုံရွာမြို့ရှိ ကုန်စည်ပို့ဆောင်ရေးအသင်းထံမှ သိရှိရပါတယ်။ ဒီဇင်ဘာ၊ ဇန်န ဝါရီလများတွင် မုံရွာ-ရန်ကုန် ကုန်စည်ပို့ဆောင်ခမှာ တစ်ပိဿာလျှင် ၃၇ ကျပ်မှ ၃၈ ကျပ်မျှသာရှိခဲ့ရာမှ ဖေဖော်ဝါရီပထမပတ်မှစ၍ ကုန်စည်ပို့ဆောင်ခမှာ တစ်ပိဿာလျှင်ကျပ် ၄၀ မှ ၄၂ကျပ်အထိ ရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။ ယခုအခါ ရန်ကုန်သို့ ပဲစင်းငုံနှင့် ပဲမျိုးစုံတစ်နေ့လျှင် အိတ်ရေ ၃၀၀၀ ကျော်ခန့် ပုံမှန်တင်ပို့နေတယ်လို့ ကုန်သည်တစ်ဦးကလည်း ပြောပြပါတယ်
ဖေဖော်ဝါရီ ၅ ရက်မှ ၁၁ ရက်အထိသီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၁၀၁၃၇၉၉ တန်ဖိုးရှိ ဒီဇယ်၄၄၄၄၂ဒသမ ၄၉၂ တန်နဲ့ ကန်ဒေါ်လာ၆၇၇၅၅၈၀ တန်ဖိုးရှိ ဓာတ်ဆီ ၁၂၆၄၄ ဒသမ ၀၆၇ တန်၊ စုစုပေါင်း ၅၇၀၈၆ ဒသ မ ၅၅၉ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်တင်သွင်းတန်ချိန် ၇၉၀၀၀ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၃၄၆၀၀ ကျော်အဝင် လျော့ခဲ့ပြီး ယခင်သီတင်းပတ်ဓာတ်ဆီ တင်သွင်း တန်ချိန် ၁၂၅၀၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဓာတ်ဆီတန်ချိန်၁၄၀ကျော် အဝင်ပိုခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီအဝင်ပိုပြီး ဒီဇယ်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်စခန်းများဖြစ်တဲ့ လွယ်ဂျယ်ကု