လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၆-၂-၂၀၂၄)မှ (၁၀-၂-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၄၆၆.၅၀၀)တန်၊ တန်ဖိုး(၀.၂၅၀)ဒေါ်လာသန်း၊ ဆန်ကွဲ(၇၁၈.၅၀၀) တန်၊ တန်ဖိုး (၀.၃၁၅)ဒေါ်လာသန်း၊ သခွားမွှေး(၃၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၇) ဒေါ်လာသန်း၊ နှမ်းဖြူ (၃၂.၅၀၀)တန်၊ တန်ဖိုး(၀.၀၄၉)ဒေါ်လာသန်း၊ ငရုတ်ခြောက်(၃၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၅၂)ဒေါ်လာသန်း၊ မြေထောက်ပဲ (၁၇.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၄)ဒေါ်လာသန်း၊ ဖရဲသီး (၇၄၂.၅၀၀)တန်၊ တန်ဖိုး (၀.၁၀၇) ဒေါ်လာသန်း၊ ကြံ(၁၄၄၀.၀၀၀)တန်၊ တန်ဖိုး(၀.၀၅၈)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၂၉၁၂.၀၀၀)တန်၊ တန်ဖိုး (၁.၀၅၄)ဒေါ်လာသန်း၊ ပြောင်း (၁၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်း၊ ကော်ဖီမစ် (၄၃.၈၀၀)တန်၊ တန်ဖိုး(၀.၀၅၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူး ငှက်ပျောတစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခ မှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် သံ(၂၃၆.၃၀၀)တန်၊ တန်ဖိုး(၀.၁၇၃)ဒေါ်လာသန်း၊ ဂျပ်ဖာ (၇၀.၁၀၀)တန်၊ တန်ဖိုး(၀.၀၂၆)ဒေါ်လာသန်း၊ အိတ်အမျိုးမျိုး (၃၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၆)ဒေါ်လာသန်း၊ တစ်ရှူး(၇၃.၇၀၀)တန်၊ တန်ဖိုး(၀.၀၃၂)ဒေါ်လာသန်း၊ ကုန်စုံ(၉၉၇.၈၀)တန်၊ (၁၄၅၆၆၈)U၊ (၁၉၇၉၅)PAIR၊ တန်ဖိုး (၁.၀၂၅) ဒေါ်လာသန်း၊ စက္ကူလိပ်(၈၃.၆၀၀)တန်၊ တန်ဖိုး(၀.၀၃၆)ဒေါ်လာသန်း၊ စတီးပိုက် (၁၅.၆၄)တန်၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်း၊ ထွန်စက် (၁)U ၊တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ သံပိုက် (၁၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၂) ဒေါ်လာသန်း၊ ဆေး(၃၈၈၆၃၀) U၊ တန်ဖိုး (၀.၀၆၅) ဒေါ်လာသန်း၊ ကော်ဇောအခင်း(၂၅.၁၀၀)တန်၊ (၂၀၀)U၊ (၅၀၅၀၀)PAIR ၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ပလပ်စတစ် (၂.၅၀၀)တန်၊ (၅၁၀၀)PAIR၊ တန်ဖိုး(၀.၀၀၉)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်း ဈေးနှုန်းများအနေဖြင့် စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ (၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ် - စိန်လုံ - မိုးမောက် (ကျောက်စခန်း) - ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၅-၂-၂၀၂၄ ရက်နေ့မှာတော့ (၁) ယွမ် လျှင် (၄၆၅)ကျပ်ဖြစ်ခဲ့ပြီး ၁၀-၂-၂၀၂၄ ရက်နေ့တွင် (၁)ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေ ဈေးတည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။

         ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၈.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၀.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။

ဖေဖော်ဝါရီလ(၁၀) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၉.၀၂၃) ဒေါ်လာသန်း၊ သွင်းကုန် (၁.၄၃၁)ဒေါ်လာသန်း၊ စုစုပေါင်း(၁၀.၄၅၄)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၅၀.၉၉၅%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဖေဖော်ဝါရီလ (၅)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ Iron Concentrate ၊ ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန် အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ(၆)ရက်မှ ဖေဖော်ဝါရီလ (၁၀) ရက် နေ့ အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်း တစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၅၁၇၅) တန်၊ တန်ဖိုး (၁.၇၉၇) ဒေါ်လာသန်း၊ ကြက်သွန်နီ တင်ပို့မှုအနေဖြင့် တန်ချိန် (၄၈၀.၀) တန်၊ တန်ဖိုး (၀.၂၀၈) ဒေါ်လာသန်း၊ ငရုတ်သီး တင်ပို့မှု အနေဖြင့် တန်ချိန် (၃၉၇) တန်၊ တန်ဖိုး(၀.၂၀၁)ဒေါ်လာသန်း ၊Iron Concentrate တန်ချိန် (၅၆) တန်၊ တန်ဖိုး(၀.၀၀၆)ဒေါ်လာသန်း၊ ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၂၄၀) တန်၊ တန်ဖိုး (၀.၁၃၆)ဒေါ်လာသန်း နှင့်ရွှေဖရုံသီး တင်ပို့မှုအနေဖြင့် တန်ချိန် (၄၂၈)တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊Artificial Grass ၊ လိမ္မော်သီး နှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၆၃.၁၀) တန်၊ တန်ဖိုး (၀.၀၆၃) ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၅၄) တန်၊ တန်ဖိုး (၀.၂၈၇) ဒေါ်လာသန်း၊ လူသုံးပစ္စည်း တန်ချိန် (၂၇၁) တန်၊ တန်ဖိုး (၀.၁၅၇) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

          ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

   လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၄-၂-၂၀၂၄ မှ ၅-၂-၂၀၂၄ ရက်နေ့အတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုဆောင်ရွက်ရာ၌ ဆန် ၂၆၂.၅၀ တန်၊ ဆန်ကွဲ ၂၃၁.၀၀ တန်၊ ကြက်သွန်နီ ၉၇.၀၀ တန်၊ ဆီးခွဲခြမ်း ၃၃.၀၀ တန်၊ ငရုတ်ခြောက် ၁၅.၅၀ တန်၊ ဂျင်းခြောက် ၀.၅၅၀ တန်၊ ဖရဲသီး ၁၁၂.၀၀ တန်၊ ကြံ ၅၇၀.၀၀ တန်၊ တစ်သျှူးငှက်ပျော ၁၁၃၈.၀၀ တန်နှင့် ဆီးဇံ ၂၅.၀၀ တန် တင်ပို့နိုင်ခဲ့သည်။

   ပို့ကုန်ပစ္စည်းများ၏ တစ်တန်ဈေးနှုန်း အနေဖြင့် ဆန် ၅၆၀ ဒေါ်လာ၊ ဆန်ကွဲ ၄၅၀ ဒေါ်လာ၊ ပြောင်း ၃၁၀ ဒေါ်လာ၊ ဖရဲသီး ၁၅၀ ဒေါ်လာ၊ တစ်သျှူးငှက်ပျော ၃၈၀ ဒေါ်လာနှင့် ပဲတီစိမ်း ၆၅၀ ဒေါ်လာရှိကြောင်း သိရှိရသည်။

   ယခုအပတ်အတွင်း သွင်းကုန်များအနေဖြင့် သံ ၁၃၈.၄၂၀ တန်၊ ဂျပ်ဖာ ၅၀.၀၀ တန်၊ ကုန်စုံ ၃၅၆.၉၀ တန်၊၂၇၆၇၄ ခု၊ ၂၀၀ ရံ၊ စက္ကူ ၁၈.၅၀ တန်၊ သံပိုက် ၁၈.၇၀ တန်၊ စက္ကူလိပ် ၆.၅၀ တန်၊ ပိုက်ဆက် ၂၂.၇၀ တန်၊ ဆေး ၆၂၃၀၀ ခု ၊ ပိုက်  ၇.၃၀ တန်၊ ၃၀ ခု၊ ပလပ်စတစ် ၁၉.၀၀ တန်နှင့် မြက်ခင်းတု ၇.၉၀ တန် တင်သွင်းနိုင်ခဲ့သည်။

   သွင်းကုန်ပစ္စည်းများ၏ တစ်တန်ဈေးနှုန်း အနေဖြင့် စက္ကူလိပ် ၃၅၀ ဒေါ်လာ၊ ပီနံအိတ် ၈၀၀ ဒေါ်လာ၊ ပိတ်လိပ် ၅၇၀ ဒေါ်လာ၊ ဂျပ်ဖာ ၃၉၀ ဒေါ်လာ၊ ချည်ခင် ၆၆၇ ဒေါ်လာရှိကြောင်း သိရှိရ ပါသည်။

DOT ( လွယ်ဂျယ်)

           မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့မှ (၆) ရက်နေ့  အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၀၇၆) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၁၁) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၀၈၇) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ (၄) ရက်နေ့ မှ (၆) ရက်နေ့ အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ငရုတ်သီး (၆၂.၁၆၆) တန်၊ တန်ဖိုး (၀.၀၄၈၈) ဒေါ်လာသန်း၊ ရေထွက် ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ ၊ ပုစွန်၊ ကဏန်းနှင့် အခြားရေထွက်ပစ္စည်းများ (၃၅.၅၂၀) တန်၊ တန်ဖိုး (၀.၀၅၅၄) ဒေါ်လာသန်း၊  စက်မှုကုန်ချောအနေဖြင့် တံမြက်စည်း (၁၈၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၃၆) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီး (၄.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၁၁) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်း များမှာ ငါးမျိုးစုံ(၉၅၀.၄၂)ဒေါ်လာနှုန်း၊ ပုစွန်(၄၀၂၉.၈၅)ဒေါ်လာနှုန်း၊ ကဏန်း(၂၃၅၂.၉၄) ဒေါ်လာနှုန်း၊ တံမြက်စည်း တစ်ချောင်းလျှင် (၀.၂) ဒေါ်လာနှုန်းဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၂၄၄.၄၄) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် နှင့် ကုန်ပွ (၇၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ-မောတောင် ကုန်သွယ်မှု လမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၆-၂-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁) သိန်းလျှင် ဘတ် (၁၀၂၅) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၇.၅) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်ကျခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

             ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ် ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်း များမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၅ရက်နေ့အထိ ပို့ကုန် တန်ချိန် (၂၂၁၇.၀၀၀)၊

                 အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများမှာ ငါးစက္ကူတန်ချိန် (၃.၅၂၀)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၃၅၆၂.၀၀၀)၊ (၁)တန်ဈေးနှုန်း (၁၆၆၀.၀၀၀) အမေရိကန်ဒေါ်လာ ၊ ငါးချဉ်ပေါင် တန်ချိန် (၁၆.၁၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၃၆၁.၆၀၀)၊ (၁)တန်ဈေးနှုန်း (၁၂၆၀)အမေရိကန်ဒေါ်လာ၊ ပလာတူး တန်ချိန် (၂၈၂.၀၃၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၇၆၃၉၄.၃၀၀)၊ (၁)တန် ဈေးနှုန်း(၉၈၀) အမေရိကန်ဒေါ်လာ၊ ကြိမ်မွှေ့ဒေါင်းတန်ချိန်(၅.၆၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၈၄၀.၀၀၀)၊ (၁)တန် စျေးနှုန်း (၁၄၀၀)အမေရိကန်ဒေါ်လာ၊ ရေဘဝဲတန်ချိန်(၃.၄၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၇၀၅.၆၀၀)၊ (၁)တန် စျေးနှုန်း (၂၂၄၀) အမေရိကန်ဒေါ်လာ၊ ပလာလန်း တန်ချိန် (၅၀.၂၄၂)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၅၂၆၆.၂၀၀)၊ (၁)တန် စျေးနှုန်း (၁၁၀၀) အမေရိကန်ဒေါ်လာ၊ ခွေးလျှာတန်ချိန် (၆.၆၄၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၄၃၆.၈၀၀)၊ (၁)တန်စျေးနှုန်း (၁၁၂၀) အမေရိကန်ဒေါ်လာ၊ ငါးညှိချောတန်ချိန် (၃၂.၂၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၈၃၈၈.၈၀၀) ၊ (၁) တန်စျေးနှုန်း(၈၈၀) အမေရိကန်ဒေါ်လာ၊ ကင်းမွန်တန်ချိန် (၄၀.၉၅၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၃၂၄၁.၅၀၀)၊ (၁)တန် စျေးနှုန်း (၁၃၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာ ငါးဖမ်းပိုက်(၉.၂၁၇)တန်၊ တန်ဖိုးအမေရိကန် ၊ ကော်စေ့ (၅၃.၂)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၁၀၀၀.၀၀၀)၊ (၁)တန်စျေးနှုန်း (၁၅၂၂.၅၅၆) အမေရိကန် ဒေါ်လာ၊ လူသုံးပစ္စည်း(၁၂၅.၂၉)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၁၄၀၀၀.၀၀၀)၊ (၁)တန် စျေးနှုန်း (၉၀၉.၈၈၉) အမေရိကန်ဒေါ်လာ ၊ ဘေစင်(၀.၃၃၆) တန်၊  တန်ဖိုး အမေရိကန်ဒေါ်လာ(၁၀၀၀.၀၀၀)၊ (၁)တန်ဈေးနှုန်း (၂၉၇၆.၁၉၀)အမေရိကန်ဒေါ်လာ၊ ရေချိုးကန်(၀.၂၈၂)တန်၊ အမေရိကန်ဒေါ်လာ(၂၀၀၀)၊ (၁)တန်စျေးနှုန်း (၇၀၉၂.၁၉၈) အမေရိကန်ဒေါ်လာ၊ လျှပ်စစ်ပစ္စည်း(၀.၀၉၁) တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၁၀၀၀.၀၀၀)၊ (၁)တန် ဈေးနှုန်း(၁၀၉၈၉.၀၁၁) အမေရိကန်ဒေါ်လာ၊ ဘိုထိုင်အိမ်သာ (၅.၀၀၀)U၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၀၀၀)၊ (၁)Uဈေးနှုန်း(၂၀၀.၀၀၀) အမေရိကန်ဒေါ်လာ၊ ဖိနပ် (၈၀၈၅၆)2U၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၉၀၀၀)၊ (၁)2U ဈေးနှုန်း(၀.၁၁၁) အမေရိကန်ဒေါ်လာ တို့ဖြစ်ပြီး ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ်ရှိကြောင်းသိရှိရပါသည်။

              ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။         (၅-၂-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၁၅.၂၃)ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ (၉၈.၅) ကျပ်ခန့် (၄-၁-၂၀၂၄) ရက်နေ့ နှိုင်းယှဉ်လျှင်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီ ဈေးနှုန်းများ အနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၉၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ်ဖြင့် တည်ငြိမ် လျက်ရှိသည်။

Pages