မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ မှ ဖေဖော်ဝါရီလ (၅)ရက်နေ့ အတွင်း ပို့ကုန်ငါးမှုန့်(၁) တန်လျှင် (၈၉၃.၇) ဒေါ်လာနှုန်းဖြင့် (၉၀၀) တန် ၊ တန်ဖိုး (၀.၈၀၄) ဒေါ်လာသန်း အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း ၊ ငါးကြိတ်သား (၁) တန် လျှင် (၁၈၁၇) ဒေါ်လာနှုန်းဖြင့် (၂၇) တန် ၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်းတို့အား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်များ လျှောက်ထားရယူ ၍ မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့်ထိုင်းနိုင်ငံ ပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်း ဖြင့်လည်းကောင်း တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး (၀.၈၅၃) ဒေါ်လာသန်း တင်ပို့ခဲ့ပါ သည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်)ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ်-ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

            မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့မှ ဖေဖော်ဝါရီလ(၅) ရက်နေ့ အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ (၁)တန်လျှင် (၈၂၅) ဒေါ်လာနှုန်းဖြင့် (၄၀၀) တန် ၊ တန်ဖိုး (၀.၃၃) ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန်လျှင် (၈၉၉.၇) ဒေါ်လာနှုန်းဖြင့် (၁၀၀) တန် ၊ တန်ဖိုး (၀.၀၉) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၀.၄၂) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၂၉၃၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၉.၅) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

             တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် (ဖေဖော်ဝါရီလ၅ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၀.၆၅၉) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၀.၈၉၇) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၁.၅၅၆) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၅-၂-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း(၄၉၁.၆၂၈) တန်၊တန်ဖိုး(၀.၁၁၆) ဒေါ်လာသန်း၊ထောပတ်သီး (၁၃၀.၅) တန်၊ တန်ဖိုး (၀.၀၇၂) ဒေါ်လာသန်း၊ကြက်သွန်နီ (၃၄)တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ လိမ္မော်သီး (၇၉.၂) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ပလပ်စတစ်ဖြတ်စ(၁၀)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်းနှင့်စက္ကူဖြတ်စ(၃၄)တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၂၂၃) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၅-၂-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင်(၁၀၀၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိပြီး(၅-၂-၂၀၂၄) ရက်တွင် ဓါတ်ဆီ (၀.၀၃၀) ဒေါ်လာသန်း၊ ဒီဇယ် (၀.၀၉၅)ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၀၉) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၂၅) ဒေါ်လာသန်း၊ဘိလပ်မြေမျက်နှာကျက်ပြား(၀.၀၁၇) ဒေါ်လာသန်း၊ကွန်ကရစ်အမိုးပြား (၀.၀၁၁) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၂၁၅)ဒေါ်လာသန်းအပါအဝင် (၀.၄၀၂) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

            မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၄-၂-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ သတ္တုနှင့်သတ္တုရိုင်းများ၊ ငရုတ် (အခြောက်)၊ ပြောင်း၊ ဂျင်းခြောက်၊  ငရုတ် (အစို) ၊ ဂျင်း(အစို)နှင့် ဆံပင် တို့ တင်ပို့ခဲ့ပါသည်။ 

            ၄-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ သတ္တုနှင့် သတ္တုရိုင်းများ၊ ငရုတ်(အခြောက်)၊ပြောင်း၊ ဂျင်းခြောက်၊  ငရုတ် (အစို) ၊ ဂျင်း(အစို)နှင့် ဆံပင်တို့ ဖြစ်ပါ သည်။

            ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်း ဝယ်လိုအား မြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

            ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

            ၄-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဆေးဝါးများ (၀.၃၉၃)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းများ (၀.၃၇၁) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၁၁၈) ဒေါ်လာသန်း၊ ကားအပိုပစ္စည်း (၀.၀၉၂) ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်း (၀.၀၇၈) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း(၀.၀၅၈)ဒေါ်လာသန်း၊ တိရိစ္ဆာန်အစာ(၀.၀၅၃)ဒေါ်လာသန်း၊ စက်နှင့်စက်အပိုပစ္စည်း များ (၀.၀၄၂) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၀၃၉)ဒေါ်လာသန်းနှင့်  ကွန်ပျူတာဆက်စပ် ပစ္စည်းများ (၀.၀၃၅) တို့ ဖြစ်ပါ သည်။

            ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၉.၅၀)ကျပ် ရှိပြီး ယခုအပတ်တွင်        ( ၉၉.၅၀) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ တည်ငြိမ်လျက်ရှိပါသည်။

            ၄-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ  ကြက်သွန်နီ (၁) တန်လျှင် (၄၂၀.၆၆၈) ဒေါ်လာဖြင့် ( ၇၁၀.၇၇၅ ) တန်၊ ( ၀.၂၉၉) ဒေါ်လာသန်း၊ သတ္ထုနှင့်သတ္ထုရိုင်းများ  (၁) တန် လျှင် (၂၀၇၁.၃၄၆) ဒေါ်လာ ဖြင့် (၆၀.၈၃) တန်၊ (၀.၁၂၆) ဒေါ်လာသန်းနှင့် ငရုတ်(အခြောက်)(၁) တန် လျှင် (၂၆၂၇.၄၃၂) ‌ဒေါ်လာဖြင့် (၇၀.၀၄၉) တန် ၊ (၀.၁၁၄) ဒေါ်လာသန်း၊ ပြောင်း (၁)တန်လျှင် (၂၃၄.၃၇၅) ဒေါ်လာဖြင့် (၆၄)တန်၊ (၀.၀၁၅)ဒေါ်လာသန်း ၊ ဂျင်းခြောက် (၁)တန်လျှင် (၈၈၂.၃၅၃)ဒေါ်လာဖြင့် (၁၇)တန်၊ (၀.၀၁၅)ဒေါ်လာသန်း၊ ငရုတ်(အစို) (၁)တန်လျှင် (၂၉၈.၀၁၃)ဒေါ်လာဖြင့် (၃၀.၂)တန် (၀.၀၀၉)ဒေါ်လာသန်း၊ ဂျင်း (အစို) (၁)တန်လျှင် (၄၁၂.၇၉၇)ဒေါ်လာဖြင့် (၄.၈၄၅)တန် (၀.၀၀၂)ဒေါ်လာသန်းနှင့် ၊ ဆံပင် (၁)တန် လျှင် (၂၃၇၅၂.၉၇)ဒေါ်လာဖြင့် (၀.၄၂၁)တန် (၀.၀၁)ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

            မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁.၉၄၉) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၄.၅၂၆) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၆.၄၇၅) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

            လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၄-၂-၂၀၂၄) မှ (၅-၂-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၂၆၂.၅၀) တန်၊ တန်ဖိုး (၀.၁၃၅) ဒေါ်လာသန်း၊ ဆန်ကွဲ (၂၃၁.၀၀၀)တန်၊ တန်ဖိုး (၀.၁၁၃)ဒေါ်လာသန်း၊ ကြက်သွန်နီ(၉၇.၀၀၀)တန်၊ တန်ဖိုး(၀.၀၃၉) ဆီးခွဲခြမ်း (၃၃.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ ငရုတ်ခြောက်(၁၅.၅၀၀)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ဂျင်းခြောက် (၀.၅၅၀)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ ဖရဲသီး (၁၁၂.၀၀)တန်၊ တန်ဖိုး(၀.၀၁၆) ဒေါ်လာသန်း၊ ကြံ(၅၇၀.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၂)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၁၃၈.၀၀၀)တန်၊ တန်ဖိုး(၀.၃၈၄)ဒေါ်လာသန်း၊ ဆီးဇံ(၂၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူး ငှက်ပျောတစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခ မှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင်သံ(၁၃၈.၄၂၀)တန်၊ တန်ဖိုး(၀.၀၉၄)ဒေါ်လာသန်း၊ ဂျပ်ဖာ(၅၀.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ကုန်စုံ (၃၅၆.၉၀၀)တန်၊(၂၇၆၇၄)U၊ (၂၀၀) PAIR၊ တန်ဖိုး (၀.၃၃၃) ဒေါ်လာသန်း၊ စက္ကူ(၁၈.၅၀၀)တန်၊ တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ သံပိုက်(၁၈.၇၀၀) တန်၊ (၂၀၀) PAIR (၀.၀၁၃)ဒေါ်လာသန်း၊ စက္ကူလိပ်(၆.၅၀၀)တန်၊ တန်ဖိုး(၀.၀၀၂) ဒေါ်လာသန်း၊ ပိုက်ဆက်(၂၂.၇၀၀)တန်၊ တန်ဖိုး(၀.၀၂၀)ဒေါ်လာသန်း၊ဆေး (၆၂၃၀၀)U ၊တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ပိုက် (၇.၃၀၀)တန်၊ (၃၀)U၊ တန်ဖိုး(၀.၀၀၇) ဒေါ်လာသန်း၊ ပလပ်စတစ် (၁၉.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၇)ဒေါ်လာသန်း၊ မြက်ခင်းတု(၇.၉၀၀)တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း တင်သွင်း နိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၃-၂-၂၀၂၄ ရက်နေ့မှာတော့ (၁) ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်ခဲ့ပြီး ၅-၂-၂၀၂၄ ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေ ဈေးတည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၁၈.၀၀၀)ဒေါ်လာသန်းနှင့် သွင်းကုန်(၂.၅၀၀)ဒေါ်လာသန်းဖြင့်စုစုပေါင်း (၂၀.၅၀၀)ဒေါ်လာသန်း ဖြစ်ပါသည်။

ဖေဖော်ဝါရီလ(၅) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၆.၆၃၂) ဒေါ်လာသန်း၊ သွင်းကုန် (၀.၉၂၃)ဒေါ်လာသန်း၊ စုစုပေါင်း(၇.၅၅၅)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၃၆.၈၅၄%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဖေဖော်ဝါရီလ (၅)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ Iron Concentrate ၊ ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန် အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ(၄)ရက်မှဖေဖော်ဝါရီလ(၅) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၉)ဒေါ်လာတို့ဖြင့် တန်ချိန် (၅၈၂၅) တန်၊ တန်ဖိုး (၂.၀၃၂) ဒေါ်လာသန်း၊ကြက်သွန်နီ တင်ပို့မှုအနေဖြင့် တန်ချိန် (၅၂၂.၇) တန်၊ တန်ဖိုး (၀.၂၂၆) ဒေါ်လာသန်း၊ငရုတ်သီး တင်ပို့မှုအနေဖြင့် တန်ချိန် (၁၇၀) တန်၊ တန်ဖိုး(၀.၀၈၉)ဒေါ်လာသန်း ၊Iron Concentrateတန်ချိန် (၅၆) တန်၊ တန်ဖိုး(၀.၀၀၆)ဒေါ်လာသန်းနှင့်ရွှေဖရုံသီး တင်ပို့မှုအနေဖြင့် တန်ချိန် (၁၁၄)တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊Artificial Grass ၊ လိမ္မော်သီး နှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၆၉.၉၀) တန်၊ တန်ဖိုး (၀.၀၇၁) ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၁၆၈.၈) တန်၊ တန်ဖိုး (၀.၂၅၈) ဒေါ်လာသန်း၊ လူသုံးပစ္စည်း တန်ချိန် (၁၃၆.၉) တန်၊ တန်ဖိုး (၀.၀၈၉) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Pages