တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့်ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့်ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ၂၀၂၄ ခုနှစ်(ဇန်နဝါရီလ၂၉ရက်ထိ) ပို့ကုန်ကန်ဒေါ်လာ(၃.၃၇၅)သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၇.၅၁၄) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၁၀.၈၈၉)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂၉-၁-၂၀၂၄)ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၉၆၅.၇၅၀)တန်၊ တန်ဖိုး(၀.၂၃၂) ဒေါ်လာသန်း၊ထောပတ်သီး(၁၄၇)တန်၊ တန်ဖိုး (၀.၀၈၂) ဒေါ်လာသန်း၊ကြက်သွန်ဖြူ (၁၅)တန်၊ တန်ဖိုး (၀.၀၅၂) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ပလပ်စတစ်ဖြတ်စ(၁၆) တန်၊ တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ လိမ္မော်သီး (၂၆.၄)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်းနှင့်စက္ကူဖြတ်စ(၂၈)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ စုစုပေါင်း(၀.၃၉၀)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၂၉-၁-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၉၉၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

              တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိပြီး(၂၉-၁-၂၀၂၄) ရက်တွင် ဓါတ်ဆီ (၀.၁၅၂) ဒေါ်လာသန်း၊ ဒီဇယ် (၀.၁၁၂)ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၂၈) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၃၈) ဒေါ်လာသန်း၊ဘိလပ်မြေမျက်နှာကျက်ပြား(၀.၀၃၀)ဒေါ်လာသန်း၊ကွန်ကရစ်အမိုးပြား (၀.၀၁၆) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၇၈)ဒေါ်လာသန်းအပါအဝင် (၀.၅၅၄) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

              မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၂၈-၁-၂၀၂၄) ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် မြေပဲဆံ၊ ကြက်သွန်နီ၊ ငရုတ်(ခြောက်)၊ ငရုတ် (အစို)တင်ပို့ခဲ့ပါသည်။

              ၂၈-၁-၂၀၂၄  ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ မြေပဲဆံ၊ကြက်သွန်နီ၊ ငရုတ်(ခြောက်)၊ ငရုတ် (အစို)ဖြစ်ပါသည်။

              ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံး ပြုရန်လိုအပ်ချက်ကြောင့်စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသ ည်

              ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

              ၂၈-၁-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်းများ (၀.၃၃၈) ဒေါ်လာသန်း၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ (၀.၂၁၉) ဒေါ်လာသန်း၊ ကားအပိုပစ္စည်းများ(၀.၀၉၈)ဒေါ်လာသန်း၊ လျှပ်စစ်ပစ္စည်းများ (၀.၀၈၄) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၈၃)ဒေါ်လာသန်း၊ ၊ တာယာနှင့်ကျွတ်များ (၀.၀၅)ဒေါ်လာသန်း၊ ဆပ်ပြာများ (၀.၀၅၃) ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်း (၀.၀၂၃) ဒေါ်လာသန်း၊ စက်အပိုပစ္စည်းများ (၀.၀၂၁) ဒေါ်လာသန်းနှင့်ဆိုင်ကယ်အပိုပစ္စည်းများ (၀.၀၂) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

              ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၀၃)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၈.၅၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ အနည်းငယ်မြင့်တက်လျက်ရှိပါသည်။

              ၂၈-၁-၂၀၂၄ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ မြေပဲဆံ (၁)တန်လျှင် (၉၅၂.၃၈၁) ဒေါ်လာဖြင့် (၃၁.၅) တန် (၀.၀၃)ဒေါ်လာသန်း၊ ကြက်သွန်နီ (၁) တန်လျှင် (၄၆၃.၀၈၃)ဒေါ်လာဖြင့် (၄၈၁.၅၅၅) တန်၊ (၀.၂၂၃) ဒေါ်လာသန်း၊ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၃၅၁.၃၁၇) ဒေါ်လာဖြင့် (၇၉.၇) တန် (၀.၀၂၈) ဒေါ်လာသန်းနှင့်ငရုတ်(ခြောက်) ၁တန်လျှင် (၁၅၄၆.၃၉၂) ‌ဒေါ်လာဖြင့် (၇၁.၇၈) တန် (၀.၁၁၁) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

              မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ၂၈ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၀.၄၅၂) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၃၄.၇၆၈) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၄၅.၂၂၀) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

            လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၈-၁-၂၀၂၄) မှ (၂၉-၁-၂၀၂၄) ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၁၉၉.၅၀) တန်၊ တန်ဖိုး (၀.၁၁၃) ဒေါ်လာသန်း၊ ဆန်ကွဲ (၄၃၁.၅၀) တန်၊ တန်ဖိုး (၀.၁၈၈) ဒေါ်လာသန်း၊ ပဲတီနီ(၃၃.၀၀)တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း၊ ပဲယင်း(၆၅.၅၀)တန်၊တန်ဖိုး(၀.၀၅၁)ဒေါ်လာသန်း၊ဖရဲသီး(၃၃.၀၀)တန်၊ တန်ဖိုး(၀.၀၀၅) ဒေါ်လာသန်း၊ ကြံ(၈၅၅.၀၀) တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၁၆၀၀.၀၀)တန်၊ တန်ဖိုး(၀.၅၇၉)ဒေါ်လာသန်း၊ ALUMINIUN SCRAP (၂၂.၁၈၂)တန်၊ တန်ဖိုး(၀.၀၃၄)ဒေါ်လာသန်း၊မြေပဲဆံ(၈၀.၀၀) တန်၊ တန်ဖိုး (၀.၀၈၈) ဒေါ်လာသန်း၊ ကြိမ်(၃၀.၀၀)တန်၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်း၊ ဝါး(၉.၀၀)တန်၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

              ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

              ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၂၆၁.၁၀၀)တန်၊ (၄၂၀၀၀) U၊ တန်ဖိုး(၀.၂၄၀)ဒေါ်လာသန်း၊ ဂျပ်ဖာ(၉၉.၀၀)တန်၊ တန်ဖိုး(၀.၀၃၈)ဒေါ်လာသန်း၊ အိတ်အမျိုးမျိုး(၁၄.၉၀)တန်၊ (၉၈၅၀)U၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ တစ်ရှူး(၁၇.၅၀)တန်၊ တန်ဖိုး(၀.၀၁၄)ဒေါ်လာသန်း၊ ကုန်စုံ(၄၆၆.၈၅) တန်၊ (၈၃၁၂၈)U၊(၉၃၀၀)PAIR၊ တန်ဖိုး (၀.၃၅၀) ဒေါ်လာသန်း၊ချည်(၅၆.၀၀)တန်၊တန်ဖိုး(၀.၀၃၂)ဒေါ်လာသန်း၊အိပ်ယာခင်း (၁၈.၅၀)တန်၊ (၉၇၀၀)U၊တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်း၊ သံပိုက်(၄၈.၀၀)တန်၊တန်ဖိုး(၀.၀၃၅)ဒေါ်လာသန်း၊ စောင်(၁၁.၀၀)တန်၊တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊စက္ကူ(၆.၅၀)တန်၊(၀.၀၀၂) ဒေါ်လာသန်း၊မြက်ခင်းတု(၇.၂၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ကြက်အူချောင်း(၅၀.၄၀)တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

              သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

              ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး -လက်ပံလှ - ဗန်းမော် -မိုးမောက်(ကျောက်စခန်း) -စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်-စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့်၂၇-၁-၂၀၂၄ ရက်နေ့မှာတော့ (၁) ယွမ်လျှင် (၄၆၅) ကျပ်ဖြစ်ခဲ့ပြီး ၂၉-၁-၂၀၂၄ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်၍မြန်မာကျပ်ငွေဈေးတည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။

         ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၇.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၉.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

ဇန်နဝါရီလ(၂၉) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၃၀.၁၅၂) ဒေါ်လာသန်း၊ သွင်းကုန်(၂.၇၈၇)ဒေါ်လာသန်း၊ စုစုပေါင်း(၃၂.၉၃၉)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၁၆၈.၉၁၈%)ဆောင်ရွက်နိုင်ခဲ့သဖြင့် ဇန်နဝါရီလ၏ ကုန်သွယ်မှုလျာထားချက်အပေါ် ပြည့်မီ ကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဇန်နဝါရီလ (၂၉)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊မြေပဲဆံ၊ ရော်ဘာ၊ငရုတ်သီး၊ ကြက်သွန်နီနှင့် ိိနှမ်းနက်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန် အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၂၈)ရက်မှ (၂၉) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၄၂၂၅) တန်၊ တန်ဖိုး (၁.၄၆၃) ဒေါ်လာသန်း၊ ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၂၅) တန်၊ တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်း၊ ငရုတ်သီး တင်ပို့မှု အနေဖြင့် တန်ချိန် (၁၅၃) တန်၊ တန်ဖိုး(၀.၀၉၄)ဒေါ်လာသန်း၊ကြက်သွန်နီ တင်ပို့မှုအနေဖြင့် တန်ချိန် (၁၀၃) တန်၊ တန်ဖိုး (၀.၀၄၈)ဒေါ်လာသန်း နှင့်ရွှေဖရုံသီး တင်ပိုမှုအနေဖြင့် တန်ချိန်(၄၀)တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ Artificial Grass ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၁၁၅) တန်၊ တန်ဖိုး (၀.၁၁၇) ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၁၁၀) တန်၊ တန်ဖိုး (၀.၀၈၆) ဒေါ်လာသန်း၊ လူသုံးပစ္စည်း တန်ချိန် (၅၂) တန်၊ တန်ဖိုး (၀.၀၄၀) ဒေါ်လာသန်းတို့ တင်သွင်း နိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

   မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှ ဇန်နဝါရီလ ၂၇ ရက်နေ့ အတွင်း ငါးမှုန့် ၁ တန်လျှင် ၉၁၇ ဒေါ်လာနှုန်းဖြင့် ၁၅၉၀ တန် ၊ ငါးဆီ ၁ တန်လျှင် ၆၀၆ ဒေါ်လာနှုန်းဖြင့် ၂၈ တန်နှင့် ငါးကြိတ်သား ၁ တန်လျှင် ၁၈၅၈ ဒေါ်လာနှုန်းဖြင့် ၁၈ တန်အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ တင်ပို့နိုင်ခဲ့သည်။

   သွင်းကုန်တင်သွင်းမှုအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှ ဇန်နဝါရီလ ၂၇ ရက်နေ့အတွင်း ဒီဇယ်ဆီ ၁ တန်လျှင် ၈၂၉.၄ ဒေါ်လာနှုန်းဖြင့် ၄၇၀၀ တန်၊ ဓါတ်ဆီ တစ်တန်လျှင် ၈၈၁ ဒေါ်လာနှုန်းဖြင့် ၃၀၀ တန်၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း ၃၈.၅၆၀၁ ကီလိုဂရမ်နှင့် လုပ်ငန်းသုံး ပစ္စည်း ၈၆၁.၆၈၅ ကီလိုဂရမ် ၊ ၄၀၀ ခု၊ ပုဇွန်စာ ၁၅၀ ကီလိုဂရမ်ကို တင်သွင်းခဲ့သည်။

DOT (မြိတ်)

Pages