မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ( ၃၀ ) ရက်နေ့မှ ဖေဖော်ဝါရီလ (၃) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၉၉၀) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၁၁၀၅) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၅၀၉၅)သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

       မောတောင်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ( ၃၀ ) ရက်နေ့မှ ဖေဖော်ဝါရီလ (၃) ရက်နေ့ အထိ လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၁၂၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ ငရုတ်သီး (၁၇၄.၄၂၆) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ ငှက်ပျောသီး (၉၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း ဖြစ်ပါသည်။ ရေထွက်ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ (၁၉၃.၆၀၀) တန်၊ တန်ဖိုး (၀.၁၈၄) ဒေါ်လာသန်း၊ ပုစွန် (၆.၇၀၀) တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ ကဏန်း (၁၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၄၀) ဒေါ်လာသန်း၊ ကင်းမွန် (၅.၅၀၀) တန်၊ (၀.၀၀၉) ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်း (၂၇.၃၀၀) တန်၊ တန်းဖိုး (၀.၀၅၃) ဒေါ်လာသန်း ဖြစ်ပါသည်။ သစ်တောထွက်ပစ္စည်းအနေဖြင့် ဓနိဖက် (၄.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်းဖြစ်ပါသည်။  စက်မှုကုန်ချောအနေဖြင့် တံမြက်စည်း (၁၈၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ အခြားပို့ကုန်ပစ္စည်းအနေဖြင့် ဆီအုန်းကြိတ်ဖတ် (၁၁၀.၀၁၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီး (၅၁.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၃၀) ဒေါ်လာသန်း၊ အမွှေးဆီ (၃၇.၉၀၈) တန်၊ တန်ဖိုး (၀.၀၄၅၃) ဒေါလာသန်း၊ Gypsum Board (၃၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၅၄) ဒေါ်လာသန်း၊ ငါးသေတ္တာဘူးခွံ (၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၁၇) ဒေါ်လာသန်း၊ A4 စက္ကူ (၁၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၉၄) ဒေါ်လာသန်း၊ PVC Floor (၁.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၀၆) ဒေါ်လာသန်း၊ ဖိနပ် (၃၆၀၀) 2U ၊ တန်ဖိုး (၀.၀၀၀၄) ဒေါ်လာသန်း၊ ကြွေပြား (၁၆၀၀) M2 ၊ တန်ဖိုး (၀.၀၀၃၉) ဒေါ်လာသန်း၊ ငါးအစာ (၆၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၀၈) ဒေါ်လာသန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်း မှာများ ငါးမျိုးစုံ (၉၅၀.၄၂) ဒေါ်လာနှုန်း၊ ပုစွန် (၄၀၂၉.၈၅) ဒေါ်လာနှုန်း၊ ကဏန်း (၂၃၅၂.၉၄) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၃၆.၃၆) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၂၃၃.၈၇) ဒေါ်လာနှုန်း၊ ငရုတ်သီး (၈၀.၂၆) ဒေါ်လာနှုန်း၊ ငှက်ပျောသီး  (၃၀၇.၇၇) ဒေါ်လာနှုန်း ၊ ဓနိဖက် (၁၃၃.၃၂ ) ဒေါ်လာနှုန်း၊ ဆီအုန်းကြိတ်ဖတ် (၈၉.၉၉) ဒေါ်လာနှုန်း၊ တံမြက်စည်း တစ်ချောင်းလျှင် (၀.၁၈၃) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ - သစ်သီး (၂၅၄.၉၀) ဒေါ်လာနှုန်း၊ Gypsum Board (၁၆၈.၇၅) ဒေါ်လာနှုန်း၊ ငါးသေတ္တာဘူးခွံ (၃၄၀.၀၀) ဒေါ်လာနှုန်း၊ A4 Paper (၁၂၉၃.၃၃) ဒေါ်လာနှုန်း၊ PVC Floor (၆၀၀) ဒေါ်လာနှုန်း၊ ဖိနပ် (၁)ရံလျှင် (၀.၁၁) ဒေါ်လာနှုန်း၊ ကြွေပြား (၁)M2 လျှင် (၂.၄၄) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

             ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ် ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကဖြစ်သည်။

             ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ပို့ကုန် တန်ချိန် (၅၅၆၃.၂၈၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၄.၉၅၇)သန်းနှင့် သွင်းကုန်တန်ချိန်(၁၉၉၃.၆၁၀)၊(၁၂၁၈) U ၊(၆၇၂၆.၅၂၆)M2၊ (၁၅၀၀) BBL၊ (၂၆၅၉၉၂)2U ၊ တန်ဖိုးအမေရိကန် ဒေါ်လာ(၁.၂၇၂)သန်း ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ (၆.၂၂၉)ဒေါ်လာသန်း ဖြစ်ပါသည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ စက်ဟောက် တန်ချိန် (၁၈၉.၉၆၇)၊ တန်ဖိုးအမေရိကန် ဒေါ်လာ(၁၈၈၀၆၇.၃၃၀)၊ (၁)တန်ဈေးနှုန်း (၉၉၀)အမေရိကန် ဒေါ်လာ ၊ ငါးနီငယ် တန်ချိန် (၁၇၀.၆၃၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၇၉၁၆၁.၅၀၀)၊ (၁)တန်ဈေးနှုန်း (၁၀၅၀)အမေရိကန်ဒေါ်လာ၊ တူးခက်တန်ချိန် (၈၂၁.၃၃၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၆၅၂၇၇.၃၀၀)၊ (၁)တန် ဈေးနှုန်း(၈၁၀)အမေရိကန်ဒေါ်လာ၊ တာဝမ် တန်ချိန်(၁၄၈.၈၉၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၁၇၆၂၃.၁၀၀)၊ (၁) တန်စျေးနှုန်း (၇၉၀) အမေရိကန်ဒေါ်လာ၊ ဘောင်းကြေးတန်ချိန်(၂၈၉.၂၃၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၆၀၃၀၇.၀၀၀)၊ (၁)တန်စျေးနှုန်း (၉၀၀) အမေရိကန်ဒေါ်လာ၊ ငါးမည်းလုံးတန်ချိန် (၂၂၅.၂၈၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၆၈၀၈၃.၂၀၀)၊ (၁)တန် စျေးနှုန်း (၁၁၉၀) အမေရိကန်ဒေါ်လာ၊ ငါးပုလွေတန်ချိန် (၁၆၃.၅၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၉၂၉၇၇.၂၀၀)၊ (၁)တန်စျေးနှုန်း (၁၁၈၀) အမေရိကန်ဒေါ်လာ၊ ကဗျက်တန်ချိန် (၁၅၃.၅၇၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၆၅၈၅၅.၆၀၀)၊ (၁) တန် စျေးနှုန်း (၁၀၈၀) အမေရိကန်ဒေါ်လာ၊ ငါးဗျောသီး တန်ချိန် (၈၁.၇၆၀)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၆၅၄၀၈.၀၀၀)၊ (၁)တန် စျေးနှုန်း (၈၀၀)အမေရိကန်ဒေါ်လာ၊ လိုင်းဝါတန်ချိန် (၁၃၇.၈၈၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၈၉၂၅.၂၀၀)၊ (၁)တန် စျေးနှုန်း (၇၉၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာ ကြွေအိုး (၁၇.၈၂၀)တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ(၆၀၀၀.၀၀၀)၊ (၁)တန်ဈေးနှုန်း(၃၃၆.၇၀၀) အမေရိကန်ဒေါ်လာ၊ပီလောပီနံ မှုန့် (၅၇၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၀၈၀၀၀.၀၀၀)၊ (၁)တန်ဈေးနှုန်း (၅၄၀.၃၅၁) အမေရိကန်ဒေါ်လာ၊ ဓာတုဗေဒပစ္စည်း(၄၃.၄၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၆၀၀၀.၀၀၀)၊ (၁)တန်စျေးနှုန်း (၅၉၉.၀၇၈) အမေရိကန်ဒေါ်လာ၊ ဘိုထိုင်အိမ်သာ(၅၁၈)U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၀၀၀.၀၀၀)၊ (၁)U စျေးနှုန်း (၂၅.၀၉၆) အမေရိကန်ဒေါ်လာ ၊ အိမ်ဆောက်ပစ္စည်း (၁၇.၂၃၅) တန်၊  တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၀၀၀.၀၀၀)၊ (၁)တန်ဈေးနှုန်း(၈၁၂.၃၀၀)အမေရိကန်ဒေါ်လာ၊ လျှပ်စစ်ပစ္စည်းတန်ချိန် (၁၁.၈၅၉)တန်၊ အမေရိကန်ဒေါ်လာ (၆၀၀၀.၀၀၀)၊ (၁)တန်စျေးနှုန်း  (၅၀၅.၉၄၅) အမေရိကန်ဒေါ်လာ၊ စက္ကူလိပ် (၁၃၇.၁၉၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၁၃၀၀၀.၀၀၀)၊(၁)တန် ဈေးနှုန်း(၈၂၃.၆၇၅) အမေရိကန် ဒေါ်လာ၊ကြွေပြား (၆၇၂၆.၅၂၆)M2၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၇၀၀၀)၊ (၁) M2 ဈေးနှုန်း(၂.၅၂၇) အမေရိကန်ဒေါ်လာ၊ ဒီဇယ်ဆီ(၂၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၆၇၀၀၀)၊ (၁)တန်ဈေးနှုန်း(၈၃၅) တို့ဖြစ်ပြီးရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ်ရှိကြောင်းသိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

            မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့ မှ ဖေဖော်ဝါရီလ (၃)ရက်နေ့ အတွင်း ပို့ကုန်ငါးမှုန့်(၁) တန်လျှင် (၉၀၉) ဒေါ်လာနှုန်းဖြင့် (၁၀၀၀) တန် ၊ တန်ဖိုး (၀.၉၀၉) ဒေါ်လာသန်း အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း ၊ ငါးကြိတ်သား (၁) တန် လျှင် (၁၈၃၅) ဒေါ်လာနှုန်းဖြင့် (၉) တန် ၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်းတို့အား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်များ လျှောက်ထား ရယူ၍ မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့်ထိုင်းနိုင်ငံ ပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်း ကြောင်းဖြင့် လည်းကောင်း တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၉၂၆) ဒေါ်လာသန်း တင်ပို့ခဲ့ပါ သည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက် ရှိကြောင်း သိရှိရပါသည်။

           မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့မှ ဖေဖော်ဝါရီလ(၃) ရက်နေ့ အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ (၁)တန်လျှင် (၈၃၄.၆) ဒေါ်လာနှုန်းဖြင့်(၁၅၀၀) တန် ၊ တန်ဖိုး (၁.၂၅၂) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၁၃၆၇.၄၀၉)တန်၊ (၃၁၂၆.၇၂) M2၊ (၃၀၄၅.၉၇) U၊ တန်ဖိုး (၀.၂၄၄) ဒေါ်လာသန်း နှင့် လုပ်ငန်းသုံးပစ္စည်း (၁၆၅.၂၇၅)တန်၊ (၁၄၀၀) M2၊ (၁၈၉၈၀) U၊ တန်ဖိုး (၀.၅၈၉) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၂.၀၈၅) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ် ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၂၉၃၀) ကျပ်ဖြင့် ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၉.၅) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

       တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၇-၁-၂၀၂၄ မှ ၂-၂-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၈၄၅.၅) တန်၊ တန်ဖိုး (၀.၄၄၃) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၉၈) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၇) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၁၅)တန်၊ (၀.၀၅၂)ဒေါ်လာသန်း၊ ထောပတ်သီး (၅၃၅) တန်၊ တန်ဖိုး (၀.၂၉၇)ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၆၈) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၅၆) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၈၇၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ်(၁) သိန်းလျှင် (၉၉၄) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

      တာချီလိတ်ကုန်သွယ်ရေးစခန်း အနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၂၇-၁-၂၀၂၄ မှ ၂-၂-၂၀၂၄) တွင် ဓာတ်ဆီ (2၉၉၀) BBL ၊ တန်ဖိုး (၀.၃၀၁) ဒေါ်လာသန်း၊ ဒီဇယ် (၂၀၉၆) BBL ၊ တန်ဖိုး (၀.၂၃၆) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၉၂) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၃၄၃) ဒေါ်လာသန်း၊ လယ်ထွန် စက်များ (၀.၀၁၇)ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၀၀၂)ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေး ပစ္စည်းများ (၀.၀၀၂) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၃၈၅) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၀၄၅) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၂၆) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၅) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်း များ (၀.၀၇၈) ဒေါ်လာသန်း ၊ အခြားစက္ကူများ (၀.၀၁၁) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၁၇) ဒေါ်လာသန်း ၊ ဆပ်ပြာ (၀.၀၃၇) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၃၂၀) အပါအဝင် သွင်းကုန် တန်ဖိုး (၁.၉၂၇) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

            မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၂-၂-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ မြေပဲ(အခွံပါ)၊ပြောင်း၊ ငရုတ် (အစို)တင်ပို့ခဲ့ပါသည်။

            ၂-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊မြေပဲ(အခွံပါ)၊ပြောင်း၊ ငရုတ် (အစို)ဖြစ်ပါသည်။

            ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့်စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

            ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

            ၂-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်းများ (၀.၂၀၆) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၁၂၅)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းများ(၀.၀၈၇)ဒေါ်လာသန်း၊ ဆေးဝါး (၀.၀၇၀)ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်း (၀.၀၆၀) ဒေါ်လာသန်း၊ စက်ဆီ/ချောဆီ (၀.၀၅၁)ဒေါ်လာသန်း၊ စက်အပိုပစ္စည်းများ (၀.၀၄၄) ဒေါ်လာသန်း၊ ဘတ္ထရီ (၀.၀၃၈)ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၃၄)နှင့် စက်မှုကုန်ကြမ်း (၀.၀၂၇)ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

            ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၅၂)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၉.၅၀) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ အနည်းငယ်မြင့်တက်လျက်ရှိပါသည်။

            ၂-၂-၂၀၂၄ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ (၁) တန်လျှင် (၄၇၆.၅၀၆)ဒေါ်လာဖြင့် ( ၆၁၀.၆၉၅) တန်၊ ( ၀.၂၉၁) ဒေါ်လာသန်း၊မြေပဲ(အခွံပါ) (၁) တန်လျှင် (၉၄၉.၆၄၉) ဒေါ်လာဖြင့် (၅၁.၅၉၈) တန်၊ (၀.၀၄၉) ဒေါ်လာသန်းနှင့်ပြောင်း(၁) တန်လျှင် (၂၅၀.၀၀၀) ‌ဒေါ်လာဖြင့် (၃၂) တန်၊ (၀.၀၀၈) ဒေါ်လာသန်း၊ ငရုတ် (အစို) (၁)တန်လျှင် (၃၇၀.၃၇၀)ဒေါ်လာဖြင့် (၈.၁၀၀)တန်၊ (၀.၀၀၃)ဒေါ်လာသန်း တို့ ဖြစ်ပါသည်။

            မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၀.၈၉၆) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂.၀၁၉) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂.၉၁၅) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Pages