လွယ်ဂျယ်ကုန်သွယ်ရေးစခန်း အနေဖြင့် (၃၀-၁-၂၀၂၄) မှ (၃-၂-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၉၂၉.၆၅၀) တန်၊ တန်ဖိုး (၀.၄၆၅) ဒေါ်လာသန်း၊ ဆန်ကွဲ (၅၃၄.၅၀) တန်၊ တန်ဖိုး (၀.၂၃၃) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁၁၃.၅၀)တန်၊ တန်ဖိုး (၀.၀၄၆) စွန်တာနီ(၄.၅၀)တန်၊ တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်း၊ ခဲစက္ကူ(၁၆.၀၀)တန်၊ တန်ဖိုး(၀.၀၀၄)ဒေါ်လာသန်း၊ ထောပတ်ပဲ(၃၁.၅၀)တန်၊ တန်ဖိုး(၀.၀၃၅)ဒေါ်လာသန်း၊ ပဲယင်းနီ(၆၆.၀၀)တန်၊ တန်ဖိုး(၀.၀၅၁)ဒေါ်လာ သန်း၊ဖရဲသီး(၂၂၄.၀၀) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း ၊ သီဟိုဠ်စေ့(၃၁.၈၀) တန်၊ တန်ဖိုး (၀.၁၅၈) ဒေါ်လာသန်း၊ ကြံ(၁၂၄၅.၀၀)တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၃၆၀၀.၀၀)တန်၊ တန်ဖိုး (၁.၃၇၇)ဒေါ်လာသန်း၊ သခွားမွှေး(၁၆.၀၀)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ မြေထောက်ပဲ (၇.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း ၊ ကော်ဖီမစ်(၉.၅၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း ၊ နှမ်း(ညို) (၁၂.၀၀) တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ မြေပဲဆံ (၃၂.၀၀) တန်၊ တန်ဖိုး(၀.၀၃၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

            ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူ ပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

            ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၂၇၃.၄၀၀)တန်၊ တန်ဖိုး(၀.၂၀၂)ဒေါ်လာသန်း၊ ဂျပ်ဖာ(၂၁၃.၅၀)တန်၊ တန်ဖိုး(၀.၀၉၂)ဒေါ်လာသန်း၊ အိတ်အမျိုးမျိုး(၂၈.၁၀)တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ တစ်ရှူး(၂၀.၁၀)တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ ကုန်စုံ (၆၃၁.၆၄) တန်၊ (၂၁၉၅၇၃)U၊ (၇၀၀)PAIR၊ တန်ဖိုး (၀.၇၇၈) ဒေါ်လာသန်း၊ စက္ကူ(၃၇.၉၀)တန်၊ တန်ဖိုး(၀.၀၁၆) ဒေါ်လာသန်း၊ စတီးပစ္စည်း(၁၆.၈၀)တန်၊ (၁၀၀)U၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်း၊ ထွန်စက်(၄)U၊ တန်ဖိုး (၀.၀၃၆)ဒေါ်လာသန်း၊ စက္ကူလိပ်(၆.၅၀)တန်၊တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ PVC ပိုက်(၁၁.၈၀)တန်၊ (၀.၀၀၉)ဒေါ်လာသန်း၊ ပီနံအိတ်ခွံ(၁၆.၀၀)တန်၊ တန်ဖိုး(၀.၀၁၃)ဒေါ်လာသန်း၊ ကော်ဇော်လိပ်(၇.၅၀)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊ ဆေး(၁၆.၀၀)တန်၊ (၅၄၃၅၂၅)U၊ တန်ဖိုး (၀.၂၂၇)ဒေါ်လာသန်း၊ ဖော့(၁.၀၀)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ပလပ်စတစ်(၄၅.၀၀)တန်၊ တန်ဖိုး(၀.၀၂၈)ဒေါ်လာသန်း၊ မြက်ခင်းတု(၈.၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ကြက်အူချောင်း(၁၁.၂၂)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ် (၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

         ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၈.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၀.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။

ဖေဖော်ဝါရီလ(၃) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၄.၂၆၇) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၅)ဒေါ်လာသန်း၊ စုစုပေါင်း(၄.၇၇၂)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၂၃.၂၇၈%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဖေဖော်ဝါရီလ (၃)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည် များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၃၀)ရက်မှ ဖေဖော်ဝါရီလ(၃) ရက်နေ့ အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၆)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၄၉၅၀) တန်၊ တန်ဖိုး (၅.၁၇၅) ဒေါ်လာသန်း၊ ဧည့်မထဆန် တင်ပို့မှုအနေဖြင့်တန်ချိန် (၆၂၀) တန်၊ တန်ဖိုး(၀.၃၅၀)ဒေါ်လာသန်း၊ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၁၀၀) တန်၊ တန်ဖိုး(၀.၀၁၀)ဒေါ်လာသန်း၊ ငရုတ်သီး တင်ပို့မှု အနေဖြင့် တန်ချိန် (၄၀၈) တန်၊ တန်ဖိုး (၀.၂၃၃)ဒေါ်လာသန်း၊ကြက်သွန်နီ တင်ပို့မှုအနေဖြင့် တန်ချိန် (၄၇၇) တန်၊ တန်ဖိုး (၀.၂၂၄)ဒေါ်လာသန်း နှင့်ရွှေဖရုံသီး တင်ပို့မှုအနေဖြင့် တန်ချိန် (၅၁၄)တန်၊ တန်ဖိုး (၀.၀၅၁) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

        အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊Artificial Grass ၊ လိမ္မော်သီး နှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၁၉၄) တန်၊ တန်ဖိုး (၀.၁၈၃) ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၅၀) တန်၊ တန်ဖိုး (၀.၃၂၇) ဒေါ်လာသန်း၊ လူသုံးပစ္စည်း တန်ချိန် (၂၅၆) တန်၊ တန်ဖိုး (၀.၁၆၁) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

             ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ( ၂၈ ) ရက်နေ့မှ ( ၂၉ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၃၅၇) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၁၆) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၃၇၃)သန်း ကုန်သွယ်မှုဆောင် ရွက်နိုင်ခဲ့ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ( ၂၈ ) ရက်နေ့မှ ( ၂၉ ) ရက်နေ့ အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၃၁.၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၉၆)သန်း၊ ဂျင်းခရု (အရှင်) (၁.၆) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၄)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃.၀၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၇)သန်း၊ ကင်းမွန် (၀.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၉)သန်း၊ ဂဏန်း (အသေ) (၂.၉)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃၉)သန်း၊ ရေချိုပုစွန် (၀.၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၉)သန်း၊ ရေခူဆားနယ် (၂)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃၈)သန်း၊ ပုစွန်ငါးပိ (၄.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၇၈)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၁၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၄) သန်း၊ ငရုတ်သီးစိမ်း (၅၄.၇၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၃၄)သန်း၊ ကြက်သွန်နီ (၇၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၄၇)သန်း၊ ဓနိဖက် (၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၈)သန်း၊ တံမြက်စည်း (၉၀၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၈)သန်းတင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများ မှာ သစ်သီး (၂.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၇)သန်း၊ Gypsum Board (၅)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၀၀၉)သန်း ဖြစ်ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း မှာ - ငါးမျိုးစုံ (၉၃၈.၁၉) ဒေါ်လာနှုန်း၊ (၃၁.၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၉၆)သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၀) ဒေါ်လာနှုန်း၊ (၁.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၄) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၈၃၆.၀၇) ဒေါ်လာနှုန်း၊ (၃.၀၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၇) သန်း၊ ကင်းမွန် (၁၈၀၀) ဒေါ်လာနှုန်း၊ (၀.၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၉) သန်း၊ ဂဏန်း (အသေ) (၁၃၄၄.၈၃) ဒေါ်လာ နှုန်း၊ (၂.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၉) သန်း၊ ရေချိုပုစွန် (၉၀၀၀) ဒေါ်လာနှုန်း၊ (၀.၁) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၀၉) သန်း၊ ရေခူဆားနယ် (၁၉၀၀) ဒေါ်လာနှုန်း၊ (၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၈) သန်း၊ ပုစွန်ငါးပိ (၁၇၃၃.၃၃) ဒေါ်လာနှုန်း၊ (၄.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇၈) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၅၀၀၀) ဒေါ်လာနှုန်း၊ (၀.၁၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၄) သန်း၊ ငရုတ်သီးစိမ်း(၇၉၂.၆၉) ဒေါ်လာနှုန်း၊ (၅၄.၇၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၄၃၄) သန်း၊ ကြက်သွန်နီ (၃၅၂.၈၆) ဒေါ်လာနှုန်း၊ (၇၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၄၇) သန်း၊ ဓနိဖက် (၁၃၃.၃၃) ဒေါ်လာ နှုန်း၊ (၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၈) သန်း၊ တံမြက်စည်း (၁)ချောင်းလျှင်  (၀.၂) ဒေါ်လာနှုန်း၊ (၉၀၀၀) U၊  တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၈) သန်း ဖြစ်ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ - သစ်သီး (၂၈၀) ဒေါ်လာနှုန်း၊ (၂.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၇)သန်း၊ Gypsum Board (၁၈၀) ဒေါ်လာနှုန်း၊ (၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၉)သန်း ဖြစ်ပါသည်။

              မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၉-၀၁-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေကျပ်(၁) သိန်းလျှင် ဘတ် (၁၀၁၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၉.၀၁) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်ကျခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

              ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်) ၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၄ခုနှစ်၊ဇန်နဝါရီ၂၈ရက်နေ့မှ၂၉ရက်နေ့အထိပို့ကုန်တန်ချိန်(၁၇၄.၃၇၂)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၅၁၂)သန်းနှင့် သွင်းကုန်တန်ချိန်(၂၀၁.၈၆)၊(၆၇၂၀)U ၊(၄၃၈၅)M2၊(၁၅၆၅) BBL၊တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၄၄၈)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏ မှာ(၀.၉၆၀) ဒေါ်လာသန်းဖြစ်ပါသည်။အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာသဲဂဏန်းတန်ချိန်(၁.၆၈၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၆၅၃၅.၂၀)၊ (၁)တန်ဈေးနှုန်း (၃၈၉၀)အမေရိကန်ဒေါ်လာ၊ ပလာတူးတန်ချိန် (၉.၆၈၀)၊တန်ဖိုးအမေရိကန် ဒေါ်လာ(၉၄၈၆.၄၀)၊(၁)တန်ဈေးနှုန်း(၉၈၀)အမေရိကန်ဒေါ်လာ၊ ငါးလိပ်ကျောက်တန်ချိန်(၀.၆၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၆၆.၂၀)၊ (၁)တန် ဈေးနှုန်း(၂၀၉၀)စျေးနှုန်း (၂၄၆၀) အမေရိကန်ဒေါ်လာ၊ ရေဘဝဲတန်ချိန်(၆.၁၆၅)၊တန်ဖိုးအမေရိကန် ဒေါ်လာ (၁၄၁၁၇.၈၅)၊ (၁)တန်စျေးနှုန်း (၂၂၉၀) အမေရိကန်ဒေါ်လာ၊ ပလာလန်းတန်ချိန် (၈.၃၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၇၉၀)၊ (၁)တန် စျေးနှုန်း (၁၃၀၀) အမေရိကန်ဒေါ်လာ၊ ငါးခွေးလျှာတန်ချိန် တန်ချိန် (၁.၇၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၂၀၃.၂၀) ၊ (၁) တန်စျေးနှုန်း (၁၈၂၀) အမေရိကန်ဒေါ်လာ၊ ငါးဇင်းပြားတန်ချိန် (၄.၄၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၅၁၅.၃၀)၊ (၁) တန် စျေးနှုန်း (၇၉၀)အမေရိကန်ဒေါ်လာ၊ ကင်းမွန်ရှည်တန်ချိန် (၁၀.၃၅၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂၁၇၅၁.၈၀)၊ (၁)တန် စျေးနှုန်း (၂၁၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းမှာစက်သုံးဆီ(၂၀၈.၆၇)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၇၀၀၀၀)၊(၁)တန်ဈေးနှုန်း(၈၁၄.၆၈)အမေရိကန်ဒေါ်လာ၊  ပီလောပီနံမှုန့် (၉၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၈၀၀၀)၊ (၁)တန်ဈေးနှုန်း (၅၃၃.၃၃) အမေရိကန်ဒေါ်လာ၊ဓာတုဗေဒပစ္စည်း(၃၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၈၀၀၀)၊(၁)တန်စျေးနှုန်း(၂၆၆.၆၇)အမေရိကန်ဒေါ်လာ၊မီးသွေးမှုန့်(၁၅)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂၀၀၀) ၊ (၁) တန်စျေးနှုန်း(၁၃၃.၃၃)အမေရိကန်ဒေါ်လာ၊ လူသုံးပစ္စည်း (၄၉.၆၈၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၉၀၀၀)၊ (၁)တန်ဈေးနှုန်း(၃၈၂.၄၅)အမေရိကန်ဒေါ်လာ၊ငါးဖမ်းပိုက်တန်ချိန်(၁၇.၁၈)တန်၊အမေရိကန်ဒေါ်လာ(၉၀၀၀)၊(၁)တန်စျေးနှုန်း(၅၂၃.၈၆) အမေရိကန်ဒေါ်လာ၊ ကားတာယာ(၆၇၂၀) U၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၈၁၀၀၀)၊(၁)Uဈေးနှုန်း(၂၆.၉၃) အမေရိကန်ဒေါ်လာ ၊ကြွေပြား (၄၃၈၅)M2၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၁၀၀၀)၊(၁)M2ဈေးနှုန်း(၂.၅၁) အမေရိကန်ဒေါ်လာတို့ဖြစ်ပြီးရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ်ရှိကြောင်းသိရှိရပါသည်။

              မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၂၈)ရက်နေ့မှဇန်နဝါရီလ(၂၉)ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့်(၁)တန်လျှင် (၉၀၉) ဒေါ်လာနှုန်းဖြင့်(၃၃၀) တန် ၊ တန်ဖိုး (၀.၃၀၀) နှင့် ငါးကြိတ်သား (၁)တန်လျှင်(၁၈၅၃)ဒေါ်လာနှုန်းဖြင့် (၁၈) တန် ၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်းတို့အားအကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်များလျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်း ဖြင့်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၃၃၃) ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၂၈)ရက်နေ့မှ ဇန်နဝါရီလ(၂၉)ရက်နေ့အတွင်းသွင်းကုန်တင်သွင်းနှိုင်မှုမရှိခဲ့ပါ။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၀၀) ကျပ်နှင့် ဒီဇယ် (၁)လီတာ (၂၈၈၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၉) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Pages