တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ကုန်သွယ်နိုင်မှု

Tue, 02/06/2024 - 10:56 -- bordertrade

       တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၇-၁-၂၀၂၄ မှ ၂-၂-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၈၄၅.၅) တန်၊ တန်ဖိုး (၀.၄၄၃) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၉၈) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၇) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၁၅)တန်၊ (၀.၀၅၂)ဒေါ်လာသန်း၊ ထောပတ်သီး (၅၃၅) တန်၊ တန်ဖိုး (၀.၂၉၇)ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၆၈) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၅၆) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၈၇၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ်(၁) သိန်းလျှင် (၉၉၄) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

      တာချီလိတ်ကုန်သွယ်ရေးစခန်း အနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၂၇-၁-၂၀၂၄ မှ ၂-၂-၂၀၂၄) တွင် ဓာတ်ဆီ (2၉၉၀) BBL ၊ တန်ဖိုး (၀.၃၀၁) ဒေါ်လာသန်း၊ ဒီဇယ် (၂၀၉၆) BBL ၊ တန်ဖိုး (၀.၂၃၆) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၉၂) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၃၄၃) ဒေါ်လာသန်း၊ လယ်ထွန် စက်များ (၀.၀၁၇)ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၀၀၂)ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေး ပစ္စည်းများ (၀.၀၀၂) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၃၈၅) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၀၄၅) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၂၆) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၅) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်း များ (၀.၀၇၈) ဒေါ်လာသန်း ၊ အခြားစက္ကူများ (၀.၀၁၁) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၁၇) ဒေါ်လာသန်း ၊ ဆပ်ပြာ (၀.၀၃၇) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၃၂၀) အပါအဝင် သွင်းကုန် တန်ဖိုး (၁.၉၂၇) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages