မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မှ (၁၂)ရက်နေ့အတွင်း အမှန်တင်ပို့မှု မရှိခဲ့ပါ။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

 

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မှ (၁၂)ရက်နေ့အတွင်း အမှန် တင်သွင်းမှု မရှိခဲ့ပါ။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၂၉၃၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၈) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် (ဖေဖော်ဝါရီလ၁ ရက်နေ့မှ ၁၂ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၂.၁၈၇) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၂.၈၂၇) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၅.၀၁၄) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၂-၂-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း(၁၃၄၄.၅၀၀) တန်၊တန်ဖိုး(၀.၃၁၁) ဒေါ်လာသန်း၊ထောပတ်သီး (၁၀၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၅၈) ဒေါ်လာသန်း၊ကြက်သွန်နီ (၈၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ လိမ္မော်သီး (၆၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ငရုတ်သီးခြောက် (၈.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်းနှင့်စက္ကူဖြတ်စ(၂၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၃၉၉) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၁၂-၂-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင်(၁၀၁၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

           တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိပြီး(၁၂-၂-၂၀၂၄) ရက်တွင် ဓါတ်ဆီ (၀.၁၂၈) ဒေါ်လာသန်း၊ ဒီဇယ် (၀.၀၂၉)ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၂၃) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၄၈) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား(၀.၀၁၁) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၀.၀၁၅) ဒေါ်လာသန်း၊ အခြားဆောက်လုပ်ရေးပစ္စည်း (၀.၀၀၈) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၂၁၄)ဒေါ်လာသန်းအပါအဝင် (၀.၄၇၆) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

      မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၁၁-၂-၂၀၂၄) ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကော်ဖီစေ့၊ ကြက်သွန်နီ၊ ငရုတ် (အခြောက်)၊ ပြောင်း၊ ငရုတ် (အစို) နှင့် ပီလောပီနံ (အခြောက်)တို့ တင်ပို့ခဲ့ပါသည်။ 

       ၁၁-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကော်ဖီစေ့၊ ကြက်သွန်နီ၊ ငရုတ် (အခြောက်)၊ ပြောင်း၊ ငရုတ် (အစို) နှင့် ပီလောပီနံ (အခြောက်)တို့ဖြစ်ပါသည်။

      ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစား ပေးဆောင် ရွက်ပေးလျက်ရှိပါသည်။

      ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာခြင်း ကြောင့်စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

      ၁၁-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ သံနှင့်သံမဏိ ပစ္စည်းများ(၀.၀၈၄)ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့်ဆက်သွယ်ရေး ကိရိယာပစ္စည်းများ(၀.၀၈၁) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်း(၀.၀၇၃) ဒေါ်လာသန်း၊ စက္ကူများ (၀.၀၆၇) ဒေါ်လာသန်း၊ လျှပ်စစ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ (၀.၀၆၃) ဒေါ်လာသန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း(၀.၀၄၆)ဒေါ်လာသန်း၊ ဆေးဝါးများ (၀.၀၄၄)ဒေါ်လာသန်း ၊ စက်မှုကုန်ကြမ်းပစ္စည်း (၀.၀၃၇) ဒေါ်လာသန်း၊  စက်ဘီး (၀.၀၂၁)ဒေါ်လာသန်းနှင့် ချည်ထည်များ(၀.၀၁၉) ဒေါ်လာသန်း တို့ဖြစ်ပါသည်။

      ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၀၃)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၈.၀၃) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

      ၁၁-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကော်ဖီစေ့(၁)တန်လျှင် (၄၂၈၄.၇၂၂) ဒေါ်လာဖြင့် (၁၄၄.၀၀) တန်၊ (၀.၆၁၇) ဒေါ်လာသန်း၊ ကြက်သွန်နီ  (၁) တန် လျှင် (၃၈၀.၀၂၄) ဒေါ်လာ ဖြင့် (၄၁၀.၅) တန်၊ (၀.၁၅၆) ဒေါ်လာသန်း ၊ငရုတ်(အခြောက်) (၁) တန်လျှင် (၁၆၇၄.၉၆၁) ‌ဒေါ်လာ ဖြင့် (၈၂.၃၉၀) တန် ၊ (၀.၁၃၈) ဒေါ်လာသန်း၊ ပြောင်း (၁)တန်လျှင် (၂၇၂.၇၂၇) ဒေါ်လာဖြင့် (၉၉.၀၀) တန်၊ (၀.၀၂၇)ဒေါ်လာသန်း ၊ ငရုတ်(အစို) (၁)တန်လျှင် (၃၁၅.၂၄၁)ဒေါ်လာဖြင့် (၇၂.၉၆၀)တန်၊ (၀.၀၂၃) ဒေါ်လာသန်း၊ ပီလောပီနံ (ခြောက်) (၁)တန်လျှင် (၁၅၁.၁၆၃)ဒေါ်လာဖြင့် (၈၆.၀၀)တန် (၀.၀၁၃)ဒေါ်လာ သန်းတို့ဖြစ်ပါသည်။

      မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၅.၁၇၇) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၂.၆၆၃) ကန်ဒေါ်လာ သန်း၊ ကုန်သွယ်မှုပမာဏ (၁၇.၈၄၁) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

              လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၁၁-၂-၂၀၂၄)မှ(၁၂-၂-၂၀၂၄)ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၁၃၁.၅၀၀)တန်၊တန်ဖိုး(၀.၀၇၄)ဒေါ်လာသန်း၊ဆန်ကွဲ(၃၉၇.၅၀၀)တန်၊ တန်ဖိုး (၀.၁၇၄)ဒေါ်လာသန်း၊ မြေထောက်ပဲ (၆၄.၆၁၄)တန်၊ တန်ဖိုး (၀.၀၇၈)၊ ကြံ(၇၅.၀၀၀)တန်၊တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

              ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၈၀)ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

              ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၃၁.၁၀)တန်၊ တန်ဖိုး(၀.၀၂၂)ဒေါ်လာသန်း၊ကုန်စုံ(၁၄၉.၉၃)တန်၊(၃၂၅၂၀)U၊ (၅၆၀၀)PAIR၊တန်ဖိုး(၀.၁၈၀) ဒေါ်လာသန်း၊ ပိုက် (၁၂.၈၀၀)တန်၊တန်ဖိုး(၀.၀၀၉)ဒေါ်လာသန်တင်သွင်းနိုင်ခဲ့ပါသည်။

              သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင်တစ်တန်လျှင်(၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင်ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအားမန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်းတင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအားလွယ်ဂျယ်-စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၈.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၀.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

ဖေဖော်ဝါရီလ(၁၂) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၉.၀၂၃) ဒေါ်လာသန်း၊ သွင်းကုန်(၁.၄၃၁)ဒေါ်လာသန်း၊ စုစုပေါင်း(၁၀.၄၅၄)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၅၀.၉၉၅%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဖေဖော်ဝါရီလ (၁၂)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ Iron Concentrate ၊ ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ(၁၁)ရက်မှဖေဖော်ဝါရီလ(၁၂) ရက်နေ့အတွင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်ပါသဖြင့် ကုန်သွယ်မှု လုပ်ငန်းများ ယာယီရပ်ဆိုင်းထားခဲ့ပါသည်။

Pages