၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့

  တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် (ဖေဖော်ဝါရီလ ၁၉ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၄.၁၅၄) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၅.၁၆၇) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၉.၃၂၁) သန်း ဆောင်ရွက် နိုင်ခဲ့ပါသည်။ (၁၉-၂-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၂၂၆၁.၁၄၄) တန် တန်ဖိုး (၀.၅၂၀) ဒေါ်လာသန်း၊ ထောပတ်သီး (၆၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း၊ ကြက်သွန်နီ (၆၆.၅၀၀) တန်၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်း၊ တံမြက်စည်း (၃၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ(၁၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၃၂) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၆၀၈) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၁၉-၂-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၁၀၀၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိက တင်သွင်း လျက်ရှိပြီး (၁၉-၂-၂၀၂၄) ရက်တွင် ဓါတ်ဆီ (၀.၁၃၃) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၂၇) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၄၈) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား (၀.၀၀၈) ဒေါ်လာသန်း၊ ကြွေပြား (၀.၀၁၀) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၀.၀၀၉) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၈၀)ဒေါ်လာသန်း အပါအဝင် (၀.၃၁၅) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၁၉-၂-၂၀၂၄)ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ် (အခြောက်)၊ ကြက်သွန်နီ၊ ပီလောပီနံ(အခြောက်)၊ ငရုတ် (အစို) ၊ မကျည်းသီး(အစေ့ပါ)၊ ဇီးဖြူသီး‌ (အခြောက်) နှင့် နနွင်းတက်တို့တင်ပို့ခဲ့ပါသည်။

            ၁၉-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ် (အခြောက်)၊ ကြက်သွန်နီ၊ ပီလောပီနံ (အခြောက်)၊ ငရုတ်(အစို)၊ မကျည်းသီး(အစေ့ပါ)၊ ဇီးဖြူသီး‌(အခြောက်)နှင့် နနွင်းတက်တို့ဖြစ်ပါသည်။

            ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

            ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာခြင်း ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့ နိုင်ခဲ့ပါသည်။

            ၁၉-၂-၂၀၂၄ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ပစ္စည်း များ (၀.၁၅၄)ဒေါ်လာသန်း၊ အလှကုန်များ(၀.၁၅၁)ဒေါ်လာသန်း၊ စားသောက်ကုန် ပစ္စည်းများ (၀.၁၄၇) ဒေါ်လာသန်း၊ စက်မှုကုန်ကြမ်းများ (၀.၁၂၉) ဒေါ်လာသန်း၊ ဘတ္ထရီ (၀.၁၁၅)‌ဒေါ်လာသန်း၊ အခြားစက္ကူ များ(၀.၁၁၂)ဒေါ်လာသန်း၊ ချည်ထည်များ (၀.၀၈၂)‌ဒေါ်လာသန်း၊ စက်အပိုပစ္စည်းများ (၀.၀၈၁)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ (၀.၀၆၈)ဒေါ်လာသန်းနှင့် လျှပ်စစ်ဓါတ်ဖြန့်ဖြူး‌ရေးနှင့် တပ်ဆင်ရေးပစ္စည်းများ (၀.၀၆၈)ဒေါ်လာသန်း တို့ဖြစ်ပါသည်။

            ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၀၃)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၈.၅၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

            ၁၉-၂-၂၀၂၄ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(အခြောက်) (၁)တန် လျှင် (၁၅၄၂.၀၈)ဒေါ်လာဖြင့် (၇၃.၉၂၆) တန်၊ (၀.၁၁၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁) တန်လျှင် (၃၆၁.၈၆၀) ဒေါ်လာဖြင့် (၂၂၁.၀၈)တန်၊ (၀.၀၈)ဒေါ်လာသန်း၊ ပီလောပီနံ (အခြောက်) (၁)တန် လျှင် (၁၄၃.၅၉၀)‌ဒေါ်လာဖြင့် (၁၉၅)တန်၊ (၀.၀၂၈)ဒေါ်လာသန်း၊ ငရုတ်(အစို) (၁)တန်လျှင် (၃၁၅.၀၉၈) ဒေါ်လာဖြင့် (၅၇.၁၂၅)တန်၊ (၀.၀၁၈)ဒေါ်လာသန်း၊ မန်ကျည်းသီး(အစေ့ပါ) (၁)တန်လျှင် (၂၈၁.၂၅)ဒေါ်လာ ဖြင့် (၃၂)တန်၊ (၀.၀၀၉)ဒေါ်လာသန်း၊ ဇီးဖြူသီး(အခြောက်) (၁) တန် လျှင် (၁၁၂.၃၆၀) ဒေါ်လာဖြင့် (၁၇.၈)တန်၊ (၀.၀၀၂)ဒေါ်လာသန်းနှင့် နနွင်းတက် (၁)တန်လျှင် (၂၀၀)ဒေါ်လာဖြင့် (၁၀)တန် (၀.၀၀၂) ဒေါ်လာသန်း တို့ဖြစ်ပါသည်။

            မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၁၉ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၈.၇၅၄) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂၀.၇၁၉) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၉.၄၇၃) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၈.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၀.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။

ဖေဖော်ဝါရီလ(၁၉) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၁၇.၂၉၄) ဒေါ်လာသန်း၊ သွင်းကုန် (၁.၆၅၃)ဒေါ်လာသန်း၊ စုစုပေါင်း(၁၈.၉၄၇)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၉၂.၄၂၆%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

            ဖေဖော်ဝါရီလ (၁၇)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ Iron Concentrate ၊ မကျီးသီး(အစေ့ပါ)၊ ဆီးသီးခြောက်၊ ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင် ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်မှ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်း တစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၄၁၅၀) တန်၊ တန်ဖိုး (၁.၄၄၁) ဒေါ်လာသန်း၊ ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၂၁၆) တန်၊ တန်ဖိုး (၀.၁၂၂) ဒေါ်လာသန်း၊ ကြက်သွန်နီတင်ပို့မှုအနေဖြင့် တန်ချိန် (၃၇၈) တန်၊ တန်ဖိုး (၀.၁၃၉) ဒေါ်လာသန်း၊ငရုတ်သီး တင်ပို့မှုအနေဖြင့် တန်ချိန် (၁၇၀) တန်၊ တန်ဖိုး(၀.၀၉၂)ဒေါ်လာသန်း၊ Iron Concentrate တန်ချိန် (၅၆) တန်၊ တန်ဖိုး(၀.၀၀၆)ဒေါ်လာသန်းနှင့် ရွှေဖရုံသီး တင်ပို့မှုအနေဖြင့် တန်ချိန် (၃၄၈)တန်၊ တန်ဖိုး (၀.၀၃၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe ၊ လိမ္မော်သီး နှင့် လူသုံး အဝတ်အထည်များဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၅.၈) တန်၊ တန်ဖိုး (၀.၀၀၇)ဒေါ်လာသန်း၊ လုပ်ငန်းသုံး ပစ္စည်း တန်ချိန် (၄၄) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ လူသုံးပစ္စည်း တန်ချိန် (၆၅) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၁၈-၂-၂၀၂၄)မှ (၁၉-၂-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၈၄.၀၀၀)တန်၊ တန်ဖိုး(၀.၀၄၇)ဒေါ်လာသန်း၊ ဆန်ကွဲ(၆၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ ကြက်သွန်နီ (၆၉.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ သခွားမွှေး (၆၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ နှမ်း (၁၇.၅၀၀) တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ နှမ်းညို(၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်း၊ ဆီးခွဲခြမ်း(၁၉.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်း၊ မြေထောက်ပဲ (၂၉၅.၅၀၀) တန်၊ တန်ဖိုး (၀.၃၇၀) ဒေါ်လာသန်း၊  ဖရဲသီး (၁၀၅၄.၅၀၀) တန်၊ တန်ဖိုး (၀.၁၅၀) ဒေါ်လာသန်း၊ ကြံ (၆၀၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၆၁၆.၀၀၀)တန်၊ တန်ဖိုး (၀.၅၈၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊ တစ်သျှူး ငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင် (၄၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၂၅၀)ဒေါ်လာ ရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှ လွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် သံ(၆၀.၀၀၀)တန်၊ တန်ဖိုး(၀.၀၃၉)ဒေါ်လာသန်း၊ ဂျပ်ဖာ(၁၆.၅၀၀)တန်၊ တန်ဖိုး(၀.၀၀၆)ဒေါ်လာသန်း၊ အိတ်အမျိုးမျိုး (၂၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ ကုန်စုံ(၂၂၂.၇၈)တန်၊ (၅၆၅၄၆)U၊ (၁၅၈၀၀)PAIR၊ တန်ဖိုး (၀.၂၅၆) ဒေါ်လာသန်း၊ ဆိုင်ကယ်အပိုပစ္စည်း (၇၅.၂၀၀) တန်၊ တန်ဖိုး(၀.၀၉၃) ဒေါ်လာသန်း၊ စက္ကူ (၁၉.၅၀၀)တန်၊ တန်ဖိုး (၀.၀၀၇)ဒေါ်လာသန်း၊ ဖော့(၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်း၊ ပိုက် (၁၇.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၄)ဒေါ်လာသန်း၊ စက္ကူလိပ်(၁၉.၅၀၀)တန်၊ တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ ဆေးပစ္စည်း(၃၇၈၉၄၀)U၊ တန်ဖိုး (၀.၀၄၉)ဒေါ်လာသန်း၊ ပလပ်စတစ် (၂၄.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၇) ဒေါ်လာသန်း တင်သွင်း နိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၄၀၀၀၀၀)ကျပ်၊ ကုန်ပွ(၁၁၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများ အား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ် - စိန်လုံ - မိုးမောက် (ကျောက်စခန်း) - ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

   ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိက တင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများ မှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်နှင့် ဆီအုန်းတို့ဖြစ်သည်။

   ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများမှာ ငါးပုလွေ ၂၁၅.၅၅ တန်၊ ငါးနီငယ်၈၅.၇၁၀ တန်၊ ဘေးဝါ ၇၆.၄၀၀ တန်၊ ကြိမ်မွေ့ဒေါင်း ၂၀.၁၆၀ တန်၊ တာတို ၆၃.၃၆၀ တန်၊ ကင်းမွန် ၉၁.၈၆၀ တန်၊ ငါးဝိုင်း ၈.၀၀၀ တန်၊ ဆင်နင်း ၂၈.၄၈၀ တန်နှင့် ပါကင် ၈၅၉.၆၃၀ တန်တို့ဖြစ်ပါသည်။

   အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာ ကြွေပြား ၂၈၁၉၁.၅၈၂ စတုရန်းမီတာ၊ ဖိနပ် (၂၅၅၆၀၀) ရံ၊ ကွန်ပျူတာဆက်စပ်ပစ္စည်း ၄၀ ခု၊ သံပေပါ ၁၄၀၀ လုံး၊ လူသုံးကုန်ပစ္စည်း ၉၃.၇၄၆ တန်၊ အိမ်ဆောက်ပစ္စည်း ၁၅၇၄.၀၀ တန်၊ ဘိုထိုင်အိမ်သာ ၃၂၄၀ ခု၊ စားသောက်ကုန်ပစ္စည်း ၄၄.၉၆၄ တန် တို့ဖြစ်ကြောင်း သိရှိရသည်။

DOT (ကော့သောင်း)

Pages