၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့

              လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၀-၂-၂၀၂၄)မှ (၂၄-၂-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၅၆၃.၅၀၀)တန်၊ တန်ဖိုး(၀.၃၃၃)ဒေါ်လာသန်း၊ ဆန်ကွဲ (၃၆၄.၅၀၀) တန်၊ တန်ဖိုး (၀.၁၅၉) ဒေါ်လာသန်း၊ သခွားမွှေး(၂၃၉.၀၀၀)တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာ သန်း၊ မြေထောက်ပဲ (၂၂၆.၀၀၀)တန်၊ တန်ဖိုး (၀.၂၆၈) ဒေါ်လာသန်း၊ ဖရဲသီး (၃၂၂၂.၀၀၀)တန်၊ တန်ဖိုး (၀.၄၆၁) ဒေါ်လာသန်း၊ သီဟိုဠ်စေ့(၃၂.၀၀၀)တန်၊ တန်ဖိုး (၀.၁၅၉) ဒေါ်လာသန်း၊ ကြံ(၁၁၂၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၃၃၆၀.၀၀၀)တန်၊ တန်ဖိုး (၁.၂၁၅) ဒေါ်လာသန်း၊ ပဲယင်းဝါ (၃၁.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ ပဲနို့+ကော်ဖီမစ် (၄.၉၂၀) တန်၊ (၁၅၃၇၅) လီတာ၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ ကော်ဖီမစ်(၁၆.၇၀၀)တန်၊ တန်ဖိုး (၀.၀၁၅)ဒေါ်လာသန်း တင်ပို့ နိုင်ခဲ့ပါသည်။

              ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန် လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်း တစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင်(၄၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန် လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀) ကျပ်ရှိကြောင်းသိရှိရပါသည်။

              ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် သံ(၁၀၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၆၉)ဒေါ်လာသန်း၊ ဂျပ်ဖာ (၁၃၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၄၇)ဒေါ်လာသန်း၊ အိတ်အမျိုးမျိုး (၁၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ကုန်စုံ(၆၈၃.၂၅၀)တန်၊ (၂၀၈၃၄၂)U၊ (၃၇၁၀၀) PAIR၊ တန်ဖိုး (၀.၈၂၃)ဒေါ်လာသန်း၊ ဖော့(၁.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်း၊ ချည်(၁၄.၀၀၀) တန်၊ တန်ဖိုး(၀.၀၀၉) ဒေါ်လာသန်း၊ မြက်ခင်းတု (၈.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၅)ဒေါ်လာသန်း၊ ဆေးပစ္စည်း (၁၁၂၅၀၀)U၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ကော်ဇောအခင်း(၁၇.၀၀၀)တန်၊ (၈၀၀၀)PAIR၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ ကြက်အူချောင်း (၂၃.၅၂၀)တန်၊ တန်ဖိုး(၀.၀၀၄)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

              သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ် (၁၄၀၀၀၀၀)ကျပ်၊ ကုန်ပွ(၁၁၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

              ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

ငွေကြေးဈေးကွက်ပြောင်းလဲမှုအခြေအနေ

              လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၁၉-၂-၂၀၂၄ ရက်နေ့မှာတော့ (၁) ယွမ် လျှင်(၄၇၅) ကျပ်ဖြစ်ခဲ့ပြီး ၂၄-၂-၂၀၂၄ ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၇၅)ကျပ်ဖြစ်၍ ယွမ်ဈေး တည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။

   မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ၁၉-၂-၂၀၂၄ ရက်နေ့တွင် အများဆုံးတင်ပို့ခဲ့ သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(အခြောက်) ၇၃.၉၂၆ တန်၊ ကြက်သွန်နီ ၂၂၁.၀၈ တန်၊ ပီလော ပီနံ (အခြောက်) ၁၉၅ တန်၊ ငရုတ်(အစို) ၅၇.၁၂၅ တန်၊ မန်ကျည်းသီး(အစေ့ပါ) ၃၂ တန်၊ ဇီးဖြူသီး (အခြောက်) ၁၇.၈ တန်နှင့် နနွင်းတက် ၁၀ တန်တို့ဖြစ်ပါသည်။

   ၁၉-၂-၂၀၂၄ ရက်နေ့တွင် အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စ တစ်ကုန်ပစ္စည်းများ၊ အလှကုန်များ၊ စားသောက်ကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းများ၊ ဘတ္ထရီ၊ အခြားစက္ကူများ၊ ချည်ထည်များ၊ စက်အပိုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူး‌ရေးနှင့် တပ်ဆင်ရေးပစ္စည်းတို့ ဖြစ်ပါသည်။

DOT (မြဝတီ)

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှ (၂၀)ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၁၄၇၅)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၀၄၀)သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၅၁၅) သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ မှ (၂၀) ရက်နေ့ အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၁၀၆.၆၈၈)တန်၊ (၀.၀၃၄၇)ဒေါ်လာသန်း၊ ငရုတ်သီး (၆၁.၅၁၂)တန်၊ တန်ဖိုး (၀.၀၄၂၄) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၄၂.၆၈၀) တန်၊ တန်ဖိုး (၀.၀၆၀၀) ဒေါ်လာသန်း၊  သစ်တောထွက်ပစ္စည်း အနေဖြင့် ဓနိဖက် (၂၈.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၃၇) ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းအနေဖြင့် တံမြက်စည်း (၃၃၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၆၇) တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၄.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၁၂) ဒေါ်လာသန်း၊ ပုစွန်သားပေါက် (၅၀၀၀၀၀) U ၊ တန်ဖိုး (၀.၀၀၂၈) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၁၂၉၀.၉၂၀)ဒေါ်လာနှုန်း၊ ပုစွန် (၃၉၉၀.၅၀)ဒေါ်လာနှုန်း၊ ကဏန်း (၂၂၂၈.၅၀)ဒေါ်လာ နှုန်း၊ ကင်းမွန် (၁၆၃၅.၀၀၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၃၂၅.၂၄၇) ဒေါ်လာနှုန်း၊ ငရုတ်သီး (၆၈၉.၂၉၆) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၂၉.၈၂၄)ဒေါ်လာသန်း၊ တံမြက်စည်း(၁)ချောင်း (၀.၀၀၂)ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၂၆၆.၆၆၆) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ်နှင့် ကုန်ပွ (၇၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်းသိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ-မောတောင် ကုန်သွယ်မှု လမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများ ကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။

             ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၉ရက်နေ့အထိ ပို့ကုန် တန်ချိန် (၂၀၃၁.၀၀၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၇၁၀)သန်းနှင့်သွင်းကုန်တန်ချိန် (၃၅၆.၀၀၀)၊(၇၂၀)U၊(၁၈၈၈၉၆)2U၊ (၇၅၀)BBL တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၂၇၀)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁.၉၈၀) သန်းဖြစ်ပါသည်။

                 အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများမှာ ပလာတူးခက် တန်ချိန်(၇၄၁.၈၁)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၆၀၀၈၆၇.၀၀၀)၊ (၁)တန်ဈေးနှုန်း(၈၁၀)အမေရိကန်ဒေါ်လာ၊ ပလာတူး တန်ချိန် (၁၄၆.၂၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၀၅၇၅.၀၀၀)၊ (၁)တန်ဈေးနှုန်း(၉၆၀.၉၉) အမေရိကန်ဒေါ်လာ၊ ရေဘဝဲတန်ချိန် (၅.၁၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၄၀၉.၀၀၀)၊ (၁)တန် ဈေးနှုန်း(၁၈၄၄.၉၀)အမေရိကန်ဒေါ်လာ၊ လိုင်းဝါတန်ချိန်(၂၀.၁၆၀)၊ တန်ဖိုးအမေရိကန် ဒေါ်လာ(၁၈၂၉၆.၀၀၀)၊ (၁)တန်စျေးနှုန်း (၉၀၇.၅၄) အမေရိကန်ဒေါ်လာ၊ ကင်းမွန်တန်ချိန် (၂၄.၈၉)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၉၅၈၉.၀၀၀)၊ (၁)တန်စျေးနှုန်း (၁၉၉၂.၃၃) အမေရိကန် ဒေါ်လာ၊ ပလာလန်းတန်ချိန် (၆၈.၈၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၅၆၈၀.၀၀၀)၊ (၁)တန် စျေးနှုန်း (၁၁၀၀.၀၀) အမေရိကန်ဒေါ်လာ၊ ငါးမဲလုံးတန်ချိန် (၅၈.၀၈)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၅၆၄၄၈.၀၀၀)၊ (၁)တန်စျေးနှုန်း(၉၇၁.၉၀၀)အမေရိကန်ဒေါ်လာ၊ ငါးပုလွေတန်ချိန် (၆၇.၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၇၅၃၅၈.၀၀၀)၊ (၁)တန်စျေးနှုန်း(၁၁၁၁.၄၇) အမေရိကန် ဒေါ်လာ၊ စက်ကလပ်တန်ချိန် (၆.၁၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၆၁၈၉.၀၀၀)၊(၁)တန်စျေးနှုန်း (၁၀၀၄.၇၁) အမေရိကန်ဒေါ်လာ၊ ပါကင်တန်ချိန် (၂၆၇.၁၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၁၁၂၃၀ . ၀၀၀)၊ (၁)တန်စျေးနှုန်း (၄၁၆.၃၄)အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းမှာ ဒီဇယ် (၇၅၀)BBL၊ တန်ဖိုးအမေရိကန် ဒေါ်လာ(၈၅၀၂၀ .၀၀၀)၊(၁)BBL ဈေးနှုန်း(၁၁၃.၃၆၀)အမေရိကန်ဒေါ်လာ၊ ပီလောပီနံမှုန့် (၃၀.၀၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၅၃၁၅.၉၈၀)၊ (၁)တန်ဈေးနှုန်း (၅၁၀.၅၃၃) အမေရိကန်ဒေါ်လာ၊ဖိနပ် (၁၈၈၈၉၆)2U၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂၂၂၅၄.၈၂၀)၊ (၁)2Uစျေးနှုန်း(၀.၁၁၈) အမေရိကန်ဒေါ်လာ၊ ကော်ရည်(၂၉)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ (၉၈၅၉.၄၅၀)၊ (၁)တန် စျေးနှုန်း(၃၃၉.၉၈၁) အမေရိကန်ဒေါ်လာ၊သံပေပါ(၇၂၀)U၊  တန်ဖိုးအမေရိကန်ဒေါ်လာ (၂၈၂၇ .၅၆၀)၊ (၁)U ဈေးနှုန်း (၃.၉၂၈)အမေရိကန်ဒေါ်လာ၊ လူသုံးကုန်ပစ္စည်း(၁၆၆ .၃၅၃)တန်၊အမေရိကန် ဒေါ်လာ(၇၁၄၂၉.၂၄၀)၊ (၁)တန်စျေးနှုန်း (၄၂၉.၃၈၄)အမေရိကန်ဒေါ်လာ၊ စက်အပိုပစ္စည်း (၂၉.၇၁၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၇၅၀၆.၇၅၀)၊ (၁)တန်ဈေးနှုန်း(၅၈၉.၀၇၆) အမေရိကန်ဒေါ်လာ၊ စားသောက်ကုန်ပစ္စည်း (၅၇ .၁၀၂)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၁၈၃၈၈.၄၆၀)၊ (၁)တန်ဈေးနှုန်း (၃၂၂.၀၂၉)အမေရိကန်ဒေါ်လာ၊ ဆေးရွက်ကြီးကုန်ကြမ်း (၄၄.၀၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂၇၈၉၄.၁၅၀)၊ (၁)တန်ဈေးနှုန်း (၆၃၃.၉၅၈) အမေရိကန် ဒေါ်လာတို့ဖြစ်ပြီး ရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/ - ကျပ်ရှိကြောင်းသိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ မှ (၁၉)ရက်နေ့ အတွင်း ပို့ကုန် ငါးမှုန့်(၁) တန်လျှင် (၉၁၇) ဒေါ်လာနှုန်းဖြင့် (၇၉၅) တန် ၊ တန်ဖိုး (၀.၇၂၉) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက် ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့် လည်းကောင်း၊ ငါးကြိတ်သား (၁) တန်လျှင် (၁၈၄၆)ဒေါ်လာနှုန်းဖြင့် (၂၇) တန် ၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်းတို့အား အကောက်ခွန်သက်သာခွင့် ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်များ လျှောက်ထားရယူ၍ မောတောင် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့် တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန် တန်ဖိုး(၀.၇၇၉)ဒေါ်လာသန်း တင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိ ကုန် (၁)တန်လျှင်ကားခ(ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိရပြီး ကုန်သွယ် မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်း ကောင်းမွန် လျက် ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ မှ (၁၉)ရက်နေ့ အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ (၁)တန်လျှင် (၈၃၁) ဒေါ်လာနှုန်းဖြင့်(၁၀၂၀) တန် ၊ တန်ဖိုး (၀.၈၄၈) ဒေါ်လာသန်း၊ ဓာတ်ဆီ(၁)တန်လျှင် (၉၀၆)ဒေါ်လာနှုန်းဖြင့်(၅၀၀)တန် ၊ တန်ဖိုး (၀.၄၅၃) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၁.၃၀၁) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ (၁) လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၂၉၃၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေ လဲနှုန်းမှာ (၁) ဘတ်လျှင် (၉၉) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

 

Pages