မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၁၇-၂-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ငရုတ်(အခြောက်)၊ဖိနပ်၊ ငရုတ် (အစို) ၊ပီလောပီနံ(အခြောက်)၊ နနွင်းတက် နှင့် ချင်း (အစို)တို့တင်ပို့ခဲ့ပါသည်။

              ၁၇-၂-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ၊ငရုတ်(အခြောက်)၊ဖိနပ်၊ ငရုတ် (အစို) ၊ပီလောပီနံ (အခြောက်)၊ နနွင်းတက် နှင့် ချင်း(အစို)တို့ဖြစ်ပါသည်။

              ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

              ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာခြင်းကြောင့်စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

              ၁၇-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ စားသောက်ကုန်ပစ္စည်းများ(၀.၃၆၉)ဒေါ်လာသန်း၊ဆေးဝါးပစ္စည်းများ(၀.၀၉၃)ဒေါ်လာသန်း၊ လျှပ်စစ်ပစ္စည်းများ(၀.၀၉၀) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၀၈၁)ဒေါ်လာသန်း၊ထုပ်ပိုးပစ္စည်းများ (၀.၀၇၆)ဒေါ်လာသန်း၊ဆိုင်ကယ်အပိုပစ္စည်းများ (၀.၀၄၇) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ(၀.၀၄၀)ဒေါ်လာသန်း၊ သွပ်ပြားများ (၀.၀၄၀)ဒေါ်လာသန်း ၊ လယ်ယာသုံးယာဉ်အပိုပစ္စည်းများ (၀.၀၃၉)ဒေါ်လာသန်းနှင့် စက်မှု ကုန်ကြမ်းများ(၀.၀၃၈)တို့ဖြစ်ပါသည်။

              ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၀၃)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၈.၀၃) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

              ၁၇-၂-၂၀၂၄ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ(၁)တန်လျှင် (၃၈၅.၂၄၂)ဒေါ်လာဖြင့် (၆၆၇.၁၁၃) တန်၊ (၀.၂၅၇) ဒေါ်လာသန်း၊ငရုတ်(အခြောက်)(၁) တန်လျှင် (၁၅၇၃.၃၃၁) ဒေါ်လာဖြင့် (၁၅၅.၀၈၅) တန်၊ (၀.၂၄၄) ဒေါ်လာသန်း၊ ဖိနပ်(၁) တန်လျှင် (၁၀၄၁.၆၆၇) ‌ဒေါ်လာဖြင့် (၆.၃၃၆) တန်၊ (၀.၀၆၆) ဒေါ်လာသန်း၊ ငရုတ်(အစို) (၁)တန်လျှင် (၃၄၅.၃၆၂)ဒေါ်လာဖြင့် (၁၁၂.၉၂၅)တန်၊ (၀.၀၃၉)ဒေါ်လာသန်း ၊ ပီလောပီနံ (အခြောက်)(၁)တန်လျှင် (၁၄၅.၅၄၀)ဒေါ်လာဖြင့် (၂၁၃)တန်၊ (၀.၀၃၁)ဒေါ်လာသန်း၊ နနွင်းတက် (၁)တန်လျှင် (၄၁၆.၆၆၇)ဒေါ်လာဖြင့် (၂၄)တန် (၀.၀၁)ဒေါ်လာသန်းနှင့် ဂျင်း(အစို) (၁)တန်လျှင် (၅၀၀)ဒေါ်လာဖြင့် (၁၀)တန် ၊ (၀.၀၀၅)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

              မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှ ၁၇ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၇.၈၃၁) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁.၃၄၃) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၆.၁၇၅) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

            ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (၁၈.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၀.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

           ဖေဖော်ဝါရီလ(၁၇) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန်(၁၅.၄၅၁) ဒေါ်လာသန်း၊ သွင်းကုန်(၁.၅၉၆)ဒေါ်လာသန်း၊စုစုပေါင်း(၁၇.၀၄၇)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၈၃.၁၅၇%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဖေဖော်ဝါရီလ (၁၇)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ Iron Concentrate ၊ မကျီးသီး(အစေ့ပါ)၊ ဆီးသီးခြောက်၊ ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ(၁၃)ရက်မှဖေဖော်ဝါရီလ(၁၇)ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၅၀၂၅) တန်၊ တန်ဖိုး(၅.၂၀၁၅) ဒေါ်လာသန်း၊ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၃၄၈) တန်၊ တန်ဖိုး (၀.၁၉၅) ဒေါ်လာသန်း၊ကြက်သွန်နီတင်ပို့မှုအနေဖြင့် တန်ချိန် (၁၇၈၇) တန်၊ တန်ဖိုး(၀.၆၈၁) ဒေါ်လာသန်း၊ငရုတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် (၃၇၄)တန်၊ တန်ဖိုး(၀.၁၉၄)ဒေါ်လာသန်း ၊Iron Concentrateတန်ချိန် (၅၆) တန်၊ တန်ဖိုး(၀.၀၀၆)ဒေါ်လာသန်း၊ဆီးသီးခြောက်တင်ပို့မှုအနေဖြင့် တန်ချိန် (၃၄) တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊မန်းကျည်းသီး(အစေ့ပါ) တင်ပို့မှုအနေဖြင့် တန်ချိန် (၃၄.၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်းနှင့်ရွှေဖရုံသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၁၁၄၅)တန်၊ တန်ဖိုး (၀.၁၁၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

             အများဆုံးသွင်းကုန်ပစ္စည်းများမှာသံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊Artificial Grass ၊ လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (၄၆.၅၀) တန်၊ တန်ဖိုး(၀.၀၃၃)ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၆၅) တန်၊ တန်ဖိုး (၀.၀၈၆) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၁၂၁.၅) တန်၊ တန်ဖိုး (၀.၀၄၇) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနားကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲကုန်တင်ယာဉ်များပုံမှန်သွားလာလျက်ရှိပါသည်။

 

                လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၁၃-၂-၂၀၂၄)မှ (၁၇-၂-၂၀၂၄) ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၇၃၃.၆၅၀)တန်၊တန်ဖိုး(၀.၃၈၃)ဒေါ်လာသန်း၊ဆန်ကွဲ(၇၃၇.၆၅၀) တန်၊ တန်ဖိုး (၀.၃၂၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၃၄၀.၅၀၀)တန်၊ တန်ဖိုး (၀.၁၁၂) ဒေါ်လာသန်း၊ သခွားမွှေး(၁၄၄.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၀) ဒေါ်လာသန်း၊ နှမ်း(၂.၀၀၀)တန်၊ တန်ဖိုး    (၀.၀၀၃) ဒေါ်လာသန်း၊ ထောပတ်ပဲ(၆၇.၀၀၀)တန်၊ တန်ဖိုး (၀.၀၇၉) ဒေါ်လာသန်း၊ ထောပတ်ပဲ          (၆၇.၀၀၀)တန်၊ တန်ဖိုး (၀.၀၇၉) ဒေါ်လာသန်း၊မြေပဲဆံ(၁၉၉.၀၀၀)တန်၊ တန်ဖိုး (၀.၂၁၉) ဒေါ်လာ  သန်း၊ မြေထောက်ပဲ (၁၆၄.၅၀၀)တန်၊ တန်ဖိုး (၀.၂၀၆) ဒေါ်လာသန်း၊ဖရဲသီး(၂၄၉၁.၀၀၀)တန်၊ တန်ဖိုး (၀.၃၅၇) ဒေါ်လာသန်း၊သီဟိုဠ်စေ့(၁၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၈၀) ဒေါ်လာသန်း၊ ကြံ(၁၁၇၀.၀၀၀ ) တန်၊ တန်ဖိုး (၀.၀၄၇) ဒေါ်လာသန်း၊တစ်သျှူးငှက်ပျော(၃၅၈၄.၀၀၀)တန်၊ တန်ဖိုး (၁.၂၉၈) ဒေါ်လာ သန်း၊ကော်ဖီမစ်(၂၇.၈၀၀)တန်၊တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

               ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင် (၄၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

              ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၂၉.၅၉)တန်၊တန်ဖိုး(၀.၀၃၀)ဒေါ်လာသန်း၊ဂျပ်ဖာ(၁၈.၆၃၀)တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်း၊ ကုန်စုံ(၂၆၂.၆၉၀)တန်၊(၃၂၇၁၁၄)U၊ (၁၀၀၃၀)PAIR၊တန်ဖိုး (၀.၃၆၈) ဒေါ်လာသန်း၊စက်ပစ္စည်း(၃၇.၉၀၀)တန်၊(၂၄၂)U၊ တန်ဖိုး(၀.၀၃၈)ဒေါ်လာသန်း၊ ဖော့(၃.၂၃၀)တန်၊ တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်း၊ ထွန်စက်(၂)U၊ တန်ဖိုး(၀.၀၁၈) ဒေါ်လာသန်း၊ ပီနံအိတ်ခွံ(၁၄.၉၉၀)တန်၊တန်ဖိုး(၀.၀၁၅)ဒေါ်လာသန်း၊ဆေးပစ္စည်း(၁၅၀၁၂၀)U၊တန်ဖိုး (၀.၀၁၁)ဒေါ်လာသန်း၊ ကော်ဇောအခင်း(၁၇၀၀၀)PAIR၊ တန်ဖိုး(၀.၀၀၃) ဒေါ်လာသန်း၊ ပလပ်စတစ် (၉.၂၃၀)တန်၊ တန်ဖိုး(၀.၀၀၉)ဒေါ်လာသန်း၊ မြက်ခင်းတု(၁၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၀)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

              သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၄၀၀၀၀၀)ကျပ်၊ကုန်ပွ(၁၁၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

           မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့ထိ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၇၇၁) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၀၄) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၇၇၅) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ မှ (၁၃) ရက်နေ့ အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၅၆) တန်၊ (၀.၀၁၆၆) ဒေါ်လာသန်း၊ ငရုတ်သီး (၃၃.၅၆၄) တန်၊ တန်ဖိုး (၀.၀၂၆၅) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၂၇.၃၂၀) တန်၊ တန်ဖိုး (၀.၀၃၁၀) ဒေါ်လာသန်း၊  စက်မှုကုန်ချောပစ္စည်း အနေဖြင့် တံမြက်စည်း (၁၅၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၃၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၁.၅) တန်၊ တန်ဖိုး (၀.၀၀၀၄) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း  အဓိကတင်ပို့လျက်ရှိသည့်  ပို့ကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်း များမှာ ငါးမျိုးစုံ (၁၁၃၄.၇) ဒေါ်လာနှုန်း၊ ပုစွန် (၄၁၂၀.၀၀) ဒေါ်လာနှုန်း၊ ကဏန်း (၂၃၅၀.၀၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၃၆.၃၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၂၉၆၄၂၈) ဒေါ်လာနှုန်း၊ ငရုတ်သီး (၇၈၉.၅၃၆) ဒေါ်လာနှုန်း၊ တံမြက်စည်းတစ်ချောင်း လျှင် (၀.၂) ဒေါ်လာနှုန်းဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - သစ်သီး (၂၆၆.၆၆၇) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

             ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကဖြစ်သည်။

             ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၁၁ရက်နေ့မှ ဖေဖော်ဝါရီလ၁၂ရက်နေ့အထိ ပို့ကုန် တန်ချိန် (၁၉၁၁.၀၀၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၆၇၈)သန်းနှင့်သွင်းကုန်တန်ချိန်(၅၆.၅၁၇)၊(၅၆၄၁)U၊(၄၈၆၀)2U၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၁၅၃)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာ(၁.၈၃၁) ဒေါ်လာသန်းဖြစ်ပါသည်။

                 အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများမှာငါးနီငယ်တန်ချိန်(၉၄.၈၉၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၇၆၂၄၉.၅၀၀)၊(၁)တန်ဈေးနှုန်း(၈၀၃.၅၅)အမေရိကန်ဒေါ်လာ၊ ငါးပုလွေတန်ချိန်(၇၀.၂၁၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၇၇၄၀၆.၉၀၀)၊ (၁)တန်ဈေးနှုန်း(၁၁၀၂.၅၀)အမေရိကန်ဒေါ်လာ၊ ပလာတူးခက်တန်ချိန် (၂၂၀.၄၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၇၈၅၂၃.၆၀၀)၊ (၁)တန် ဈေးနှုန်း(၈၁၀)အမေရိကန်ဒေါ်လာ၊ပလာလန်းတန်ချိန်(၂၅.၅၈၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂၈၁၃၈.၀၀၀)၊ (၁) တန်စျေးနှုန်း (၁၁၀၀) အမေရိကန်ဒေါ်လာ၊ လိုင်းဝါတန်ချိန်(၃၅.၉၆၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၃၂၃၆၄.၀၀၀)၊ (၁)တန်စျေးနှုန်း (၉၀၀) အမေရိကန်ဒေါ်လာ၊ကင်းမွန်တန်ချိန် (၃၉.၈၇)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၅၈၉၁.၆၀၀)၊ (၁)တန် စျေးနှုန်း (၁၉၀၃.၄၇) အမေရိကန်ဒေါ်လာ၊ ကင်းမွန်လိပ်တန်ချိန် (၁၀.၉၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၃၁၀၀.၂၀၀)၊ (၁)တန်စျေးနှုန်း (၂၁၁၉.၂၈)အမေရိကန်ဒေါ်လာ၊ စက်ဟောက်တန်ချိန် (၁၃၉.၃၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၀၅၀၅၉.၂၄၀) ၊ (၁) တန်စျေးနှုန်း(၇၅၃.၇၆) အမေရိကန်ဒေါ်လာ၊ တာဝမ်တန်ချိန် (၇၀.၀၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၁၂၁၅.၄၀၀)၊ (၁)တန်စျေးနှုန်း (၇၃၁.၀၂)အမေရိကန်ဒေါ်လာ၊ ပါကင်တန်ချိန် (၁၉၆.၅၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၈၄၃၁.၇၅၀)၊ (၁)တန်စျေးနှုန်း (၄၅၀.၀၃)အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

  • ၊ဖိနပ် (၄၈၆၀)2U၊တန်ဖိုးအမေရိကန်ဒေါ်လာ(၆၁၆.၁၃၀)၊ (၁)2Uစျေးနှုန်း(၀.၁၂၇) အမေရိကန်ဒေါ်လာ၊ ကွန်ပျူတာအပိုပစ္စည်း(၄၆)U၊တန်ဖိုးအမေရိကန်ဒေါ်လာ (၄၁၂၁၆.၃၃၀)၊ (၁)Uစျေးနှုန်း(၈၉၆.၀၀၇) အမေရိကန်ဒေါ်လာ၊ဓာတုပစ္စည်း(၁၅.၅၀၀)တန်၊ တန်ဖိုး
  • ဒေါ်လာ(၃၆၁၅.၆၆၀)၊ (၁)တန်ဈေးနှုန်း(၂၃၃.၂၆၈)အမေရိကန်ဒေါ်လာ၊လူသုံးပစ္စည်း(၅.၆၁၇)တန်၊အမေရိကန်ဒေါ်လာ(၂၈၈၀.၀၆)၊ (၁)တန်စျေးနှုန်း (၅၁၂.၇၄၀) အမေရိကန်ဒေါ်လာ၊ကျောက်ချဉ်

(၃၅.၀၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၅၆၂၈.၈၆၀)၊(၁)တန်ဈေးနှုန်း(၁၆၀.၈၂၅) အမေရိကန်ဒေါ်လာတို့ဖြစ်ပြီးရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/ - ကျပ်ရှိကြောင်းသိရှိရပါသည်။

Pages