ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်  ၁၈.၀၀ အမေရိကန်ဒေါ်လာသန်းနှင့် သွင်းကုန် ၂.၅၀  ဒေါ်လာသန်းဖြင့် စုစုပေါင်း ၂၀.၅၀၀ ဒေါ်လာသန်း ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် ၁၅.၄၅၁ ဒေါ်လာသန်း၊ သွင်းကုန် ၁.၅၉၆ ဒေါ်လာသန်း၊ စုစုပေါင်း ၁၇.၀၄၇ ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် ၈၃.၁၅၇% ဆောင်ရွက်နိုင်ခဲ့ပါသည်။

   ဖေဖော်ဝါရီလ ၁၇ ရက်အတွင်း ပို့ကုန်အမယ်များ အနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ Iron Concentrate ၊ မကျီးသီး(အစေ့ပါ)၊ ဆီးသီးခြောက်၊ ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့ နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ပါ သည်။

   ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၁၃ ရက်မှဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိက ပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော ၁၅၀၂၅ တန်၊ ဆန် ၃၄၈ တန်၊ ကြက်သွန်နီ ၁၇၈၇ တန်၊ ငရုတ်သီး ၃၇၄ တန်၊ Iron Concentrate ၅၆ တန်၊ ဆီးသီးခြောက် ၃၄ တန်၊ မန်းကျည်းသီး(အစေ့ပါ) ၃၄.၀ တန်နှင့်ရွှေဖရုံသီး ၁၁၄၅ တန် တင်ပို့နိုင်ခဲ့သည်။

   အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ သံပိုက်၊ မြက်ခင်းတု၊ လိမ္မော်သီး နှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း ၄၆.၅၀ တန်၊ လုပ်ငန်းသုံးပစ္စည်း ၆၅ တန်နှင့် လူသုံးပစ္စည်း ၁၂၁.၅ တန်တို့ တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

(DOT ကံပိုင်တည်)

       မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ (၁၈) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၅၅၁၅) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၃၄၅) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၅၈၆၀) သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

            မောတောင်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ (၁၈) ရက်နေ့အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၁၄၈) တန်၊ (၀.၀၄၅၁) ဒေါ်လာသန်း၊ ငရုတ်သီး (၁၉၁.၅၃၈) တန်၊ တန်ဖိုး (၀.၁၄၄၆) ဒေါ်လာသန်း၊ ငှက်ပျောသီး (၄၀) တန်၊ တန်ဖိုး (၀.၀၁၂၂) သန်း၊ ရေထွက် ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၂၆၈.၉၅၀) တန်၊ တန်ဖိုး (၀.၃၄၈၀) ဒေါ်လာသန်း၊  သစ်တောထွက်ပစ္စည်းအနေဖြင့် ဓနိဖက် (၁၂) တန်၊ တန်ဖိုး (၀.၀၀၁၆) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၃၅.၅) တန်၊ တန်ဖိုး (၀.၀၀၉၁) ဒေါ်လာသန်း၊ ကြွေပြား (၃.၇) တန်၊ တန်ဖိုး (၀.၀၀၈၉) ဒေါ်လာသန်း၊ ဖိနပ် (၇.၂) တန်၊ တန်ဖိုး (၀.၀၀၂၀) ဒေါ်လာသန်း၊ ကျောက်ပြား (၁၀) တန်၊ တန်ဖိုး (၀.၀၀၁၇) ဒေါ်လာသန်း၊  A4 စက္ကူ (၁၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၂၈) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

            မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းများမှာ ငါးမျိုးစုံ (၁၂၉၃.၉၂၁) ဒေါ်လာနှုန်း၊ ပုစွန် (၄၀၀၁.၅၇) ဒေါ်လာနှုန်း၊ ကဏန်း (၂၂၃၀.၅) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၃၅) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၃၀၄.၇၃၀) ဒေါ်လာနှုန်း၊ ငရုတ်သီး (၇၅၄.၉၄၁) ဒေါ်လာနှုန်း၊ ငှက်ပျောသီး (၃၀၅) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၃၃.၃၃) ဒေါ်လာသန်း ဖြစ်ပါ သည်။

            မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၂၅၆.၃၃၈) ဒေါ်လာနှုန်း၊ ကြွေပြား (၂၄၀၅.၄၀၅) ဒေါ်လာနှုန်း၊ ဖိနပ် (၂၇၇.၇၇၇) ဒေါ်လာနှုန်း၊ ကျောက်ပြား (၁၇၀) ဒေါ်လာနှုန်း၊  A4 စက္ကူ (၁၂၈၀) ဒေါ်လာနှုန်း ဖြစ်ပါသည်။

            မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၁၃ရက်နေ့မှ ဖေဖော်ဝါရီလ၁၇ရက်နေ့အထိ ပို့ကုန် တန်ချိန် (၂၅၅၆၀၀)2U၊(၂၈၁၉၁.၅၈၂)M2၊ (၄၄၀)BBL တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၇၂၂)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ(၅.၃၀၁) ဒေါ်လာသန်းဖြစ်ပါသည်။

အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများမှာငါးပုလွေတန်ချိန်(၂၁၅.၅၅)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂၃၅၇၀၉.၀၀၀)၊(၁)တန်ဈေးနှုန်း(၁၀၉၃.၅၂)အမေရိကန်ဒေါ်လာ၊ ငါးနီငယ်တန်ချိန်(၈၅.၇၁၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၂၁၈၀၃၇.၀၀၀)၊ (၁)တန်ဈေးနှုန်း(၁၅၄၃.၈၉)အမေရိကန်ဒေါ်လာ၊ ဘေးဝါတန်ချိန် (၇၆.၄၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၉၇၇၄.၀၀၀)၊ (၁)တန် ဈေးနှုန်း(၉၁၃.၂၇)အမေရိကန်ဒေါ်လာ၊ကြိမ်မွေ့ဒေါင်းတန်ချိန်(၂၀.၁၆၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂၃၀၂၂.၀၀၀)၊ (၁) တန်စျေးနှုန်း (၁၁၄၁.၉၆) အမေရိကန်ဒေါ်လာ၊ တာတိုတန်ချိန်(၆၃.၃၆၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၅၈၃၉၇.၀၀၀)၊ (၁)တန်စျေးနှုန်း (၉၂၁.၆၇၀) အမေရိကန်ဒေါ်လာ၊ကင်းမွန်တန်ချိန် (၉၁.၈၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၈၈၅၄၄.၀၀၀)၊ (၁)တန် စျေးနှုန်း (၂၀၅၂.၅၁) အမေရိကန်ဒေါ်လာ၊ ငါးဝိုင်းတန်ချိန် (၈.၀၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၉၄၄.၀၀၀)၊ (၁)တန်စျေးနှုန်း (၈၆၈.၀၀၀)အမေရိကန်ဒေါ်လာ၊ ဆင်နင်းတန်ချိန် (၂၈.၄၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂၃၂၇၄.၀၀၀) ၊ (၁) တန်စျေးနှုန်း(၈၁၇.၂၀၀) အမေရိကန်ဒေါ်လာ၊ ပါကင်တန်ချိန် (၈၅၉.၆၃၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃၈၈၂၃၅.၀၀၀)၊(၁)တန်စျေးနှုန်း (၄၅၁.၆၃)အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းမှာကြွေပြား (၂၈၁၉၁.၅၈၂)M2 ၊တန်ဖိုးအမေရိကန်ဒေါ်လာ(၆၈၄၄၈.၂၁၀)၊(၁)M2ဈေးနှုန်း(၂.၄၂၈)အမေရိကန်ဒေါ်လာ၊ပီလောပီနံမှုန့်(၁၅၀.၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၇၈၆၉၃.၂၀၀)၊ (၁)တန်ဈေးနှုန်း (၅၂၄.၆၂၁) အမေရိကန်ဒေါ်လာ၊ဖိနပ် (၂၅၅၆၀၀)2U ၊တန်ဖိုးအမေရိကန်ဒေါ်လာ(၃၀၃၈၁.၇၃)၊ (၁)2Uစျေးနှုန်း(၀.၁၁၈) အမေရိကန်ဒေါ်လာ၊ ကွန်ပျူတာဆက်စပ်ပစ္စည်း(၄၀)U၊တန်ဖိုးအမေရိကန်ဒေါ်လာ (၃၃၅၂၅.၂၅၀)၊ (၁)Uစျေးနှုန်း(၈၃၈.၁၃၁) အမေရိကန်ဒေါ်လာ ၊သံပေပါ(၁၄၀၀) U၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၅၅၂၁.၈၀၀)၊ (၁)Uဈေးနှုန်း(၃.၉၄၄)အမေရိကန်ဒေါ်လာ၊လူသုံးကုန်ပစ္စည်း(၉၃.၇၄၆)တန်၊အမေရိကန်ဒေါ်လာ(၄၅၇၃၁.၅၁)၊ (၁)တန်စျေးနှုန်း (၄၈၇.၈၂၃) အမေရိကန်ဒေါ်လာ၊အိမ်ဆောက်ပစ္စည်း(၁၅၇၄.၀၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂၃၄၅၆၅.၁၅၀)၊(၁)တန်ဈေးနှုန်း(၁၄၉.၀၂၅) အမေရိကန်ဒေါ်လာ၊ ဘိုထိုင်အိမ်သာ (၃၂၄၀)U၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၇၂၈၂.၁၂၀)၊ (၁)U ဈေးနှုန်း (၅.၃၃၄)အမေရိကန်ဒေါ်လာ၊စားသောက်ကုန်ပစ္စည်း (၄၄.၉၆၄)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၅၃၆၃၀.၃၆၀)၊ (၁)တန်ဈေးနှုန်း (၁၁၉၂.၇၄၀)အမေရိကန်ဒေါ်လာ၊ ကော်စေ့ (၂၆.၆၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃၉၅၁၄.၆၈၀)၊ (၁)တန်ဈေးနှုန်း (၁၄၈၅.၅၁၄)အမေရိကန်ဒေါ်လာတို့ဖြစ်ပြီးရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/ - ကျပ်ရှိကြောင်းသိရှိရပါသည်။

        မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ(၁၇)ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့်(၁) တန်လျှင် (၉၁၁) ဒေါ်လာနှုန်းဖြင့်(၁၃၁၅) တန် ၊ တန်ဖိုး (၁.၁၉၈) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ရေလမ်းကြောင်းဖြင့် လည်းကောင်း၊ ငါးကြိတ်သား (၁)တန်လျှင် (၁၈၃၇) ဒေါ်လာနှုန်းဖြင့် (၂၇) တန် ၊ တန်ဖိုး (၀.၀၅၀)ဒေါ်လာသန်းတို့အားအကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်များလျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်လည်းကောင်း၊ ရော်ဘာ(၁)တန် လျှင် (၁၃၉၄) ဒေါ်လာနှုန်းဖြင့်(၁၆၁၂.၈၀) တန် ၊ တန်ဖိုး (၂.၂၄၈) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်လျှောက်ထားရယူ၍ မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန် တန်ဖိုး (၃.၄၉၆) ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက် ရှိကြောင်းသိရှိရပါသည်။

            မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ(၁၇)ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှုဒီဇယ်ဆီ (၁)တန်လျှင် (၈၄၄.၉၅) ဒေါ်လာနှုန်းဖြင့်(၁၀၀) တန် ၊ တန်ဖိုး (၀.၀၈၄) ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန်လျှင် (၉၀၂.၃၅) ဒေါ်လာနှုန်းဖြင့်(၁၅၀) တန် ၊ တန်ဖိုး (၀.၁၃၅) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၂၇၉၉.၈၅)တန်၊ (၆၅၉၆)U၊ (၁၉၃၃၀.၈၃)M2 တန်ဖိုး (၁.၀၅၃)ဒေါ်လာသန်း နှင့် လုပ်ငန်းသုံးပစ္စည်း (၁၄.၉၆)တန်၊(၁၂၅၀၁)U တန်ဖိုး (၀.၀၃၃)ဒေါ်လာသန်း၊လူသုံးပစ္စည်း (၁.၂၄၆)တန်၊ (၁၉၂၀၀)2U တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်းစုစုပေါင်းသွင်းကုန်တန်ဖိုး (၁.၃၁၅) ဒေါ်လာသန်းအားတင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၂၉၃၀) ကျပ်ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၈.၈) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

                     တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၀-၂-၂၀၂၄ မှ ၁၆-၂-၂၀၂၄) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၅,၄၄၅.၂၀၀) တန်၊ တန်ဖိုး (၁.၂၆၀) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁၉၂.၂၀၀) တန်၊ တန်ဖိုး (၀.၁၀၄) ဒေါ်လာသန်း၊ လိမ္မော်သီး (၂၇၇.၂၀၀) တန်၊ တန်ဖိုး (၀.၀၄၀) ဒေါ်လာသန်း၊ထောပတ်သီး(၃၇၁.၀၀၀) တန်၊ တန်ဖိုး (၀.၂၀၄)ဒေါ်လာသန်း၊တံမျက်စည်း (၆၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၉၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၃၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၃) အပါအဝင် ပို့ကုန်တန်ဖိုး (၁.၆၇၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့်ကျပ်(၁) သိန်းလျှင် (၁၀၀၆) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

                တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိရာယခုအပတ်(၁၀-၂-၂၀၂၄ မှ ၁၆-၂-၂၀၂၄) တွင် ဓာတ်ဆီ(၁၇၉၄) BBL ၊ တန်ဖိုး(၀.၁၉၃) ဒေါ်လာသန်း၊ ဒီဇယ် (၁၀၄၈) BBL ၊ တန်ဖိုး(၀.၁၂၄) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၇၉) ဒေါ်လာသန်း၊မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၁.၃၉၈) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၀၀၂)ဒေါ်လာသန်း၊ဖန်ဆောက်လုပ်ရေးပစ္စည်းများ(၀.၀၀၆) ဒေါ်လာသန်း၊ဆောက်လုပ်ရေးပစ္စည်းများ (၀.၃၄၇) ဒေါ်လာသန်း၊စက်ဘီးအပိုပစ္စည်းများ (၀.၀၁၀) ဒေါ်လာသန်း၊ စက်ဆီ/ချောဆီ (၀.၀၂၀)ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၂) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၈၀) ဒေါ်လာသန်း ၊ အခြားစက္ကူများ (၀.၀၁၂) ဒေါ်လာသန်း၊ဆပ်ပြာ (၀.၀၃၃)ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းများ(၀.၃၁၉)ဒေါ်လာသန်း၊မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၂၁) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၈၃)အပါအဝင် သွင်းကုန် တန်ဖိုး (၂.၇၃၈)ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Pages