၂၀၁၅ မှာ အင်ဒိုနီးရှားနိုင်ငံ ဆန်တင်သွင်းမှုမရှိဖို့ မျှော်လင့်

Wed, 01/14/2015 - 14:13 -- admin_ygn

  အင်ဒိုနီးရှားအစိုးရက ၂၀၁၄ မှာ ဆန်ထုတ်လုပ်မှု ခန့်မှန်းတန်ချိန် ၄၆ ဒသမ ၆၅ သန်းဝန်းကျင် ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်မှာတော့ ၄ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၄၈ ဒသမ ၄၄ သန်း အထိ ထုတ်လုပ်ဖို့ ရည်မှန်းထားကြောင်း နိုင်ငံထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ ဘူးလော့ဂ်ရဲ့ ခေတ္တဥက္ကဋ္ဌဖြစ်သူက ပြောကြားကြောင်းသိရပါတယ်။ အကယ်လို့သာ ရည်မှန်း ချက်အပြည့်အဝအောင်မြင်မယ်ဆိုရင် ဆန်သိုလှောင်မှုလုံလောက်ပြီး ဈေးနှုန်းတည်ငြိမ်နိုင်မှာဖြစ်လို့ ဆန်တင်သွင်းဖို့ မလိုတော့ဘူးလို့ ၎င်းကထပ်လောင်းပြောကြားပါတယ်။
  ထုတ်လုပ်မှုတိုးတက်ခြင်းက ဘူးလော့ဂ်အတွက် သိုလှောင်ဆန်တန်ချိန် ၃ ဒသမ ၂ သန်းခန့်အထိ ဝယ်ယူနိုင်ဖို့ အထောက်အကူဖြစ်စေမှာဖြစ်ပြီး အစိုးရရဲ့ ဆင်းရဲသား အတွက်ဆန်အစီအစဉ်နဲ့ ပြည်တွင်းဝယ်လိုအားပြည့်မီပြီး အရန်ဆန်အနေနဲ့ တန်ချိန် ၂ သန်းခန့်ထိ သိုလှောင်နိုင်ဖို့လည်း အကူအညီဖြစ်စေနိုင်မယ်လို့ ၎င်းက ဂျကာတာမှာ ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောကြားခဲ့တယ်လို့သိရပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဘူးလော့ဂ်က ဆန်တန်ချိန် ၃ ဒသမ ၂ သန်း ဝယ်ယူဖို့ ရည်မှန်းခဲ့ပေမဲ့ တန်ချိန် ၂ ဒသမ ၇၇ သန်းသာဝယ်ယူနိုင်ခဲ့ပြီး လိုအပ်တဲ့ပမာဏအတွက် ထိုင်းနဲ့ ဗီယက်နမ်တို့က တန်ချိန် ၄၂၅၀၀၀ ဝန်းကျင်တင်သွင်းခဲ့တယ်လို့သိရပါတယ်။
   ဒါပေမဲ့ အမေရိကန်စိုက်ပျိုးရေးဌာန (USDA)က ခန့်မှန်းထားတာကတော့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ဆန်တန်ချိန် ၃၆ ဒဿ    မ ၅ သန်းဝန်းကျင်ခန့် ထုတ်လုပ်ပြီး တန်ချိန် ၁ ဒသမ ၃ သန်းခန့် တင်သွင်းရမယ်လို့သိရပါတယ်။

လမင်း

Local Trade News

Pages