ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်ပပို့ကုန် ဆံပင်ဈေးကွက် လှောင်ကုန်များ၍ ပွင့်လင်းရာသီ ဈေးကွက်ဖွံ့ ဖြိုးချိန် အရောင်းအဝယ်သွက်မည်ဟု ခန့်မှန်း

Wed, 07/06/2016 - 07:22 -- admin_ygn

ဧရာဝတီတိုင်းဒေသကြီးရဲ့   ပြည်ပပို့ကုန်များအနက် တစ်ခုအပါအဝင်ဖြစ်တဲ့ ဆံပင်ဈေးကွက်မှာလက်ရှိအချိန် လှောင်ကုန်များ၍ အရောင်းအဝယ် အေးလျက်ရှိပြီး ပွင့်လင်းရာသီဈေးကွက်ဖွံ့ဖြိုးချိန် အရောင်းအဝယ်သွက်နိုင်မ ည် ဟု ခန့်မှန်းကြောင်း ဆံပင်လုပ်ငန်းရှင်များထံမှ သိရပါတယ်။ပုသိမ်မြို့ပေါ်ဈေးကွက်တွင် နွေရာသီမှာ အဝယ်ဒိုင် ၁၀ ဒိုင်ခန့်နဲ့ ရောင်းဝယ်လျက်ရှိပြီး မူဆယ်မှတစ်ဆင့် တရုတ် နိုင်ငံသို့ တင်ပို့ရောင်းချမှုရှိသော်လည်း ယခုအချိန် အချို့ဒိုင် များတွင် လှောင်ကုန်များသဖြင့် အဝယ်ရပ်နားထားကြောင်း၊ လက်ရှိမှာ အဝယ်ဒိုင် ၃-၄ ခုဖြင့်သာ ဆံပင် ကုန်ကြမ်း များကို ဝယ်ယူလျက်ရှိပြီး ဝယ်ယူရာတွင် ဆံပင် အတို^အရှည်များကို အမျိုးအစားခွဲခြား လျက်ဝယ်ယူ ရကြောင်း၊ ၁၂ လက်မမှ ၁၄ လက်မအထိ တစ်ပိဿာ ကျပ် ၁၈၀၀၀၀၊ ၁၅ လက်မမှ ၁၈ လက်မအထိ ကျပ် ၃၀၀၀၀၀၊ ၁၉ လက်မမှ ၂၀ လက်မအထိ ကျပ် ၃၅၀၀၀၀၊ ၂၁ လက်မမှ ၂၄ လက်မအထိ ကျပ် ၄၅၀၀၀၀၊ ၂၅ လက်မ မှ ၂၈ လက်မအထိ ကျပ် ၅၀၀၀၀၀ နဲ့  ၃၀ လက်မနဲ့ အထက်ကို တစ်ပိဿာ ကျပ် ၆၀၀၀၀၀ ဈေးပေး ၍ ဝယ်ယူလျက်ရှိပြီး နွေပေါက်ဈေးနဲ့နှိုင်းယှဉ်လျှင် တစ် ပိသာ နှစ်သောင်း၊  သုံးသောင်းကျပ် ဈေးနှုန်းလျော့ နည်း လျက်ရှိကြောင်း ပုသိမ်မြို့ စိတ်တိုင်းကျ ဆံပင်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးညွန့်နိုင်က ပြောပါတယ်။မြန်မာနိုင်ငံမှ ဆံပင်လုပ်ငန်းရှင်များမှာ မူဆယ်မှတစ် ဆင့် တရုတ်နိုင်ငံသို့သာ အဓိကတင်ပို့ ရောင်းချလျက်ရှိပြီး ဆံပင်ဈေးကွက်မှာ ဥရောပ တိုက် ၊ ကိုရီးယား၊ ရုရှားနိုင်ငံများ တွင် ဈေးကွက်ကြီးမားသော်လည်း အဆိုပါဈေးကွက်ကို တိုက်ရိုက်တင်ပို့မှု နည်းပါးသည့်အတွက် အကျိုးအမြတ်ရသင့် လောက် မရကြောင်း၊ မိမိတို့မှာ နည်းပညာအကူအညီနဲ့ အရင်းအနှီး များများရှိပါက   ပြည်ပနဲ့တိုက်ရိုက်ချိတ်ဆက်ရောင်းဝယ်နိုင်လျှင် လုပ်ငန်းရှင်များ အကျိုးအမြတ်ဝင်ငွေ ပိုမိုရရှိ၍ ဒေသစီးပွားရေးလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုး တက်လာမှာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားပါတယ်။
ဥရောပတိုက်အတွင်းရှိ နာမည်ကြီး ပြင်သစ်ကိန်းရုပ် ရှင်ပွဲတော်၊ နာတာလူးပွဲတော်၊ ဖက်ရှင်ပွဲတော်၊ ခရစ္စမတ်ပွဲ တော်များနဲ့ အခြားထင်ရှားတဲ့ ပွဲတော်များရှိလျှင် ဥရောပမှ တရုတ်ဈေးကွက်သို့ ဆံပင်များကိုလာရောက် ဝယ်ယူ လျက် ရှိကြောင်း၊ အသားအုပ်ပလာစတာပေါ်တွင် ဆံပင်အတုကို တပ်ဆင်အသုံးပြုခြင်းဖြင့် ထိပ်ပြောင်သူများ အဆင် ပြေခြင်း၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများ အတုပြု လုပ်ခြင်း၊ တရုတ်ရုပ်ရှင်ကားများ တွင် ဆံတု၊ ဆံထုံး အတွက် အသုံးပြုခြင်း၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်နဲ့ ပျော်ပွဲရွှင်ပွဲများတွင် အလှကုန်အဖြစ် ဆံပင်၊ ဆံတု အတုကို အမျိုးမျိုးတွင်ကျယ်စွာ အသုံးပြုလျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံရှိမိတ်ကပ်ပညာရှင်များမှ ပြည်ပဆံပင် အတုဝယ်လျှင် တစ်ကီလိုကို လေးသိန်း ငါးသိန်းပေးရကြောင်း ၎င်းင်းက ထပ်မံပြောကြားပါတယ်။          

  မင်းမင်းဦး(ပုသိမ်)

Local Trade News

Pages