ကသာခရိုင်မှထွက်ရှိသော နာနတ်သီးများအား မန္တလေး၊ မုံရွာ ဈေးကွက်များသို့ တင်ပို့

Wed, 07/12/2017 - 07:07 -- admin_ygn

     စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်မှာ နာနတ်သီးစိုက်ဧက ၄၅၀၀ ကျော် စိုက်ပျိုးထားရှိပါ တယ်။ မိုးဦးကျ  ဇွန်၊ဇူလိုင်လမှာ စတင်ရင့်မှည့်ပြီး စက်တင်ဘာလအထိ ခူးဆွတ်ရောင်းချပါတယ်။ ကသာခရိုင်အတွင်း  ကသာ၊ ကောလင်း၊ အင်းတော်၊ ထီးချိုင့်မြို့နယ်များမှာ အများအပြား စိုက်ပျိုး ထွက်ရှိပြီး ဒေသတွင်းဈေးဆိုင်များမှာ ရောင်းချမှုများရှိသလို   မန္တလေး၊ မုံရွာဈေးကွက်များသို့ အများဆုံးတင်ပို့နေတယ်လို့ ဈေးကွက်မှသိရပါတယ်။
    ကသာခရိုင်ထွက် နာနတ်သီးမှာ အလုံးလှ၍ အရသာကောင်းမွန်ပြီး လူကြိုက်များပါတယ်။ ဈေးကွက်ဝေးကွာပေမယ့် ဒေသတွင်း ကုန်ထုတ်လမ်းများ  ကောင်းမွန်သလို သီးနှံများလေလွင့် ပျက်စီးမှုနည်းပါးလို့  ဝယ်လိုအား ကောင်းနေတာ တွေ့ရပါတယ်။ ဒေသတွင်း ဈေးကွက်မှာ အရွယ် အစားပေါ်မူတည်ပြီး တစ်လုံးလျှင် ကျပ် ၅၀၀ မှ ၇၀၀ ထိ ဈေးရရှိပါတယ်။ တစ်ဧက အလုံးသန့် သုံးထောင်ကျော်ရပြီး ကျပ်ဆယ်သိန်းကျော် အကျိုးအမြတ်ရရှိပါတယ်။ အင်းတော်မြို့နယ်က နာနတ်သီး စိုက်ခင်းများဟာ မန္တလေး-မြစ်ကြီးနား ဗျူဟာကားလမ်းဘေးမှာ အများအပြားရှိပါ တယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းလာလို့ မှန်လုံကားကြီးများနဲ့ ဈေးကွက်သို့ နေ့ချင်း အရောက်တင်ပို့နိုင်လို့ နာနတ်စိုက်ခင်းတောင်သူများ အဆင်ပြေနေတယ်လို့ ကုန်သည်များထံမှ သိရပါတယ်။                                                                                  
       ကြည်နိုင်ဦး၊ အင်းတော်

 

Local Trade News

Pages