မူဆယ်နှင့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းများတွင် တရားဝင်တင်သွင်းရန်ကျန်ရှိနေသည့် လုပ်ငန်းသုံးယာဉ်များအား ကွန်ပျူတာမှတ်တမ်းများအရ စိစစ်၍ ခွင့်ပြုပေးလျက်ရှိ

Mon, 05/09/2016 - 08:36 -- admin_ygn

မူဆယ်နှင့်  မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းများ တွင် တရားဝင်တင်သွင်းရန် ကျန်ရှိနေသည့် လုပ်ငန်းသုံးယာဉ် များအား ကွန်ပျူတာမှတ်တမ်းများအရ  စိစစ်၍  ခွင့်ပြုပေး လျက်ရှိကြောင်း သိရသည်။ပြီးခဲ့ သည့် မေလ ဆန်း ပိုင်းက မူဆယ်(၁၀၅)မိုင်ကုန် သွယ်ရေးစခန်းမှ ၈၀၀၃ စီး၊ မြဝတီကုန်သွယ်ရေးစခန်းမှ ၄၆၃၂ စီးတို့ကို လိုင်စင်များစိစစ်၍ တရားဝင်တင်သွင်းခွင့်ပြု ခဲ့ပြီးဖြစ်သည်။ယခုအခါတွင် အဆိုပါ စခန်းနှစ်ခုတွင် တရားဝင်တင် သွင်းရန်ကျန်ရှိနေသည့် ယာဉ်ယန္တရားကြီးများအားသက်တမ်း များတိုးမြှင့်၍ တရားဝင်တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင်း သက်ဆိုင်ရာစခန်းများတွင် သတင်းပေးပို့ ရန်ကျန်ရှိနေသည့် မော်တော်ယာဉ်တင်သွင်းသူများ အနေ ဖြင့် သက်ဆိုင်ရာနယ်စပ်စခန်းများသို့ အချိန်မီသတင်းပို့၍ လိုင်စင်သက်တမ်းတိုး  ကိစ္စရပ်များ ကို ဆောင်ရွက်ကြရ မည် ဖြစ်ကြောင်း သိရသည်။
လိုင်စင်သက်တမ်းတိုးရန် ကျန်ရှိနေသည့် လိုင်စင်များ အနက် မြဝတီကုန်သွယ်ရေးဇုန်တွင် မေ ၄ရက်မှ ၆ ရက် အထိ ယာဉ်စီးရေ ၁၉၃၃ စီး၊ မူဆယ်ကုန်သွယ်ရေးစခန်းမှ ယာဉ်စီးရေ ၄၅၂စီးတို့ကို တရားဝင်တင်သွင်း ခွင့်ပြုခဲ့ကြောင်း သိရသည်။

 

Border Trade News

Pages