ယခုသီတင်းပတ် ဆန်အပို့လျော့

Mon, 06/19/2017 - 05:31 -- admin_ygn

         ဇွန် ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၆၇သန်း တန်ဖိုးရှိ ဆန်နဲ့ကောက်ညှင်းဆန် ၃၀၄၂၃ တန် တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ ငစိန်ဆန် ၃၀၇၇ တန်၊ ဧည့်မထဆန် ၁၄၄၁၁ တန်နဲ့ ကောက်ညှင်းဆန် ၃၉၆ တန်ကျော်၊ ချင်းရွှေဟော်ကုန် သွယ်ရေးစခန်းမှ ငစိန်ဆန ၆၈တန်နဲ့ ဧည့်မထဆန် ၃၉၄ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၂၀၂၇တန် ကျော်တင်ပို့ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ  မောင်တောကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန်  တန် ၅၀ တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ၃၆၂၇၁ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၈၄၈ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။
         ယခုတစ်ပတ်မှာအမေရိကန်ဒေါ်လာ ၁ ဒသမ ၄၀၁ သန်းတန်ဖိုးရှိ  ဆန်ကွဲ ၆၁၃၆ တန်ကို  တင်ပို့ခဲ့ရာ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ၃၈၂၉တန်နဲ့  လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲ ၂၃၀၇ တန်တင်ပို့ခဲ့ပါ တယ်။ ယခင် တစ်ပတ်က ဆန်ကွဲ ၅၂၈၈ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၈၄၈တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  ဇွန် ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒ သမ ၄၀၁ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၄၄၉၆ တန်တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ဗီယက်နမ်နိုင်ငံသို့ ဧည့်မထဆန် ၃၇၅ တန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧည့်မထဆန်တန် ၁၀၀၊ သီရိလင်္ကာနိုင်ငံသို့ ငစိန်ဆန် တန် ၂၅၀၊ အီးယူနိုင်ငံများသို့ ဧည့်မထဆန်တန် ၃၅၀၊ ငစိန်ဆန်တန်၂၅၀နဲ့ပေါင်းဆန် တန် ၅၀၀၊ ဘီနင်နိုင်ငံသို့ ဧည့်မထဆန်တန် ၄၀၀၊ စင်ကာပူနိုင်ငံသို့  ဧည့်မထဆန်တန်ချိန် ၅၀၀၊ တောင်အာဖရိကနိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၁၁၀၀၊ မက်ဒါဂါးစကားနိုင်ငံသို့ ဧည့်မထဆန် ၃၇၅ တန်၊  ရုရှားနိုင်ငံသို့ ပေါင်းဆန် တန်ချိန် ၂၅၀၊ ဟောင်ကောင်သို့ ဧည့်မထဆန် ၄၆ တန်တင်ပို့ခဲ့ရာ ကမ္ဘာ့နိုင်ငံ အတော်များများသို့ မြန်မာ့ဆန်ရောက်ရှိနေပြီဖြစ်ပါတယ်။ ယခင်တစ်ပတ် က ၃၉၁၁၅ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၄၆၁၉ တန်လျော့နည်းခဲ့ပါတယ်။
           ဆန်ကွဲတင်ပို့မှုကိုကြည့်မယ်ဆိုပါက  အမေရိကန်ဒေါ်လာ ၁  ဒသမ ၉၂၉ သန်းတန်ဖိုးရှိ ဆန်ကွဲ ၇၈၀၃ တန်ကို တင်ပို့ခဲ့ရာ တောင်အာဖရိကနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၅၀၀၊ အီးယူနိုင်ငံများသို့ ၅၂၀၃ တန်၊ စင်ကာပူနိုင်ငံ သို့ တန်ချိန် ၁၀၀၊ မက်ဒါဂါးစကားနိုင်ငံသို့ တန်ချိန် ၅၀၀ နဲ့  အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၁၅၀၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်ကွဲ ၉၀၂၅ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၂၂၂ တန်လျော့နည်းခဲ့ပါတယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages