မအူပင်မြို့နယ်တွင် ရက်(၉၀)မိုးစပါး စတင်ရိတ်သိမ်း

Tue, 08/22/2017 - 08:02 -- admin_ygn

     မအူပင်မြို့နယ်တွင် ၂၀၁၇ ခုနှစ် မိုးစပါးရာသီ စိုက် ဧက ၁၄၁၂၉၃ စိုက်ပျိုးခဲ့ပြီး ပဲခူးစုကျေးရွာ၊ လက်ပံချောင်း ကျေးရွာ၊ တရော်ဒေါင့်ကျေးရွာ၊ ကမာချိန်ကျေးရွာများတွင်  စိုက်ပျိုးလျက်ရှိသော ရက်(၉၀)မိုးဆင်းသုခ စပါးများကို ဇူလိုင်လ ဒုတိယပတ်တွင် စတင်ရိတ်သိမ်းလျက်ရှိရာ သြဂုတ် လ ၁၂ ရက်ထိ မိုးစပါးဧက ၁၅၀၀-၂၀၀၀ ခန့် ရိတ်သိမ်းပြီး ကြောင်း တောင်သူဦးမြင့်ဝေ၊ ဦးဝတုတ်၊ ဦးမျိုး၊ ဦးမြင့်စိုးတို့ထံမှ သိရသည်။ စပါးအထွက်နှုန်းမှာ တစ်ဧ ကလျှင် အစို ၅၅-၆၀ တင်း နှင့် ၆၀-၆၅ တင်း ဝန်းကျင်ရှိပြီး တောင်သူရောင်းဈေးမှာပေါင် ၁၀၀ ၊ တင်း ၁၀၀ ကိုကျပ် ၄၆၀၀၀၀ ဈေးနှုန်းဖြစ်ပြီး မြို့ပေါ် အရောက် သယ်ယူစရိတ်ပါ ကျပ် ၄၈၀၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။ လက်ရှိမအူပင်မြို့နယ်မှ ထွက်ရှိသည့် ရက်(၉၀) ဆင်းသုခစပါးများကို ညောင်တုန်းမြို့နယ်  Good  Brother ဆန်စက်၊ ဧရာဝတီ ဆန်စက်၊ စေတနာဆန်စက်နှင့် ဝါးခယ်မ၊ အိမ်မဲမြို့နယ်များသို့လည်း တင်ပို့ ရောင်းချလျက် ရှိေ ကြာင်း၊ လက်ရှိ ရက် (၉၀) စပါး စိုက်ပျိုးသော တောင်သူများအနေဖြင့် တစ်ဧကလျှင် အကျိုးအမြတ် သိန်းဂဏန်းကျော် ရရှိနေကြောင်း၊ ယခုကဲ့သို့ မိုး ကောက်စောစပါးပေါ်သည့် တောင်သူများမှာ တစ်နှစ်လျှင် သုံးသီးစိုက် ပျိုးနိုင် သည့်အတွက် တောင် သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းစားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးအောင်လွင်က  ပြော ပါသည်။

 

အောင်လွင် (ညောင်တုန်း)

Local Trade News

Pages