နို့ဆီနဲ့ နို့မှုန့်အဝင် လျော့

Tue, 06/28/2016 - 07:37 -- admin_ygn

      ဇွန် ၁၂ ရက်မှ ၁၈ ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ ၄၂၈၃၅၉ တန်ဖိုးရှိ  နို့ဆီ ၉၉ ဒသမ ၅၅၂ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဝင်လာခဲ့တဲ့ နို့ဆီ တံဆိပ်များမှာ ကောင်းဘဲလ်နို့ဆီ နဲ့ ဒွန်းနို့ဆီတို့ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်နို့ဆီအဝင်မှာ တန်ချိန် ၂၉၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ နှိုင်းယှဉ်ရင် တန်ချိန်၁၉၀ ကျော် တင် သွင်းမှု လျော့ခဲ့ပါတယ်။
      ကန်ဒေါ်လာ၃၄၇၆၇၈ တန်ဖိုးရှိ နို့မှုန့် ၆၈ဒသမ ၃၂၈ တန်ကို ဒီတစ်ပတ် မှာ တင်သွင်းခဲ့ပါတယ်။နယူးဇီလန်မှ ၁၂ ဒသမ ၁၄၇ တန်၊ ဗီယက်နမ်မှ ၆ ဒသမ ၄၆၉ တန်နဲ့ စင်ကာပူမှ ၄၉ ဒသမ ၇၁၂ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နို့မှုန့် တင်သွင်းမှုမှာ ၉၇ တန်ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ ယှဉ် ရင်၂၉ တန်ကျော် တင်သွင်းမှုလျော့ခဲ့ တယ်လို့ သိရပါတယ်။

 

သီတာဝင်း(DOT)

Local Trade News

Pages