စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပသည့်စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေး ဒေသတွင်းညီလာခံသို့ တက်ရောက်

Tue, 10/31/2017 - 09:04 -- admin_ygn

      စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၆ရက်မှ ၂၇ ရက်အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပ ပြုလုပ်သည့် စားသုံးသူများ ဘေးကင်း လုံခြုံမှုရှိစေရေး ဒေသတွင်းညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါညီလာခံသို့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် တက်ရောက်ခဲ့ပြီး အရှေ့ အာရှ၊ တောင်အာရှနှင့် အရှေ့တောင် အရှနို င်ငံများမှ ဝန်ကြီးများ၊ နိုင်ငံတကာမှ အဆင့်မြင့်အရာရှိကြီးများ၊  အစိုးရဌာနများမှ ကိုယ်စားလှယ်အရာ ရှိကြီးများ၊ စားသုံးသူအကာအကွယ် ပေးရေးအေဂျင်စီမှ ကိုယ်စားလှယ်ကြီးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ  တက်ရောက်ကြ သည်။
     ထိုသို့တွေ့ဆုံရာတွင် စားသုံးသူ များ  ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ဆောင်ရွက်ရေး၊ စားသုံးသူအကာ အကွယ်ပေးရေးဆိုင်ရာ စီးပွားရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်း၊ Online စားသုံးသူများအပေါ် အကာ အကွ ယ်ပေးရေး၊ သစ်တောဆိုင်ရာ ဘဏ္ဍာရေး ဝန်ဆောင်မှုများအပေါ် အကာအကွယ်ပေးရေး၊ စားသုံးသူ ပညာပေးရေးနှင့် လုပ်ပိုင်ခွင့်နှင့် ကာကွယ်ခြင်း အထူးအခွင့်အရေးများ၊ အားနည်းချက်များနှင့် စားသုံးသူများ စီးပွားရေး ဆိုင်ရာ စရိတ်သက်သာရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိသည်။

 

MOC(IR)

Local Trade News

Pages