ကုန်သွယ်ခွန်ကို မူလထုတ်လုပ်တဲ့ တောင်သူမှ မပေးဆောင်ရဘဲ တစ်ဆင့်ဝယ်ယူသူမှ အမြတ်ငွေပေါ်မှာသာ အခွန်ပေးဆောင်ရမယ်

Tue, 05/07/2013 - 04:53 -- admin

ကုန်သွယ်ခွန်ကို မူလကုန်ထုတ်လုပ် တဲ့ တောင်သူမှ မပေးဆောင်စေရဘဲ တစ်ဆင့်ဝယ်ယူထားသူမှ အမြတ်ငွေ ရ ရှိတဲ့ပေါ်မှာသာ အခွန် ၅ ရာခိုင်နှုန်းပေး ဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကိုကြီးက ကုန်သွယ်ခွန်ကို တောင်သူဆီကတစ်ဆင့် ဝယ်ယူသူ အဆင့်ဆင့်ကသာ ပေးဆောင်ရမှာဖြစ်တယ်။ ပထမဝယ်တဲ့သူ က သူဝယ်တဲ့ငွေကြေးပေါ်က ၅ ရာခိုင်နှုန်းပေးဆောင်ရမှာ ဖြစ်တယ်။ ၁၀၀ ကျပ်နဲ့ဝယ်ပြီး ၁၂၀ ကျပ်နဲ့ ပြန်ရောင်း ရင်ရတဲ့ အမြတ်ငွေ ၂၀ ပေါ်က ပေး ဆောင်ရမယ်။ နောက်တစ်ယောက်က ၁၂၀ ကျပ်နဲ့ ပြန်ဝယ်ပြီး ၁၅၀ ကျပ်နဲ့ ပြန်ရောင်းရင် မြတ်တဲ့ ၃၀ ပေါ်ကပဲ ပေးဆောင်ရမယ်။ အရင်တုန်းက လှည့်ပတ်ငွေပေါ်ကနေ ကောက်ကြတယ်။ ခုက မြတ်တဲ့ပေါ်မှာဘဲ  ကုန်သွယ်ခွန် ဆောင်ရမယ်။ဝယ်သမျှပေါ်က ဆောင် စရာမလိုတော့ဘူး။ ဆီစက်အတွက်က ဝင်ငွေခွန်ဆောင်ရမယ်။ ရှုံးတာမြတ် တာ စာရင်းလုပ်ထားရမယ်။ မြတ်မှ ဝင် ငွေခွန်ဆောင်ရမယ်။ ရှုံးရင်ဆောင်စရာ မလိုဘူး။ အခွန်ထမ်းကိုယ်တိုင် ဝန်ခံ ချက်ပြောတဲ့ပေါ်မှာမူတည်ပြီး ကောက် သွားမှာ။ ဆီတစ်ပိဿာကို စက်ကနေ ၃၅၀၀ ကျပ်နဲ့ ဝယ်သွားပြီး ၄၀၀၀ ကျပ်နဲ့ ပြန်ရောင်းရင် မြတ်တဲ့ ၅၀၀ ပေါ်က ကုန်သွယ်ခွန်ဆောင်ရမှာ။  ရှေ့မှာဆောင်ထားတာတော့ပြရမယ်။ သက်ဆိုင်ရာ ဝန်ထမ်းကလည်း တိတိ ကျကျလုပ်ပြီး၊ ဆောင်တဲ့သူကလည်း အခွန်ဆောင်မယ်ဆို ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ မိမိလုပ်ငန်းတိုးချဲ့ပြီး ဆောင် ရွက်စရာရှိ ဆောင်ရွက်ခြင်းနဲ့ နိုင်ငံတော်အတွက်  အခွန်ထမ်းပြီး ပါဝင် ဆောင်ရွက်ခြင်းလည်း ဖြစ်ပါတယ်လို့ ပြောပါတယ်။ အခွန်နှုန်းထားအချို့ပြင်ဆင်ဖို့လာမဲ့ သတ္တမအကြိမ်မြောက် ပြည်သူ့လွှတ် တော် အစည်းအဝေးမှာ အသေးစိတ် ထပ်မံ ဆွေးနွေးမှာဖြစ်ကြောင်း၊ ပြည် သူ့ကျန်းမာရေးထိခိုက်စေမယ့် အရက် ပေါ်မှာ ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းကိုလည်းကောင်း၊ စီး ကရက်ပေါ်မှာ ၁၀၀ ရာခိုင်နှုန်းမှ ၂၀၀ ရာခိုင်နှုန်းကိုလည်းကောင်း သစ်လုံးနဲ့ သစ်ခွဲသားပေါ်မှာ ၅၀ ရာခိုင်နှုန်းရှိရာ သစ်လုံးကို  ပြည်ပကို ဈေးပေါပေါနဲ့ မထွက်စေဖို့နဲ့ ပြည်တွင်းမှာ  အလုပ်အကိုင် အခွင့်အလမ်းရှိစေဖို့ သစ်လုံး ပေါ်မှာ ၁၀၀ ရာခိုင်နှုန်းကို  လည်း ကောင်း၊ သစ်ခွဲသားပေါ်မှာ ၅၀ ရာခိုင်နှုန်းနဲ့လည်းကောင်း ပြောင်းလဲကောက် ခံဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။
ဇူးဇူး-မန္တလေး

Local Trade News

Pages