သီဟိုဠ်စေ့ (အခွံမပါ)

Tue, 05/07/2013 - 08:25 -- admin

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ်မတ်လအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၁၀၃ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ (အခွံမပါ) ၁၄၅ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလနဲ့နှိုင်းယှဉ်ပါက ၁၀၅ တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မတ်လထိ ကန် ဒေါ်လာ ၂ ဒသမ ၂၀၄ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ (အခွံမပါ) တန် ၂၉၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဖက်မှ သီဟိုဠ်စေ့များကို တစ်ဖက် နိုင်ငံတွင်မုန့်လုပ်ငန်းများနဲ့ စားသောက်ဆိုင်များတွင် အသုံးပြုတယ်လို့ သိရပါတယ်။
ခင်မြနွယ်
MIRT

Border Trade News

Pages