မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံဈေးကွက်တွင် မြေပဲဆန်ဈေးနှုန်း ကျဆင်း

Mon, 06/19/2017 - 05:38 -- admin_ygn

          မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံ ဈေး ကွက်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲဆန် ဈေးနှုန်း ဆက်တိုက်ကျဆင်း နေကြောင်း သိရပါတယ်။ ဈေးနှုန်းကျ ဆင်းသော်လည်း အရောင်းအဝယ်  ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်သို့ ဟုမ္မလင်း၊ ဖောင်းပြင်၊ မင်းကင်းမြို့နယ်များမှ ဝင်ရောက်လျက် ရှိရာ ယခုတစ်ပတ် မြေပဲဆန် တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ လုံးဆန်ဖြူ ကျပ် ၂၂၀၀ နဲ့ အိတ် ၈၀၀၊ လုံးဆန်နီ ကျပ် ၂၁၂၅နဲ့ အိတ်၂၅၀၊ ဆီဆန် ကျပ် ၁၉၀၀ နဲ့ အိတ် ၃၀၀ ခန့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ မြေပဲလုံးဆန်ဖြူကို ရန်ကုန် ဝယ်လက်က ဝယ်ယူလျက်ရှိပြီး၊ လုံး ဆန်နီကို မန္တလေးဝယ်လက်က ဝယ်ယူ ကာ ဆီဆန်ကို မုံရွာ မြို့တွင်း ဆီ စက် သမားများနှင့် ဘုတလင်၊ ခင်မွန်ဆီ စက်သမားများက ဝယ်ယူလျက်ရှိကြောင်း သိရပါတယ်။ ယခင်လက မြေပဲဆန် ပေါက်ဈေးနှုန်းမှာ  လုံးဆန်ဖြူ တစ်ပိဿာလျှင် ကျပ်၂၆၀၀၊ လုံးဆန်နီ တစ်ပိဿာ ကျပ် ၂၄၂၅၊ ဆီဆန်တစ် ပိ ဿာ ကျပ် ၂၂၀၀ နှုန်းဖြစ်ခဲ့တဲ့အတွက် ယခုတစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာ ၄၀၀ နီးပါး ဈေးကျဆင်း လျက်ရှိကြောင်း သိရတယ်။

 

ကြည်ကြည်နွယ်(မုံရွာ)

Border Trade News

Pages