တာချီလိတ်ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်တင်ပို့မှုတန်ဖိုး မြင့်တက်လာ

Thu, 05/09/2019 - 06:59 -- admin_ygn

        တာချီလိတ်ကုန်သွယ်ရေးစခန်း အနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလကုန်သွယ် မှုလျာထားချက် ပို့ကုန်တန်ဖိုး အမေရိ ကန်ဒေါ်လာ သုည ဒသမ ၅ သန်းနှင့် သွင်းကုန်တန်ဖိုး ၄ ဒသမ ၁၅ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ လျာထားချက် ၄ ဒသမ ၆၅ သန်းအပေါ်မှာ စုစု ပေါင်းကုန်သွယ်မှုပမာဏအမှန်ဆောင် ရွက်နိုင်မှုသည် (ယာယီ) စာရင်းအရ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၁၇ သန်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက်  လျာထားချက်အပေါ် ၁၀၃ ဒသမ ၅၉ ရာခိုင် နှုန်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည်။
        ပို့ကုန်တင်ပို့မှုအနေဖြင့် ၁ ဒသမ ၅၃ သန်းတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလ တူထက် ပို့ကုန်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ သုည ဒသမ ၁၇၁သန်း  ပိုမိုတင်ပို့ဆောင်ရွက်နိုင်ခဲ့သည်။ အဓိက ပိုမိုတင်ပို့နိုင်ခဲ့သည့် ကုန်ပစ္စည်း များမှာ ကြက်သွန်နီ၊ လက်ဖက်ခြောက်၊ ဖရဲသီး၊တစ်သျှူးငှက်ပျော၊ ကြက်သွန်ဖြူ၊ ထောပတ်သီး၊ ကော်ဖီစေ့၊ လိမ္မော်သီး၊ သစ်ခေါက်နဲ့ သတ္တုတွင်းထွက်(Manganese Dioxide)တို့ဖြစ်ကြောင်း သိရှိရသည်။ လိမ္မော်သီးနှင့် သစ်ေ ခါက်တင်ပို့မှုများ နှင့်ပတ်သက်ပြီး အခွန်သက်သာခွင့် အကျိုးခံစားမှုရှိသည့် Form D လျှောက်ထားရယူပြီး တင်ပို့လျက်ရှိသည်။ ဆက် လက်ပြီး ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တို့ကိုလည်း Form D အသုံးပြုတင်ပို့နိုင် ရေးဌာန ဆိုင်ရာများ၊ ကုန်သည်လုပ်ငန်း ရှင်များပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရသည်။
 

 

တာချီလိတ်မောင်

Border Trade News

Pages