အရည် အသွေး မပြည့်မီ သော ဓာတ်မြေ သြဇာ (၇) မိုျး စာရင်းမှ Comet Plas အား ပယ်ဖျက် ကြောင်း သတင်း ရရှိ

Tue, 05/14/2013 - 10:18 -- admin

ကြာသပတေးနေ့ ၄ ဧပြီလ  ၂၀၁၃ 12 : 40  AM

တောင်သူ လယ်သမားများ သုံးစွဲ နေတဲ့ ဓာတ်မြေ သဇာ (၁၅) မိုျးနဲ့ ပိုးသတ်ဆေး (၈) မိုျးအား ကျဘမ်း စနစ် နဲ့ ရွေးချယ်ပြီး ဇန်နဝါရီလက စစ်ဆေး ရာမှာ ဓာတ်မြေ သြဇာ (၇) မိုျး မှာ သတ်မှတ် ထားတဲ့ အမိုျး အစားများ အတိုင်း မပါဝင် ကြောင်း၊ သတ်မှတ် ထားသော အရည် အသွေး မပြည့်စုံ ကြောင်း မြန်မာ နိုင်ငံ တောင်သူ လယ်သမား အသင်း (ယာယီ) မှ မတ်လ လဆန်းပိုင်းက ထုတ်ပြန် ကြေငြာ ခဲ့ပါ တယ်။ (Commerce Journal အတွဲ ၁၃ အမှတ် ၁၂ တွင် သတင်း ဖော်ပြ ထားပြီး)

ယခု အခါမှာ အရည် အချင်း မပြည့်မီ ဘူးလို့ ဖော်ပြ ထားခဲ့ တဲ့ ထို ဓာတ်မြေ သြဇာ (၇) မိုျး ထဲက Comet Plus အမိုျး အစား အား စစ်ဆေးတဲ့ စနစ်မှာ Ammonical Nitrogen ကို ထည့်သွင်း မစစ်ဆေး ခဲ့တဲ့ အတွက် နိုက်ထြိုဂျင် ပါဝင်မှု လျော့နည်းတဲ့ အဖြေ ထွက်ခဲ့ ခြင်း ဖြစ်ကြောင်း မြန်မာ့ သြဘာ လုပ်ငန်းစု မှ မြန်မာ နိုင်ငံ တောင်သူ လယ်သမား အသင်း ကို ရှင်းလင်း ချက် ပေးပို့ လာတဲ့ အတွက် Comet Plus အား အရည် အသွေး မပြည့်မီတဲ့ ဓာတ်မြေ သြဇာ စာရင်းမှ ပယ်ဖျက် ပေးပါ ရန် မြန်မာ နိုင်ငံ တောင်သူ လယ်သမား အသင်း က ထုတ်ပြန် ခဲ့တယ် လို့ သတင်း ရရှိ ပါတယ်။

........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

မြန်မာ့ သြဘာ လုပ်ငန်း စုမှ ရှင်းလင်း ပြချက် ကတော့ Comet Plus အရွက်ဖျန်း ဓာတ်မြေ သြဇာ မှာ အသုံးပြု တဲ့ နိုက်ထြိုဂျင် အုပ်စု များမှာ Low Bluret Urea Nitrogen, Ammonical Nitrogen eJU Nitrate Nitrogen တို့ကို ပေါင်းစပ် အသုံးပြု ထားခြင်း ဖြစ်တယ်။ ဒါကြောင့် Urea Nitrogen ပါဝင် ကိန်းကို စစ်ဆေး မယ် ဆိုလျှင် Urea Nitrogen Determination Method ကို အသုံး ပြုရမှာ ဖြစ်ကြောင်း၊ Raw Ammonium Sulphate, Mono Ammonium Phosphate, Potassium Nitrate ပါဝင် ကိန်းများ ကို စစ်ဆေး မယ် ဆိုလျှင် Ammonical, Nitrate Nitrogen Determination Method ကို အသုံး ပြုရမှာ ဖြစ်ကြောင်း၊ Urea Nitrogen Method ကို အသုံးပြု Digestion လုပ်ရာ မှာ အက်စစ် ဖြင့် ၄၂ဝ ဒီဂရီ စင်တီ ဂရိတ်မှာ လုပ်ရ တာကြောင့် Ammonical Nitrate Nitrogen များမှာ အငွေ့ပံျ ပျောက်ဆုံး သွား (Liberated) ကြောင်း၊ ဓာတ်မြေ သြဇာ များမှာ Urea, Mono Ammonium Phosphate, Ammonium Sulphate , Nitrate များ ပါဝင် ပါက တိုင်းတာ နည်း (၂) မိုျးလုံးနဲ့ တိုင်းတာပြီး ရလာဒ် (၂) ခု ပေါင်းမှာ သာ အဖြေမှန် ရရှိ နိုင်မယ်၊ ၎င်းတို့ သြဘာ လုပ်ငန်း က ထုတ်လုပ် ဖြန့်ချီတဲ့ Comet Plus ရွက်ဖျန်း ဓာတ်မြေ သြဇာ အား နိုက်ထြိုဂျင် ပါဝင်ကိန်း လျော့နည်း နေတဲ့ အဖြေ ထွက်ပေါ် လာခြင်း ဟာ Urea Nitrogen ပါဝင် ကိန်းကို သာ တိုင်းတာ မိပြီး Ammonical Nitrogen eJU Nitrate Nitrogen များ ကို သီးသန့် တိုင်းတာမှု မပြုမိ ခြင်းကြောင့် မြန်မာ့ သြဘာ လုပ်ငန်းစု ဓါတ်ခွဲခန်း မှ လက်ရှိ စမ်းသပ် လျက်ရှိတဲ့ Nitrogen Detemination Method နဲ့ တကွ ရှင်းလင်း ချက်အား မြန်မာ နိုင်ငံ တောင်သူ လယ်သမား အသင်း အား အကြောင်း ကြား ပေးပို့ ထားခဲ့ခြင်း ဖြစ်ပါ တယ်။

ဒီအတွက် ကြောင့်လည်း မြန်မာ နိုင်ငံ တောင်သူ လယ်သမား အသင်းက Comet Plus အားအရည်အချင်း မပြည့်မီ တဲ့ ဓာတ်မြေ သြဇာ စာရင်းမှ ပယ်ဖျက် လိုက်ကြောင်း မတ်လ ၂၅ ရက်နေ့က သက်ဆိုင်ရာ ဆက်စပ် ဌာန များကို အကြောင်း ကြားစား ပေးပို့ ထားတယ် လို့ သတင်း ရရှိ ပါတယ်။ မြန်မာ နိုင်ငံ မြေသြဇာ၊ မိုျးစေ့နှင့် စိုက်ပိုျးရေး ဆေးလုပ်ငန်းများ အသင်းက မတ်လ ၃ဝ ရက် စနေ နေ့ ညနေ့ ၄းဝဝ ချိန်က ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော် မြို့နယ် မင်းရဲ ကျော်စွာ လမ်းရှိ UMFCCI Office Tower (၈) လွှာ၊ အခန်း ၉ဝ၃ မှာ '' အရည် အသွေး မပြည့်မီ သော ဓာတု ဗေဒ ဆေးများ၊ မြေသြဇာ များ စာရင်း ကို ထုတ်ပြန် ကြေငြာ ခြင်းနဲ့ အရည် အသွေး စစ်ဆေး ခြင်းဆိုင်ရာ လုပ်ငန်း စဉ်များ ရှင်းလင်း တင်ပြပွဲ အခမ်းအနား'' ကို ကျင်းပ ခဲ့ပါ တယ်။ အခမ်း အနားမှာ မြန်မာ နိုင်ငံ တောင်သူ လယ်သမား ဥက္ကဌ ဦးစိုးထွန်းမှ အဖွင့် အမှာ စကား ပြောကြား ပြီး မြန်မာ နိုင်ငံ မြေသြဇာ၊ မိုျးစေ့နှင့် စိုက်ပိုျးရေး ဆေး လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးသတိုးဟိန်း မှ အရည် အသွေး စစ်ဆေးခြင်း ဆိုင်ရာ လုပ်ငန်း စဉ်များနဲ့ ရှေ့ဆက်မဲ့ လုပ်ငန်းစဉ်များ အကြောင်း အကျယ် အဝန့် ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အခမ်း အနားသို့ တက်ရောက် လာသူ များက သိလို သည်များ မေးမြန်း ခဲ့ကြပြီး တာဝန် ရှိသူ များက ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့ကြ တယ်လို့ သတင်း ရရှိ ပါတယ်။

MIRT(DOBT)